ဒုတိယလူ၏ ဒုတိယဝေဒနာ
💜ဒုတိယလူဆိုတာ…💜ပထမဝေဒနာနဲ့တင် လုံလောက်နေပြီးသားပါ။ 💜ဒုတိယဝေဒနာကြောင့် ထပ်ပြီး မနာကျင်ပါစေနဲ့တော့။ ဒီစာအုပ်လေးဟာ…သမီးမိန်းကလေး ရှိကြသူတိုင်း၊အရွယ်ရောက်စ မိန်းကလေးတိုင်း၊အချစ်ကို စတင်ရင်ခုန်ကြသူတိုင်း၊အချစ်ကို တန်ဖိုးထားကြသူတိုင်း၊အိမ်ထောင်ဘက်ကို ရွေးဖို့ စဉ်းစားနေကြသူတိုင်း ဖတ်ကြည့်သင့်တဲ့ စာအုပ်လေး ဖြစ်ပါတယ်။ အဖြစ်မှန်အချို့ကို အခြေခံထားတာမို့ တိုက်ဆိုင်သူတွေကိုလည်း အားနာစွာ တောင်းပန်ချင်ပါတယ်။ အပြင်မှာတော့ ဒီစာအုပ်လေးထဲကထက် ပိုပြီး ရင်နာစရာ ကောင်းပါတယ်။ တစ်ခါတလေ ဘဝက…ကိုယ်ထင်ထားတာထက် ပိုဆိုးတတ်ပါတယ်။ ပြဿနာတွေကို ကိုယ် မရည်ရွယ်ဘူး…ဒုက္ခတွေကို ကိုယ် မရွေးချယ်ဘူး…သောကတွေကို ကိုယ် မတူရူဘူး… ဒါပေမဲ့ အဲဒီပြဿနာတွေ၊ ဒုက္ခတွေ၊ သောကတွေက ကိုယ့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာတတ်တယ်။ ကိုယ့်အနီးကို တအိအိ တိုးဝင်လာတတ်တယ်။ ဒါဟာ ဘဝရဲ့ ဖြစ်ရပ်မှန်တချို့ပါ။ ဒီစာအုပ်လေးထဲမှာလည်း ခင်ပိုးအိဆိုတဲ့ ကလေးမလေးဟာ အချစ်ကို မြတ်နိုးစွာပဲ လက်ခံခဲ့တယ်။ သူချစ်ထက် […]