သတ္တိရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့
စာညွှန်း – ▪️ သတ္တိရှိတဲ့ မိန်းမတစ်ယောက်ဆိုတာ ဘဝက အကြိမ်ကြိမ် လွဲချော်ချင်ပေမဲ့ ပြန်လည်နိုးထပြီး သန်မာနေတဲ့သူမျိုး ဖြစ်ပါတယ်။ ▪️ အမျိုးသမီးတွေက အမှီအခိုကင်းကင်းနဲ့ နေနိုင်ရမယ်။ ကိုယ်ပိုင်ဝင်ငွေ ရှိရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့၊ ကိုယ်တိုင် စားချင်တာစားဖို့ အနည်းဆုံး ထမင်းဟင်းချက်တတ်ရမယ်။ သွားချင်ရာသွားဖို့၊ ဝယ်ချင်တာဝယ်ဖို့ ပိုက်ဆံအိတ်ထဲမှာ ငွေ ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ရမယ်။ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် နေရမယ်။ဒါတွေအားလုံးက အကောင်းဆုံး စိတ်လုံခြုံမှုပဲ ဖြစ်ပါတယ်။ ▪️ဒီစာအုပ်လေးက အမျိုးသမီးတစ်ယောက်အနေနဲ့ မိမိကိုယ်မိမိ သိမ်ငယ်နေတဲ့သူအဖြစ် မမြင်တော့ဘဲ တန်ဖိုးရှိတဲ့သူအဖြစ် ပြန်လည်မြင်ယောင်ရပ်တည်နိုင်ဖို့ အားဖြစ်စေမယ့် အားဆေးတစ်ခွက်ပါပဲ။ ဒီစာအုပ်လေးဟာ နာကြည်းမုန်းတီးခံရတဲ့အချိန်၊ ပျက်စီးသွားတဲ့အချစ်နဲ့ အတိတ်တွေကို တွဲပြီး သံသယရှိမနေဘဲ မိမိဘဝကို မိမိအင်အားနဲ့ ပြန်လည်တည်ဆောက်ဖို့ စာဖတ်သူတွေနဲ့အတူ […]