Month: September 2025

DELETED

ငယ်ရွယ်တုန်းမှာ ရူးခါနေအောင် ကြိုးစားပါ

“ပိုက်ဆံအကြောင်းကို ညတိုင်း တွေးပါ…ငယ်ရွယ်တုန်းမှာ ရူးခါနေအောင်ကြိုးစားပါ” ဒီစာအုပ်ထဲမှာဆိုရင် ပိုက်ဆံအပိုရှာနိုင်တဲ့ နည်းလမ်းတွေ၊ စာရေးသူ ပိုက်ဆံ ဘယ်လိုရှာခဲ့သလဲဆိုတာတွေ၊ လမ်းပျောက်သလို ခံစားနေရတဲ့သူတွေအတွက် တက်သင့်တဲ့သင်တန်းအ မျိုးအစားတွေ၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာတွေ့စေမယ့် နည်းလမ်းတွေအပြင် တခြားသော ငွေကြေးပိုက်ဆံနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ထည့်သွင်းရေးသားထားပါတယ်။ ဒါ့အပြင် စာဖတ်ပရိသတ်တွေအတွက် Special Episode အပိုင်းလေးလည်း ထည့်သွင်းရေးသားထားပါသေးတယ်။ ဒီအပိုင်းမှာတော့ ဘဝနေနည်း၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ စာတိုလေးတွေကို ရေးသားပေးထားပါတယ်။ စာဖတ်သူတွေ အကြိုက်တွေ့စေမယ့် စာအုပ်လေး တစ်အုပ် ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဖြူအောင်စိတ်ကိုထား (Keep Mind Pure)

တကယ်တော့ လက်တွေ့ဘဝမှာ စိတ်ကောင်း၊ နှလုံးကောင်းနဲ့ ရှင်သန်နေထိုင်တတ်ဖို့ရာ အင်မတန်မှ ခက်ခဲလွန်းလှပါတယ်။ အထူးသဖြင့် မကောင်းတဲ့ရပ်ဝန်းမှာ ရှင်သန်နေရတဲ့ အခြေအနေမျိုးမှာပေါ့။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းချင်တယ်ဆိုရင် ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ကောင်းမွန်လာအောင် ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။နေ့စဉ်နဲ့အမျှ ရုန်းကန်ရှင်သန်နေကြရတဲ့ ဘဝတိုတိုလေး အတွင်းမှာ –× မေတ္တာစိတ်ဆိုတာ ဘယ်လိုစိတ်ထားမျိုးလဲ…× ရောင့်ရဲတတ်တဲ့စိတ်ဟာ ဘယ်လောက်ချမ်းသာသလဲ…× သည်းခံတတ်တဲ့ စိတ်ကို ဘယ်အခြေအနေမျိုးမှာ ထားသင့်သလဲ…× စွန့်လွှတ်တတ်တဲ့စိတ်ဟာ ဘယ်လောက်အေးချမ်းသလဲ…စတဲ့ စိတ်ထားလေးတွေကို လူငယ်တွေ သိရှိနားလည်ပြီး ဒီလိုစိတ်ကောင်းမျိုးလေးတွေနဲ့ ရှင်သန်နေထိုင်တတ်လာအောင် ဘာသာရေးရှုထောင့်ကနေ လက်တွေ့ကျကျ ရေးဖွဲ့ပေးထားတဲ့ စာအုပ်လေးတစ်အုပ်ပဲ ဖြစ်ပါတယ်။