Month: January 2024

စိတ်အကြည်ဓာတ် ရရှိပါစေ…

ဆုပ်ကိုင်ခြင်းနှင့် စွန့်လွှတ်ခြင်းဆိုတဲ့ ဒီနှစ်ခုဟာ balance မျှရမယ်။ ဆုပ်ကိုင်ရမယ့်အရာတွေကို သိရှိပြီး မဖြစ်မနေ စွန့်လွှတ်ရမယ့်အရာတွေကိုလည်း သိရမယ်။ တကယ်တမ်း ကိုယ်တွေရင်ထဲမှာ အကြည်ဓာတ်လေးက ကိန်းအောင်းနေပြီးသားပါ။ အကြည်ဓာတ်လေးရှိမှ နေ့ရက်တိုင်းကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ ကိုယ့်အကြည်ဓာတ်ကို မပျောက်သွားအောင် ကိုယ့်ဘက်က ကာကွယ်တတ်ရတယ်။ Inner Peace လို့လည်း တင်စားချင်ပါတယ်။ စိတ်ကလေး မောပန်းနွမ်းလျတဲ့အခါ အခုစာအုပ်လေးက မိတ်ဆွေရဲ့မျက်နှာကို ပြုံးရယ်လာအောင် ပြုလုပ်ပေးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။​ လူက အရွယ်ရောက်လာတဲ့အခါ အထီးကျန်ချိန် တိုးလာတယ်။သို့သော်လည်း အဲဒီအထီးကျန်ခြင်းကို ကျော်ဖြတ်သွားနိုင်တဲ့အခါ ဘဝဟာ နေချင်စဖွယ် ဖြစ်သွားတယ်။ အပိုဆုအနေနဲ့ ကိုယ့်အထီးကျန်ခြင်းကို မျှဝေခံစားပေးနိုင်တဲ့ လူမျိုးကို ရှာတွေ့သွားရင်တော့ ဘဝဟာ ပိုနေချင်စဖွယ် ကောင်းလာပါတော့တယ်။

ငါ ဘာကို တွေးနေတာလဲ

အတွေးဆိုတာက လုပ်ဆောင်ချက်ရဲ့ ပင်မရင်းမြစ်ဖြစ်လို့ အတွေးကောင်းရင် လုပ်ဆောင်ချက်လည်း ကောင်းပါတယ်။ ကောင်းတာကိုပဲ တွေးနေတဲ့သူက ကောင်းတာတွေကိုသာ ပြောဖြစ်၊ လုပ်ဖြစ်နေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ အမြဲတမ်း ကောင်းတာတွေကိုချည်း ပြောမိ၊ လုပ်မိဖို့ ရာနှုန်းပြည့် မသေချာနိုင်ဘူးဆိုပေမဲ့ အများစုကတော့ ကောင်းတာတွေကိုပဲ ပြောမိ၊ လုပ်မိနေမှာတော့ သေချာပါတယ်။ ဒီလိုပါပဲ။ မကောင်းတာတွေကိုချည်း တွေးနေတဲ့သူကလည်း မကောင်းတာတွေကိုသာ အများအားဖြင့် ပြောမိ၊ လုပ်မိနေပါလိမ့်မယ်။🔺🔺🔺 ပိုပြီးတွေးနိုင်သူ…အထပ်ထပ်တွေးနိုင်သူ…အနီးစပ်ဆုံးတွေးနိုင်သူ…အမှန်ကန်ဆုံးတွေးနိုင်သူ…ကွင်းဆက်ရှာပြီး တွေးနိုင်သူတွေကသာ ရှေ့ဆုံးပိုင်းကို ရောက်နေတတ်ကြတာ ဖြစ်ပါတယ်။ အတွေးဆိုတာ လုပ်ဆောင်ပြုမူချက်တွေထက် ပိုအရေးကြီးတာမို့ “ပြေးကြည့်တာထက် တွေးကြည့်တာက ပိုမှန်တယ်” ဆိုပြီး လူတချို့ကတောင် ပြောဆိုတတ်ကြပါသေးတယ်။🔺🔺🔺 တွေးပါ…အမြဲတမ်း တွေးပါ…“ငါ ဘာကို လုပ်နေတာလဲ” ဆိုတာထက်…“ငါ ဘာကို တွေးနေတာလဲ” ဆိုတာမျိုးကို သိရှိနိုင်အောင်သာ ကိုယ့်ကိုယ်ကိုယ် အမြဲတစေ […]