Month: April 2026

Over Thinking တွေ လျော့ကျစေဖို့

“Over Thinking တွေ လျော့ကျစေဖို့” ဆိုတဲ့ ဒီစာအုပ်လေးကို Over Thinking ဖြစ်တာတွေ လျော့ကျစေဖို အဓိကရည်ရွယ်ပြီး စိတ်ကို သန်မာစေတဲ့ စာလေးတွေနဲ့အတူ ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီစာအုပ်လေးကို ဘယ်လိုလူတွေ အဓိကဖတ်သင့်လဲဆိုတော့ – ဒီစာအုပ်လေးဖတ်ပြီးတဲ့အခါ Over Thinking တွေ အနှေးနဲ့အမြန် လျော့ကျသွားပါလိမ့်မယ်။ဒီစာအုပ်ဖတ်ပြီးတာနဲ့ ဘာမှမကျန်ခဲ့ဘူးဆိုတဲ့ နောင်တတွေ ကင်းဝေးစေရပါမယ်။

ချစ်တယ် ဖေဖေ

✅မိသားစုအတွက် အဖေ့ခန္ဓာကိုယ်က ကျလာတဲ့ ချွေးစက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်သလို တန်ဖိုးလည်း မမဲ့ပါဘူး။ အချိုချွေးစက်တွေက စားဝတ်နေရေး၊ အချိုက ကျောင်းလခ၊ အချိုကတော့ ကျန်းမာရေးအတွက် ဖြစ်ပါတယ်။ ချွေးစက်တစ်စက်ချင်းစီတိုင်းဟာ အဖေ့ရဲ့ နှုတ်ဆိတ်နေတဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ။ ✅ မိမိကိုယ်တိုင် ဝတ်ကောင်းစားလှ ဝတ်ရဖိုထက်၊ သားသမီးတွေရဲ့ ပခုံးပေါ်မှာ ကျောင်းလွယ်အိတ်လေးနဲ့၊ ခြေထောက်မှာ ဖိနပ်အလှလေး ရှိနေစေဖိုက အဖေတိုင်းရဲ့ ပထမဆုံးဆန္ဒပါ။ ✅ အဖေ့မေတ္တာကို သိချင်ရင် အဖေ့မျက်နှာကို မကြည့်ပါနဲ့။ ကြမ်းတမ်းနေတဲ့ လက်ဖဝါး၊ ကွဲအက်နေတဲ့ ခြေဖနောင့်နဲ့ အသားမာတက်နေတဲ့ ပခုံးတွေကိုသာ ကြည့်ပါ။ ✅ အဖေဆိုတာ သားသမီးရဲ့ အနာဂတ်အတွက် အချိန်နဲ့ ချွေးစက်တွေကို ရင်းပြီး ပေးဆပ်နေတဲ့ လူသားတစ်ယောက်ပါ။ ✅ အဖေ့ရဲ့ချွေးစက်တွေသာ […]