Month: July 2026

ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အကုန်လှတယ်

💕စာညွှန်း – ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် တည့်မတ်ပေးရမှာက ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ အဲလိုမျိုးဖြစ်စေဖို့ ကျွန်တော်က တစ်ဖက်တစ်လမ်းကနေ ဒီစာအုပ်လေးကို ရေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝတိုတိုလေးမှာ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ အလွန်အမင်းဖြစ်လာတဲ့အခါ ကျွန်တော်တို့ စိတ်တွေက ခက်ထန်ကြမ်းတမ်းလာတတ်ကြပါတယ်။ ဒါကို သတိ၊ သတိနဲ့ မထိန်းချုပ်ရင် ကျွန်တော်တို့မှာ ပျက်စီးဖို့ပဲ ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ အသိတရားကို တခြားသူတစ်ယောက်ယောက်က ပြုပြင်ထိန်းကျောင်းတာထက် ကိုယ့်ကိုယ်တိုင် ပြုပြင်ထိန်းကျောင်းမှ ပိုခရီးရောက်တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီစာအုပ်ထဲမှာ အဲဒီလိုမျိုးဖြစ်မယ့် အကြောင်းအရာတွေကို အသေးစိတ် ရေးသားပေးထားတာကြောင့် ဖတ်လိုက်ရင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရရှိသွားစေနိုင်ပါတယ်။

ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပလိုက်ပါ

💕စာညွှန်း – လူတိုင်းဟာ ကိုယ်ပိုင်အရည်အသွေး၊ ကိုယ်ပိုင်အရည်အချင်းတစ်ခုစီနဲ့ မွေးဖွားလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေကြားမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေကို မေ့လျော့နေတတ်ကြပါတယ်။ လူတိုင်းမှာ မတူညီတဲ့ ထူးခြားချက်တွေ ရှိပါတယ်။ အဲဒီ ထူးခြားချက်တွေကို အရည်အချင်းတစ်ခုဖြစ်အောင် ပျိုးထောင်ပြီး အောင်မြင်မှုရယူနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ “ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပလိုက်ပါ” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးမှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေဖို့နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ရေးသားထားပါတယ်။ ဒီစာအုပ်လေးကို ဖတ်ရှုပြီး သင့်ရဲ့အနာဂတ်ဟာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပိုမိုတောက်ပ လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ “ကိုယ်ပိုင်ဘဝလေးမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပနိုင်အောင် ကြိုးစားပါ။ ဘယ်လောက်လင်းလင်း ကိုယ်ပိုင်အလင်းရောင် ဖြစ်နေဖို့ အရေးကြီးပါတယ်” စာဖတ်သူများ ကိုယ်ပိုင်အရည်အချင်းနဲ့ […]

အဆင့်မြင့်စိတ်ဓာတ်

💕စာညွှန်း – ဒီစာအုပ်ထဲမှာပါဝင်တဲ့ အတွေးစာစုလေးတွေက သာမန်အမြင်တွေထက်ပိုမိုနက်ရှိုင်းပြီး ဘဝကို ရှုထောင့်အသစ်၊ အလင်းရောင်ခြည်အသစ်နဲ့ ကြည့်မြင်ထားတဲ့ သွေးသစ်လောင်းပေးမယ့် အတွေးအမြင်သစ်တွေ ဖြစ်ပါတယ်။ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ မတူညီတဲ့ အတွေ့အကြုံ၊ မတူညီတဲ့ ခံစားချက်တွေကနေ ပေါက်ဖွားလာတဲ့ နှလုံးသားချင်း ထပ်တူကျမှုတွေကို စာဖတ်သူတို့ မြင်တွေ့ရမှာပါ။ ဒီစာအုပ်ဟာ လူအများစုသုံးတတ်တဲ့ ပုံသေကားချပ် လမ်းဟောင်းကြီးပေါ်ကနေ ရဲရဲဝံ့ဝံ့ လမ်းခွဲထွက်လိုက်တဲ့ တစ်မူထူးခြားတဲ့ တွေးခေါ် မြော်မြင်မှု ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ကျေနပ်ဂုဏ်ယူရခြင်းဆိုတာ စကားလုံးတွေဆီက လာတာမဟုတ်ဘဲ လက်တွေ့ကျတဲ့ လုပ်ရပ်ကနေ လာတာတဲ့။ ကိုယ်ဘယ်သူလဲ၊ ဘယ်သွားနေလဲ၊ ဘယ်ရောက်နေပြီလဲ၊ ဘာတွေ ဖြည့်ဆည်းပြုပြင် ပြောင်းလဲဖို့ လိုအပ်နေပြီလဲဆိုတာတွေကိုရော သေချာသိမြင်နေပြီလား။ ကိုယ့်ဘဝ၊ ကိုယ့်ဆန္ဒတွေထက် သူတစ်ပါးအလိုကျစေဖို့ ပေးဆပ်ရင်း ကိုယ့်ဘဝနဲ့ ကိုယ့်စိတ် အေးချမ်းပြည့်စုံခြင်းတွေလည်း […]

ပြန်လာခဲ့ပါ ဟိုရှီနာ

💕စာညွှန်း – ☝️ကျွန်တော် ဒီဝတ္ထုလေးကို ရေးဖို့ အချိန် (၁) နှစ်နီးပါး ကြာခဲ့သလို ပုဂံကိုလည်း နှစ်ခေါက်အထိ သွားခဲ့ရပါတယ်။ ဒီဝတ္ထုလေးဟာ ‘အချစ်’ဆိုတဲ့ သဘောတရားကို ကျော်လွန်ပြီး – မြန်မာလူမျိုးတစ်ယောက်၊ အနုပညာသမားတစ်ယောက်၊ ယောက်ျားတစ်ယောက်၊ လူသားတစ်ယောက်ရဲ့ စိတ်အလွှာ နုနုလေးကို အခြေခံ ရေးထားခြင်း ဖြစ်ပါတယ်။ တိုတောင်း လွန်းလှတဲ့ လူ့ဘဝလေးထဲမှာ ဖြစ်ပျက်ကြုံတွေ့ရလေ့ရှိကြတဲ့ သဘောတရားတွေ၊ ကံကြမ္မာတွေကို သင့်တင့်မျှတအောင် ရောနှောခြယ်မှုန်းထားခြင်း ဖြစ်ပါတယ်။ပုဂံဆိုတာ မြန်မာတွေရဲ့ အသည်းနှလုံး။ မြန်မာတွေရဲ့ ရှေးအမွေအနှစ်။ ပုဂံကို အလည်လာတဲ့ နိုင်ငံခြားသူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အိမ်ရှင်ဖြစ်တဲ့ မြန်မာ နိုင်ငံသားတစ်ယောက်ရဲ့ သစ္စာတရား၊ ပြီးတော့ နောက်ထပ် ဂျပန်မိန်းကလေးငယ် တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ… အားလုံးကို ဒီဝတ္ထုလေးထဲမှာ တွေ့မြင်ရမှာပါ။ […]

မမေ့နိုင်တဲ့အရာများ ရှိခဲ့ရင်

💕စာညွှန်း – လူသားတွေထဲမှာဒဏ်ရာရနေတဲ့လူတွေကို သုံးသပ်ကြည့်လိုက်ရင်မမေ့နိုင်စရာတွေကို သိမ်းပိုက်ရင်း ဒဏ်ရာရကြတာ များတာမို့လူသားတွေအတွက် ဒီအကြောင်းအရာလေးကိုတတ်နိုင်သလောက် လမ်းညွှန်ပေးဖို့ လိုအပ်တယ်လို့ ယူဆရင်း“မမေ့နိုင်တဲ့အရာများ ရှိခဲ့ရင်” ဆိုတဲ့ စာအုပ်ကလေးကို အရင်ဆုံး ရေးပါတယ်။ ဒီစာအုပ်ကလေးက လူတိုင်းအတွက် လိုအပ်တဲ့ စာအုပ်ကလေး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ လိုအပ်နေတဲ့ လူတွေအဖို့သာ ရည်ရွယ်ပြီး ရေးပါတယ်။ မလိုအပ်တဲ့သူတွေအတွက်လည်း အသိပညာချင်း ဖလှယ်ဖို့ရာ ဖတ်လို့ အဆင်ပြေနိုင်ပါတယ်။ လူတချို့ကို အပြင်မှာတွေ့တဲ့အခါ သူတို့ရင်ထဲက ဒဏ်ရာလေးကို ကိုယ်က မြင်လိုက်ပေမဲ့ သေချာရှင်းပြ၊ ပြောပြပေးဖို့ရာ ခွန်အား အလုံအလောက် ကိုယ့်မှာ မရှိတဲ့အခါ စာအုပ်ထဲမှာ ချရေးပြီး လိုအပ်နေတဲ့သူတွေဆီ အရောက်ပို့နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကိုယ်မမြင်ဖူး မဆုံဖူးတဲ့ သူတွေမှာလည်း ဒဏ်ရာလေးများ ရှိခဲ့ရင် လမ်းမှန်ကို အရောက်သွားနိုင်ဖို့ရာ […]

မန္တလေးငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်မှတ်တမ်း

စာညွှန်း – ငလျင်သည် အချိန်မရွေး၊ နေရာမရွေး လှုပ်ခတ်နိုင်သည့် ကြိုတင်မသိရှိနိုင်သော သဘာဝဘေးဆိုးကြီးဖြစ်ရာ ထိုအန္တရာယ်ဆိုးကြီးမှ သက်သာလွတ်မြောက်နိုင်သည့် ဆောင်ရန်ရှောင်ရန်များ၊ ပညာရှင်များ၏ အကြံပြုချက်များကို သိရှိနားလည်သဘောပေါက်ခြင်းသည်သာ တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဖြစ်စဉ်များမှ ညွှန်ပြလျက်ရှိပါသည်။ ဉပမာ- ငလျင်လှုပ်ခတ်မှုကို အဓိက ရင်ဆိုင်ကြရသော ဂျပန်၊ မလေးရှားနိုင်ငံတို့သည် အဆောက်အဦးများ ဆောက်လုပ်ပါက ငလျင်ဒဏ် ခံနိုင်သည့် ပုံစံဒီဇိုင်းများ ရေးဆွဲခြင်းနှင့် ၎င်းနှင့် လိုက်လျောညီထွေဖြစ်မည့် ဆောက်လုပ်ရေးပစ္စည်းများကို သုံးစွဲခြင်းဖြင့် ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ငလျင်ပြတ်ရွေ့ပေါင်းများစွာ ယှက်နွယ်လျက်ရှိသည့် မြန်မာနိုင်ငံတွင် နေထိုင်ကြသော စာရေးသူတို့သည် ငလျင်နှင့်ပတ်သက်သည့် ဗဟုသုတများကို အရွယ်စုံမှ သိရှိထားရန် လိုအပ်မည်ဖြစ်သည့်အပြင် အရေးကြုံလာပါက သက်လုံကောင်းစေရေးအတွက် ငလျင်ဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကို ပညာရှင်များ၏ […]