Author: Moe Kaung Myay Admin

လူငယ်တစ်ယောက် ဖြစ်လာရင်…

#စာညွှန်း – လူငယ်ဘဝမှာ အကြီးမားဆုံး အန္တရာယ်က ကျရှုံးခြင်း မဟုတ်ဘူး။ဘာမှ မစတင်ခြင်းပဲ။ တချို့လူတွေက ပြည့်စုံမယ့် အချိန်ကို စောင့်နေကြတယ်။တချို့လူတွေက ပိုက်ဆံရှိမှ စမယ်လို့ တွေးကြတယ်။ လူတစ်ယောက်ရဲ့ဘဝမှာ “လူငယ်ဘဝ” ဆိုတာ အရေးအကြီးဆုံး အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ အိပ်မက်တွေ ရှိတယ်။ မျှော်လင့်ချက်တွေ ရှိတယ်။ ဒါပေမဲ့ မသေချာမှုတွေလည်း ရှိပါတယ်။ ဘယ်လမ်းကို ရွေးချယ်ရမလဲ။ ဘယ်လိုလူတစ်ယောက် ဖြစ်လာရမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ရှုရမယ့် လူငယ်တစ်ယောက်အနေနဲ့ စာမျက်နှာ တစ်ခုချင်းစီကနေ အားအင် တစ်စုံတစ်ခုရ ရရှိနိုင်မယ်၊ ကိုယ့်ရဲ့ အနာဂတ်ကို ပိုမိုရှင်းလင်းစွာ မြင်လာနိုင်မယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုရှိလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

အောင်မြင်ကြီးပွားရေး စိတ်ဓာတ်

#စာညွှန်း – ကြီးပွားချမ်းသာ တိုးတက်အောင်မြင်ဖို့အတွက် အရင်းအနှီးပိုက်ဆံမရှိဘဲ ဘယ်လိုလုပ် ကြီးပွားချမ်းသာမှာလဲ၊ ဘယ်လိုလုပ် သူဌေးဖြစ်မှာလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ တကယ်တော့ အဲဒီအတွေးတွေက မှားယွင်းတဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ ဒီကနေ့ လူမှုပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းမှာ အရင်းအနှီး ငွေကြေး တစ်ပြားတစ်ချပ်မျှမရှိဘဲ ကြီးပွားတိုးတက် အောင်မြင်တဲ့သူတွေ၊ ချမ်းသာတဲ့သူတွေ၊ သူဌေးကြီးတွေ ဒုနဲ့ဒေး ရှိပါတယ်။ အခု ထလုပ် အခု ချက်ချင်း သူဌေးဖြစ်တဲ့လူရယ်လို့ အလွန်ရှားပါတယ်။ မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ အဲဒီသူဌေးတွေက မိဘဆီက အမွေတွေရတဲ့သူတွေ၊ ထီပေါက်တဲ့သူတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလူတွေဟာ မိမိရဲ့ကိုယ်ပိုင် ဉာဏ်စွမ်းအား၊ အစွမ်းအစနဲ့ ကြိုးစားရုန်းကန် လုပ်ကိုင်ခဲ့လို့ ကြီးပွားချမ်းသာတာ မဟုတ်ဘူးဆိုတာတော့ ထင်ရှားပါတယ်။ ဒါကြောင့်…သာမန်လူတစ်ယောက်အနေနဲ့ ကြီးပွားချမ်းသာ အောင်မြင်ချင်တယ်ဆိုတဲ့ […]

နေဝင်ချိန်မှ လင်းသောကြယ်

(19.9.2026) မှာ ထွက်ရှိမည်±±±±±±±±±±±±±±±±🍀စာအုပ်အမည် – နေဝင်ချိန်မှ လင်းသောကြယ်🍀စာရေးသူ – ထက်နိုင်အောင်🍀စာမျက်နှာ – ၆၄🍀တန်ဖိုး – 6,000 ks #စာညွှန်း – “မည်းမှောင်လွန်းတဲ့ ညတွေမှာမှကြယ်တစ်ပွင့်ရဲ့အရောင်ဟာအတောက်ပဆုံး လင်းလက်ရသတဲ့” စိတ်ဒဏ်ရာ အထပ်ထပ်နဲ့ အထီးကျန်စွာ ကြီးပြင်းခဲ့ရသူ မိန်းကလေး ‘ကဗျာ’ နဲ့ သီးခြားကမ္ဘာလေးထဲမှာပဲ အေးဆေးစွာ နေထိုင်တတ်တဲ့ ပန်းချီဆရာလေး ‘သုတ’။ မမျှော်လင့်ဘဲ ဆုံစည်းခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာမှောင်မည်းနေတဲ့ ညတစ်ခုမှာ လင်းလက်လာတဲ့ ကြယ်တစ်ပွင့်လိုမေတ္တာအလင်းရောင်တွေကို ပေးစွမ်းနိုင်ခဲ့ပေမဲ့… သူတို့ကြားက ရောဂါဝေဒနာနဲ့ကံကြမ္မာအလှည့်အပြောင်းတွေကဘယ်လိုအဆုံးသတ်ကို ဖန်တီးသွားမှာလဲ…။

အမှန်မြင်ခြင်း

#စာညွှန်း – ကလေးဘဝကနေ အသက် ၂၀ ထဲ စဝင်လာတဲ့အချိန်ဟာ ဘဝမှာ လုံးဝ မတွေးထားဖူးတဲ့ အကူးအပြောင်းတစ်ခု ဖြစ်လိမ့်မယ်။ ကျွန်မတို့အများစုအတွက် ကလေးကနေ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲရတာဟာ လှေကားထစ်ကို တစ်ဆင့်ချင်းစီ တက်ရသလို ဟုတ်မနေပါဘူး။ ရုတ်တရက် ရေနက်ထဲ တွန်းချခံလိုက်ရသလိုပါပဲ။ မနေ့ကအထိ စာမေးပွဲ အောင်ရင် လွတ်လပ်ပြီလို့ ထင်ခဲ့ရပေမဲ့ ဒီနေ့မှာတော့ တာဝန်ယူမှုဆိုတဲ့ အရာကြီးက ကိုယ့်ရဲ့ကျောပေါ်ကို အင်တိုက်အားတိုက် ဖိထားသလို ခံစားရလာတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံရသမျှ လူတွေဟာ ကိုယ့်ထက် အတွေ့အကြုံ ရင့်ကျက်တဲ့ လူကြီးတွေ ဝန်းရံလာတဲ့အခါ ကိုယ်မသိတဲ့ စည်းမျဉ်းတွေ၊ ကိုယ်နားမလည်နိုင်တဲ့ ဟန်ဆောင်မှုတွေနဲ့ မွန်းကျပ်စရာ ကမ္ဘာကြီးက အဆင်သင့် စောင့်ကြိုနေတတ်ပါတယ်။ စိတ်ညစ်တာထက် ရှင်သန်ဖို့၊ ရုန်းကန်ဖို့က ပိုအရေးကြီးလာတယ်။ […]

အခက်အခဲကို ချစ်ခြင်းနဲ့ မိတ်ဖွဲ့ပါ

အခက်အခဲကို ချစ်ခြင်းနဲ့ မိတ်ဖွဲ့ပါ” ဆိုတဲ့ စာအုပ်လေးက လူငယ်၊ လူလတ်၊ လူကြီးမရွေး ဖတ်လို့ အကျိုးများစေမယ့် စာအုပ်ကောင်းလေး ဖြစ်ပါတယ်။ ဒီစာအုပ်လေးက အခက်အခဲတွေကြားထဲ မိဘ၊ ညီအစ်ကို မောင်နှမ၊ မိသားစုနဲ့ မိတ်ဆွေအပေါင်းသင်းတွေကြား “ချစ်ခြင်းမေတ္တာ” တွေနဲ့ အကောင်းမွန်ဆုံး ရှင်သန်နေထိုင်နိုင်စေဖို့ ရည်ရွယ် ရေးသားထားခြင်း ဖြစ်ပါတယ်။ အခက်အခဲတွေကြားကနေ ကုသိုလ်စိတ်၊ မေတ္တာစိတ်အပြည့်နဲ့ ဖြတ်သန်းခြင်းတို့ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံး အခိုက်အတန့်တွေပါပဲ။ ဒီစာအုပ်လေးကို ဖတ်ပြီးရင် ဘဝကို အကောင်းဆုံးကြိုးစားချင်စိတ် ဖြစ်လာပါလိမ့်မယ်။ ရလာတဲ့ ရလဒ်တွေကိုလည်း သဘာဝကျကျ လက်ခံနိုင်စေဖို့ လက်တွေ့ကျတဲ့ အတွေးအမြင်၊ သင်ခန်းစာတွေနဲ့ ရေးသားထားပါတယ်။ စိတ်ဓာတ်ကျခြင်းမှ အမှန်တကယ် လျော့ကျစေမယ်လို့လည်း ယုံကြည်ပါတယ်။

လမ်းမပျောက်စေနဲ့ လမ်းသစ်ဖောက်လိုက်ပါ

စာညွှန်း – ဒီစာအုပ်ထဲမှာ – ▪️ လမ်းပျောက်ရင်း လမ်းမမှားစေဖို့ –ကိုယ့်နဲ့ကိုက်ညီမယ့် လမ်းသစ်ရှာဖွေဖို့၊လမ်းဟောင်းကနေ ရုန်းထွက်ပြီး ကိုယ့်စွမ်းအားနဲ့ ဝင်ငွေဖန်တီးနိုင်မယ့် လမ်းသစ်ကို ဘယ်လိုရှာဖွေ ဖောက်ထွက်ရမလဲဆိုတာ လက်တွေ့ကျကျ လမ်းညွှန်ထားပါတယ်။ ▪️ ဝေဝါးမှုမရှိတဲ့ ပန်းတိုင်စိုက်ထူဖို့ –ရည်မှန်းချက်တွေကို အပိုင်းပိုင်းဖြတ်ပြီး လက်တွေ့လုပ်ဆောင်နိုင်ဖို့နဲ့လမ်းသစ်ရှာတွေ့ဖို့အတွက် လက်တွေ့လုပ်ဆောင်ရန် နည်းလမ်း (၈) ချက်ကို တိတိကျကျ ဖော်ပြပေးထားပါတယ်။ ▪️ ဘဝမှာ လမ်းပျောက်သူဘဝကနေ လမ်းသစ်ဖောက်သူဖြစ်လာအောင် စာရေးသူကိုယ်တိုင် ရုန်းကန်ရွေးချယ်ခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ လက်တွေ့ဘဝ သင်ခန်းစာတွေနဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ ဖြစ်ရပ်မှန်တွေကို လူငယ်တို့နဲ့အတူ ရင်ဘတ်ချင်းနီးကပ်စွာ ပေါင်းစပ်မျှဝေပေးထားတာ ဖြစ်ပါတယ်။မင်းရဲ့ဘဝဟာ ပျောက်ဆုံးနေတာမဟုတ်ပါဘူး၊ ခဏတာ “မြေပုံ” ရှာမတွေ့သေးတာရယ်ပါ။ အခု ဒီစာအုပ်ရဲ့ စာမျက်နှာတွေကို လှန်လိုက်တာနဲ့ မင်းရဲ့ “ကိုယ်ပိုင်မြေပုံ” ကို […]

အမျိုးသမီးများ၏ ရစ်နည်း ၁၀၀

💕စာညွှန်း –‘အမျိုးသမီးများ၏ ရစ်နည်း ၁၀၀’ ဆိုတဲ့ ဒီစာအုပ်လေးဟာ ကျွန်မတို့လို အမျိုးသမီးတွေအတွက် အကျိုးများစွာရှိမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်နိုင်သလို အမျိုးသားတွေအတွက်လည်း ပေါက်ကြားစာတစ်စောင်လို တန်ဖိုးရှိနေမယ့် စာအုပ်ကောင်းတစ်အုပ်လို့ ယူဆမိပါတယ်။ မရစ်တတ်သေးတဲ့ (ရိုးအ နုနယ်သေးတဲ့) အမျိုးသမီးတွေအတွက် ဒီစာအုပ်ဟာ ကိုးကားစရာ၊ မှီငြမ်းစရာ၊ သင်ယူလေ့လာစရာ ‘ရစ်နည်း အခြေခံကျမ်း’ လို့ ယူဆပြီး ဖတ်ရှုနိုင်ပါတယ်။ ရစ်တတ်ပြီးသား (ဝါရင့်) အမျိုးသမီးကြီးတွေအတွက်ကျတော့ ဒီစာအုပ်ကို ဖတ်ရှုလေ့လာပြီး “သြော်… ငါ မသုံးရသေးတဲ့နည်းတွေ ပါသေးတာပဲ” ဆိုပြီး ယူငင်အသုံးချလို့ ရနိုင်သလို ဖတ်နေရင်းနဲ့လည်း စာအုပ်ထဲ မပါသေးတဲ့ အဆင့်မြင့်ရစ်နည်းတွေ တီထွင်နိုင်ပါလိမ့်မယ်။ နည်းဗျူဟာအသစ်တွေနဲ့ အမျိုးသားတွေကို အရသာရှိရှိ ဆက်ပြီးရစ်နိုင်ဖို့ ကုန်ကြမ်းတွေကို ဒီစာအုပ်လေးထဲမှာ ရှာဖွေပါ။ အမျိုးသားတွေအတွက်ကျတော့ ဒါဟာ […]

ပင်ပန်းမှုတွေကြားမှာ ရင့်ကျက်စွာ ရှင်သန်ခြင်း

💕စာညွှန်း – တစ်ခါတလေ ကျွန်တော်တို့တွေ ဘာမှ မလုပ်ရသေးဘဲ ပင်ပန်းနေတတ်တယ်။ အဲဒီပင်ပန်းမှုဟာ အလုပ်များလို့ပဲ မဟုတ်ပါဘူး။ နေ့စဉ်ဘဝရဲ့ တာဝန်တွေ၊ မပြောဖြစ်တဲ့ စိတ်ဒဏ်ရာတွေ၊ အမြဲတမ်းကောင်းအောင် ကြိုးစားနေရတဲ့ ဖိအားတွေက တိတ်တိတ်လေးနဲ့ စိတ်ကို နွမ်းနယ်လာစေတတ်ပါတယ်။ တချို့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်တောင် မေးမိတတ်တယ်။ “ဘာလို့ ဒီလောက်ပင်ပန်းနေတာလဲ”“ငါ တကယ်ပဲ အားနည်းနေတာလား” ဒါပေမဲ့… ပင်ပန်းတယ်ဆိုတာ အားနည်းခြင်းရဲ့ သက်သေမဟုတ်ပါဘူး။ဘဝကို ရင်ဆိုင်နေဆဲ၊ ကြိုးစားနေဆဲဆိုတဲ့ သက်သေတစ်ခုပါ။ ကျွန်တော့်ရဲ့တတိယမြောက်စာအုပ်ဖြစ်တဲ့ “ပင်ပန်းမှုတွေကြားမှာ ရင့်ကျက်စွာ ရှင်သန်ခြင်း” ဆိုတဲ့စာအုပ်လေးက သင့်ရဲ့ ပြဿနာတွေကို ချက်ချင်းပျောက်ကွယ်သွားစေမယ့် စာအုပ်လေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့… အခက်အခဲတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင်၊ ကျရှုံးမှုတွေကြားမှာ ပြန်လည်ရပ်တည်နိုင်အောင်၊ ဘဝရဲ့ ခက်ခဲတဲ့အချိန်တွေကို ပိုနားလည်ပြီး ရင့်ကျက်စွာ ဖြတ်သန်းနိုင်အောင် […]

ဒီနေ့ ကြိုးစားနေသည်

💕စာညွှန်း – “ပိုက်ဆံရှိရင် ဆွေမျိုးရှိ၊ပိုက်ဆံမရှိရင် ဆွေမျိုးမရှိ” ဒီစာအုပ်လေးထဲမှာ လူငယ်တွေအနေနဲ့ ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့ လမ်းညွှန်ပေးထားပါတယ်။ ဒါ့အပြင်… ▪ လူငယ်တွေအတွက် ပိုက်ဆံရှာနည်း ▪စနစ်တကျ ကြိုးစားအားထုတ်မှု နည်းလမ်းတွေ ▪စိန်ခေါ်မှု (Challenges) တွေကို စနစ်တကျရင်ဆိုင်ကျော်လွှားနည်းတွေ ▪ရင့်ကျက်တဲ့ ဘဝနေထိုင်နည်းနှင့် လူမှုဆက်ဆံရေး နည်းဗျူဟာတွေ ▪AI နဲ့ပတ်သက်တဲ့ ဗဟုသုတများကို အပြည့်အဝ ပေါင်းစပ် ရေးသားထားပါတယ်။

ချမ်းမြေ့သော ဘဝနေနည်းများ

စာညွှန်း – ဒီစာအုပ်လေးက လောကဓံလှိုင်းတံပိုးတွေကြားမှာ မိမိရဲ့စိတ်ကို ချမ်းသာအောင်ထားဖို့၊ မိမိရဲ့စိတ်ကိုပြုပြင်ဖို့နည်းလမ်းကောင်းတွေကိုမြင်တွေ့ရမှာပါ။ ဘဝရဲ့ အနိမ့်အမြင့်၊အတက်အကျ၊ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်နဲ့ စုန်ဆန်စီးမျောနေကြရတဲ့ ဘဝတိုက်ပွဲမှာ ဘယ်လို စိတ်ထားလေးတွေက ဘဝကိုတိုးတက်တောက်ပြောင်စေလဲဆိုတဲ့ အချက်တွေကိုဖတ်ရမှာ ဖြစ်ပါတယ်။ စိတ်ချမ်းသာအောင်နေနည်း တစ်ခုတည်းကို အသားပေးထားတာမဟုတ်ဘဲ တခြားသော အကျိုးရှိစေမယ် စာတွေလည်း ပါဝင်တယ်။ မိမိကို တိုက်ခိုက်လာသူတွေအပေါ် အကျိုးရှိရှိ ချေပနည်းနဲ့ မမြင်ချင်ယောင် ဆောင်ထားတဲ့ မိမိရဲ့ အားနည်းချက် အားသာချက်တွေကို မြင်အောင်ကြည့်ခြင်းက ကျိုးဖြစ်ထွန်းပုံ စတဲ့ အကြောင်းအရာလေးတွေလည်း ပါဝင်ပါတယ်။ လူမှုဆက်ဆံရေး၊စည်းကမ်းလိုက်နာရေး၊စာရိတ္တထူထောင်ရေး၊ချစ်သူရည်းစား၊အိမ်ထောင်ရေးအထိ အကြောင်းအရာ အစုံကို ခေါင်စဉ် ၁၅ မျိုးနဲ့ ရေးသားထားပါတယ်။ တစ်ယောက်တည်း အချိန်ယူပြီး ဒီစာအုပ်ကို ဖတ်ရှုမယ်ဆိုရင် မိမိရဲ့ သောကအပူတွေကို ငြိမ်းပေးဖို့ ကူညီပေးပါလိမ့်မယ်။