The BUSINESS GAME – စီးပွားရေးကစားပွဲ
စီးပွားရေးဆိုတာ ဘာလဲ။တကယ်တော့ စီးပွားရေးဆိုတာ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။သူများအိတ်ကပ်ထဲက ငွေကိုကိုယ့်အိတ်ကပ်ထဲဆီကြည်ကြည်ဖြူဖြူရအောင်စွမ်းဆောင်ခြင်းပါပဲ။ ကျွန်တော့်ရဲ့ ”စီးပွားရေးကစားပွဲ” စာအုပ် ကိုရေးဖို့ စဉ်းစားမိတဲ့အခါ ပထမဆုံးအနေနဲ့ ကိုယ်နဲ့ ဘဝတူ၊ စိတ်တူ၊ အခြေအနေတွေပါ အကုန်နီးပါး တူညီနေတဲ့ အသေးစားလုပ်ငန်းလေး တွေကို ကျွန်တော် ကျင်လည်ဖြတ်သန်း ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံ တွေရယ်၊ တက်ခဲ့တဲ့ သင်တန်းတွေက သိခဲ့တဲ့ အသိတွေရယ်၊ ကျွန်တော့် ခံယူချက်လေးတွေ မျှဝေချင်တာရယ်တွေနဲ့ ပေါင်းစပ်ရေးသားဖြစ်ခဲ့ပါတယ်။