Month: March 2026

ပထမဆုံး ခြေလှမ်းကို စတင်ရဲပါစေ

✅လူတစ်ယောက်က ပြဿနာတွေကို ကြောက်ပြီး ပထမဆုံး ခြေလှမ်းကို လှမ်းဖို တွန့်ဆုတ်နေတာကြောင့် သူ့စိတထဲက အလားအလာတွေကို ထုတ်ဖော်ခွင့်တောင် မရလိုက်တော့ဘဲ သူ့ဘ၀ကြီး ပြီးဆုံးခဲ့ရတယ်။ ✅ပြိုင်ကားတစ်စီးဟာ တစ်နာရီကို မိုင် (၁၃၀) သွားနိုင်တယ်ဆိုရင်တောင် ကားမောင်းသူက တစ်နာရီ မိုင် (၃၀) နှုန်းနဲ့သာ မောင်းနေရင် ကားအမျိုးအစားက ပြိုင်ကား ဖြစ်နေသည့်တိုင်အောင် သာမန်ကားလောက်ပဲ အသုံးဝင်မှာပါ။ ✅ကျွန်မတိုက ထူးခြားတဲ့သူ ဖြစ်ခွင့် ရှိပါလျက်နဲ့ ဘာကြောင့် သာမန်လူ ဖြစ်ချင်နေကြတာလဲ။ ✅ လူတွေ လက်ခံသင့်ရုံ အတိုင်းအတာမျှသာ အသက်ရှင်နေတဲ့သူ မဟုတ်ဘဲ လူတွေအတွက် အပြောင်းအလဲနဲဲ ထူးခြားမှုကို ယူဆောင်လာပေးသူတစ်ယောက်ဖြစ်ဖို ဘဝကို အပြည့်အ၀ အသက်ရှင်လိုက်ပါ။ ✅ တွန့်ဆုတ်မနေပါနဲ့။ ✅ကိုယ်ဟာ ဘယ်လောက်အထိ တန်ဖိုးရှိကြောင်း ပြသဖိုအတွက် […]

စိတ်ပင်ပန်းနေသော လူငယ်

“နေ့စဉ်ဘဝရဲ့ ပြိုင်ဆိုင်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းကမ်းတွေကြားထဲမှာ လူငယ်တစ်ယောက်ရဲ့ ‘စိတ်’ ဟာ တဖြည်းဖြည်းနဲ့ နွမ်းလျလာတတ်ပါတယ်။အပြင်ပန်းကြည့်ရင် အဆင်ပြေနေသလို ထင်ရပေမဲ့ ရင်ထဲမှာတော့ ဘယ်သူ့ကိုမှ ထုတ်မပြောဖြစ်တဲ့ ပင်ပန်းမှုတွေက အတောင်ပံတွေကို လေးလံစေပါတယ်။ ဒီလိုအချိန်မှာ လူငယ်အတွက် လိုအပ်နေတာက စိတ်ပင်ပန်းမှုကနေ လွတ်မြောက်ဖိုပါပဲ။ဒါကြောင့်ပဲ… ဒီစာအုပ်လေးက ပင်ပန်းနေတဲ့ မင်းရဲ့ စိတ်ကလေးကို နွေးထွေးစွာ ဖက်ထားပေးပါလိမ့်မယ်။ဒီစာအုပ်လေးထဲမှာ…✅အဆိပ်နဲ့တူတဲ့ မိဘတွေဆီက ပေးတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ၊✅ အတိတ်က နာကျင်မှုတွေကို နောင်တကင်းကင်းနဲ့ ဘယ်လိုလက်လွှတ်မလဲ၊✅ အရာအားလုံးကို လက်လျှော့ချင်နေတဲ့ စိတ်ကို Self-Love (ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ခြင်း) နဲ့ ဘယ်လို ကုစားမလဲ၊✅သူများတွေနဲ့ နှိင်းယှဉ်ပြီး သိမ်ငယ်နေတဲ့စိတ်ကို ဘယ်လိုဖျောက်မလဲ ဆိုတာတွေ ဖတ်ရှုရမှာပါ။ဒီစာအုပ်က အောင်မြင်မှုအကြောင်း ပြောတဲ့ […]

ဖီးနစ်ငှက်တစ်ကောင် မွေးဖွားခြင်း

‎POV; “ပြည့်တန်ဆာတစ်ယောက်က တန်ဖိုးမြင့် အမျိုးသမီး ဖြစ်နိုင်လား” ‎”ဒီစာအုပ်က ငါ့ကို ဘာပြန်ပေးမလဲဆိုတာထက် ဒီစာအုပ်ကနေ ငါ ဘယ်ပမာဏထိ ထုတ်ယူအသုံးချနိုင်လဲ” ဆိုတဲ့ မေးခွန်းပေါ် မူတည်ထားတဲ့ စာအုပ်ပါ။ အပြင်ပိုင်းပုံစံတင်မက အတွင်းပိုင်းစာတွေအထိ ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းကို ‌ဆုံးဖြတ်‌ပေးမယ့် ကိရိယာတစ်ခုပါ။‎‎အခွင့်အရေး၊ အခြေအနေ၊ ငွေကြေးနောက်ခံ၊ ပတ်ဝန်ကျင် စတဲ့ မခိုင်မာတဲ့အရာတွေကို မှိခိုပြီး အောင်မြင်အောင်၊ တိုးတက်အောင်၊ တန်ဖိုးရှိအောင်စတဲ့ ready-made နည်းပေးဆုံးမမှုတွေ မပါဝင်ဘဲ ကိုယ့်ရဲ့ စဉ်းစားချင့်ချိန်နှိင်မှု၊ ဆုံးဖြတ်နိုင်မှု၊ လက်တွေ့ကျတဲ့ အခြေအနေတွေကို အသုံးချပြီး ကိုယ့်ဘဝအတွက် ကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုကနေ တစ်ဆင့် တန်ဖိုးမြင့်လူသားတစ်ယောက်ဖြစ်အောင် ပြုမှုနေထိုင်ပုံကို ဖော်ထုတ်ပြထားပါတယ်။ နောက်တစ်ချက်အနေနဲ့ လက်တွေ့ကျမှုကို ဦးစားပေးတည်ဆောက်ထားတဲ့အတွက် ကောင်းတဲ့အရာ၊ ဆိုးတဲ့အရာဆိုပြီး ဘက်လိုက်ဖော်ပြမှုမပါဝင်ဘဲ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်ပြုသမျှက […]

နှလုံးသား အလှတရား

ဒီစာအုပ်လေးဟာ လူတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ စိတ်နေ စိတ်ထား နှလုံးသားနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အတတ်နိုင်ဆုံး ကျစ်လျစ်အောင် အားထုတ်ရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်ပဲ ဖြစ်ပါတယ်။ နှလုံးသားက လူတစ်ယောက်အတွက် သိပ်ကို အရေးပါတဲ့ အရာမို မိမိရှင်သန်ရာ သက်တမ်းတစ်လျှောက်မှာ ဖြူစင်တဲ့ စိတ်ထား၊ လှပတဲ့ နှလုံးသားနဲ့ ရှင်သန်သွားနိုင်ဖို လမ်းပြထားတဲ့ စာအုပ်လေး တစ်အုပ်ပါပဲ။ စာကြောင်းအချိတ်အဆက်တွေ မိချင်မှ မိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တိုရဲ့ နှလုံးသား၊ ကျွန်တော်တိုရဲ့ စိတ်နေစိတ်ထားနဲ့ ကျွန်တော်တို ဘယ်လိုလူမျိုးဖြစ်နေသလဲ၊ ကျွန်တော်တို ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲ၊ ကျွန်တော်တို ဘယ်လိုလူမျိုး ဖြစ်နေပြီလဲဆိုတာကို ဒီစာအုပ်လေးက မေးခွန်းထုတ်ပါလိမ့်မယ်။