မပန်ပါနဲ့ ကြွေချင်တယ်
‘မပန်ပါနဲ့ ကြွေချင်တယ်’ ဝတ္ထုလွမ်းကလေးသည် ရှုမ၀မဂ္ဂဇင်း နိုဝင်ဘာလ၊ ၁၉၆၀ တွင် ပုံနှိပ်ပါဝင်လေသည်။ ၁၉၆၀ တွင် စတင်ပုံနှိပ်သော ဤဝတ္ထုလွမ်းသည် ယခု ၂၀၂၄ တွင် ၆၄ နှစ် ကြာလေပြီ။ ✅ ပုံနှိပ်ချိန် အိုသော်လည်း၊ မအိုသေးသော ဝတ္ထုလန်းလေး ဖြစ်နေသေးသည်။ ✅ ဖတ်သူတိုင်းက ချစ်ကြသည်။ ✅ ဝတ္ထုအစကား သည်လို စတင်သည်။“ကြင်နာတဲ့လက်ကလေးတွေနဲ့ မောင့်ကို ထွေးဖက်ထားချင်ပါတယ်” ✅ ဝတ္ထုအဆုံးက သည်လို ဆုံးထားသည်။“မောင့်ကို ပန်းလို ပန်ထားချင်တယ်ဆိုတဲ့ မောင့်အချစ်ရယ်၊ မပန်ပါနဲ့ ကြွေချင်တယ်လို့သာ” စိတ်ထဲက ရွတ်ဆိုနေမိပါတော့တယ်။ ✅ ကျောင်းသား၊ ကျောင်းသူ အရွယ်တိုင်းက အလွန်ကြိုက်သော ဝတ္ထုဖြစ်ပါသည်။ ✅ ချစ်စိတ်ဝင်းပသူတိုင်း ကြိုက်ကြပါသည်။ ✅ ဖတ်မိသူတိုင်း […]