Author: Moe Kaung Myay Admin

Create good days

“Create good days”ဆိုတဲ့ ဒီစာအုပ်လေးကို စာအပုဒ်ရေ (၆၃)ပုဒ်နဲ့ ဖန်တီးထားတာပါ။ Motivation သီးသန့်မဟုတ်ပေမဲ့ စိတ်ခွန်အားရမည့် စာအုပ်လေးဖြစ်မှာပါ။ ဒီစာအုပ်ဖတ်ပြီးတာနဲ့ ဘာမှမကျန်ခဲ့ဘူးဆိုတဲ့ နောင်တတွေ ကင်းဝေးစေရပါမယ်။ တစ်နေ့တာကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြတ်သန်းကြမလဲ… စိတ်ကို အေးချမ်းစေမည့် အတွေးတွေ… မိဘနဲ့သားသမီးကြားမှာ ဖြစ်တတ်တာလေးတွေ… အားငယ်နေတဲ့အခါ ခွန်အားဖြစ်စေမယ့် အကြောင်းအရာတွေ… ဘယ်သူ့ကိုမှ မမှီခိုဘဲ တစ်ယောက်တည်း ရှင်သန်နိုင်တဲ့အကြောင်း… သူများတွေဆီက အများကြီး မမျှော်လင့်သင့်တဲ့အကြောင်း ရေးဖွဲ့ထားပါတယ်။ လူငယ်တစ်ယောက် ပတ်ဝန်းကျင်မှာ ကြုံတွေ့ရသမျှကို လက်တွေ့ကျကျရေးထားတဲ့ စာစုလေးတွေပါ။ ဒီစာအုပ်လေးဖတ်ပြီး ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ ကောင်းမွန်သော နေ့သစ်များ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ချစ်ခြင်းလိပ်ပြာ

“အချစ်ဆိုတာ ချစ်နေရရင် ကျေနပ်စရာပဲ”တဲ့။ ကိုယ်ချစ်တဲ့သူက ကိုယ့်နောက်ကွယ်မှာ ဖောက်ပြန်နေရင် တကယ်ပဲ ကျေနပ်စရာ ကောင်းနေဦးမှာလား။ (ဒါက စဥ်းစားစရာပါ) ဒီစာအုပ်လေးကို ဘယ်လိုလူတွေ ဖတ်ကြည့်သင့်သလဲဆိုရင်… ချစ်ကြိုက်ကွဲညား ပုံစံမျိုးကိုသာ စိတ်ဝင်စားသူတွေအဖို့ ဖတ်ရန်မသင့်ပါကြောင်း ကြိုတင်အသိပေးလိုပါတယ်။ အိမ်ထောင်ရှင်များအတွက် ဒီစာအုပ်လေးက တစ်စုံတစ်ခုသော အကျိုးရလဒ်ကို ဖြစ်ပေါ်စေမှာအသေအချာပါပဲ။ ခေတ်ဆိုးတစ်ခုကြားက ချမ်းသာခြင်းနဲ့ အားလုံးကို “ချစ်ခြင်းလိပ်ပြာ”ဆိုတဲ့ စာအုပ်လေးထဲမှာ ဖတ်ရှုခံစားရပါလိမ့်မယ်။

မျက်ရည်လွယ်သောသူများ ဖတ်ဖို့

“မျက်ရည်တွေမှာလည်း သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ မျက်ရည်တွေကို တန်ဖိုးမဲ့အောင် မလုပ်ပါနဲ့” ဒီစာအုပ်လေးဟာဆိုရင် မျက်ရည်လွယ်လွန်းတဲ့သူတွေကို ရည်ညွှန်းရေးသားထားပါတယ်။ မျက်ရည်လွယ်သောသူများ ဖတ်ဖို့ စာအုပ်ထဲမှာ— ◾အငိုတိတ်စေမယ့် နည်းလမ်းတွေ◾ ခံစားချက်ကို ချရေးနိုင်ဖို့အတွက် မေးခွန်းတွေ◾အတွင်းစိတ် ငြိမ်းချမ်းစေမယ့် နည်းလမ်းတွေ◾ အသည်းကွဲခြင်းကို ကုစားနည်းတွေ◾ စိတ်ခွန်အားဖြစ်စေမယ့် ပုံပြင်တွေ◾ စိတ်ခွန်အားပေး စာသားတွေ◾ မနာလိုစိတ်ကို ပယ်ဖျက်နည်းတွေ◾ စိတ်ဒဏ်ရာကို ကုစားနည်းတွေ◾ ဘဝ ရှင်သန်နည်းတွေ◾ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေနည်းတွေ များစွာပါဝင်ပါတယ်။

ပန်းကြွေတစ်ခက် မြေမသက်မီ

ဝတ္ထု၏ပင်မဇာတ်ကောင်မှာ ဆေးရုံတစ်ရုံရှိ ကြည်ကြည်ဆိုသည့် သာမန်သန့်ရှင်းရေးဝန်ထမ်း အမျိူးသမီးကလေး ဖြစ်သည်။ သာမန်သန့်ရှင်းရေးဝန်ထမ်းဖြစ်သော ကြည်ကြည်၏ မြင့်မြတ်သော၊ ရဲရင့်သော၊ လူသားဆန်သော၊ သူရဲကောင်းဆန်သော စွမ်းဆောင်မှုအကြောင်းများ ဖြစ်လေသည်။ ဝတ္ထု၏ကြောရိုးမှာ ဆေးရုံ လာတက်သော မောက်မာရက်စက်သည့် ဂုဏ်ကြီးရှင် ပညာတတ်အမျိူးသမီးတစ်ဦး၏ ညှင်းပန်းနှိပ်စက်မှုကို အရွယ်နှင့်မလိုက်အောင် ခံစားနေရရှာသည့် ၁၃ နှစ်အရွယ် အိမ်ဖော်မလေးတစ်ဦးအား အမှောင်ထု ငရဲခန်းမှ လွတ်မြောက်အောင် ကြည်ကြည် ဦးဆောင်သည့် အောက်ခြေ သန့်ရှင်းရေးဝန်ထမ်း အမျိူးသမီးတစ်စုတို့က ခက်ခက်ခဲခဲ ကယ်ထုတ်ပုံကို လှပသေသပ်စွာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဤ၀တ္ထု၏ ဇာတ်ကောင်ဖြစ်သူ ကြည်ကြည်သည် မိုးကောင်းကင်ပေါ်က လူတန်းစားမဟုတ်။ တွေဝေသူ ပညာတတ်မဟုတ်။ ရေပေါ်ဆီ လူ့မလိုင်မဟုတ်။ ရာထူးဂုဏ်သိန်ရှိသူမဟုတ်။ သာမန် အောက်ခြေလူတန်းစားသာဖြစ်သည်။ သို့သော် ကြည်ကြည်သည် မိုးကောင်းကင်ပေါ်က လူတန်းစားများ၊ တွေဝေသူပညာတတ်လူတန်းစားများ၊ […]

စိတ်အကြည်ဓာတ် ရရှိပါစေ…

ဆုပ်ကိုင်ခြင်းနှင့် စွန့်လွှတ်ခြင်းဆိုတဲ့ ဒီနှစ်ခုဟာ balance မျှရမယ်။ ဆုပ်ကိုင်ရမယ့်အရာတွေကို သိရှိပြီး မဖြစ်မနေ စွန့်လွှတ်ရမယ့်အရာတွေကိုလည်း သိရမယ်။ တကယ်တမ်း ကိုယ်တွေရင်ထဲမှာ အကြည်ဓာတ်လေးက ကိန်းအောင်းနေပြီးသားပါ။ အကြည်ဓာတ်လေးရှိမှ နေ့ရက်တိုင်းကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ ကိုယ့်အကြည်ဓာတ်ကို မပျောက်သွားအောင် ကိုယ့်ဘက်က ကာကွယ်တတ်ရတယ်။ Inner Peace လို့လည်း တင်စားချင်ပါတယ်။ စိတ်ကလေး မောပန်းနွမ်းလျတဲ့အခါ အခုစာအုပ်လေးက မိတ်ဆွေရဲ့မျက်နှာကို ပြုံးရယ်လာအောင် ပြုလုပ်ပေးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။​ လူက အရွယ်ရောက်လာတဲ့အခါ အထီးကျန်ချိန် တိုးလာတယ်။သို့သော်လည်း အဲဒီအထီးကျန်ခြင်းကို ကျော်ဖြတ်သွားနိုင်တဲ့အခါ ဘဝဟာ နေချင်စဖွယ် ဖြစ်သွားတယ်။ အပိုဆုအနေနဲ့ ကိုယ့်အထီးကျန်ခြင်းကို မျှဝေခံစားပေးနိုင်တဲ့ လူမျိုးကို ရှာတွေ့သွားရင်တော့ ဘဝဟာ ပိုနေချင်စဖွယ် ကောင်းလာပါတော့တယ်။

ငါ ဘာကို တွေးနေတာလဲ

အတွေးဆိုတာက လုပ်ဆောင်ချက်ရဲ့ ပင်မရင်းမြစ်ဖြစ်လို့ အတွေးကောင်းရင် လုပ်ဆောင်ချက်လည်း ကောင်းပါတယ်။ ကောင်းတာကိုပဲ တွေးနေတဲ့သူက ကောင်းတာတွေကိုသာ ပြောဖြစ်၊ လုပ်ဖြစ်နေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ အမြဲတမ်း ကောင်းတာတွေကိုချည်း ပြောမိ၊ လုပ်မိဖို့ ရာနှုန်းပြည့် မသေချာနိုင်ဘူးဆိုပေမဲ့ အများစုကတော့ ကောင်းတာတွေကိုပဲ ပြောမိ၊ လုပ်မိနေမှာတော့ သေချာပါတယ်။ ဒီလိုပါပဲ။ မကောင်းတာတွေကိုချည်း တွေးနေတဲ့သူကလည်း မကောင်းတာတွေကိုသာ အများအားဖြင့် ပြောမိ၊ လုပ်မိနေပါလိမ့်မယ်။🔺🔺🔺 ပိုပြီးတွေးနိုင်သူ…အထပ်ထပ်တွေးနိုင်သူ…အနီးစပ်ဆုံးတွေးနိုင်သူ…အမှန်ကန်ဆုံးတွေးနိုင်သူ…ကွင်းဆက်ရှာပြီး တွေးနိုင်သူတွေကသာ ရှေ့ဆုံးပိုင်းကို ရောက်နေတတ်ကြတာ ဖြစ်ပါတယ်။ အတွေးဆိုတာ လုပ်ဆောင်ပြုမူချက်တွေထက် ပိုအရေးကြီးတာမို့ “ပြေးကြည့်တာထက် တွေးကြည့်တာက ပိုမှန်တယ်” ဆိုပြီး လူတချို့ကတောင် ပြောဆိုတတ်ကြပါသေးတယ်။🔺🔺🔺 တွေးပါ…အမြဲတမ်း တွေးပါ…“ငါ ဘာကို လုပ်နေတာလဲ” ဆိုတာထက်…“ငါ ဘာကို တွေးနေတာလဲ” ဆိုတာမျိုးကို သိရှိနိုင်အောင်သာ ကိုယ့်ကိုယ်ကိုယ် အမြဲတစေ […]

ကျွန်မ… အိမ်ရှင်မ

#အိမ်ရှင်မဆိုတာ မှီခိုမဟုတ်ပါဘူး။ လူနေမှုပတ်ဝန်းကျင်မှာ ကျွန်မတို့အိမ်ရှင်မတွေကို မှီခိုဆိုပြီး သတ်မှတ်ကြတယ်။ တကယ်မှီခိုနေတာ မဟုတ်တဲ့အတွက် ဒီအသုံးမျိုး က အိမ်ရှင်မတွေကို သေးနုပ်စေတယ်။ အိမ်ရှင်မဆိုတာ အိမ်တစ်အိမ်ကို ရှင်သန်အသက်ဝင်အောင်၊ ပျော်ရွှင်အောင်၊ ချစ်ခြင်းမေတ္တာတွေနဲ့ မွမ်းမံခြယ်သထားတဲ့ အနုပညာဖန်ဆင်းရှင်တွေပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ် ဖန်တီးရှင်လို့ တွေးလိုက်ပြီဆိုတာနဲ့… မိမိရဲ့လုပ်နိုင်စွမ်းအားတွေ၊စိတ်ခွန်အားတွေ၊ဖန်တီးနိုင်မှုတွေက ပိုမိုမြင့်မားလာပါတယ်။ ကိုယ်တိုင်သိမြင်ဖို့လည်း လိုပါတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို သိမြင်အောင်ချပြဖို့လည်း လိုပါတယ်။ မိမိရဲ့အောင်မြင်မှုကနေတစ်ဆင့် ကိုယ့်ရဲ့ခင်ပွန်း၊ ကိုယ့်ရဲ့သားသမီးတွေကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ထောက်ပံ့ပေးနေတဲ့ ကန့်လန့်ကာနောက်ကွယ်က သူရဲကောင်းတွေဟာ ‘အိမ်ရှင်မ’ တွေပါပဲ။

အိမ်အပြန် မျက်နှာပန်းလှပါစေ

ဒီစာအုပ်လေးဟာ အနယ်နယ်အရပ်ရပ်ကနေ… ကိုယ့်မြေ၊ကိုယ့်ရေ၊ကိုယ့်ဒေသတွေကို ရဲရဲဝံ့ဝံ့ စွန့်ခွာကြပြီး ကိုယ်နဲ့ အကျွမ်းတဝင်မရှိတဲ့ မြို့ကြီးတွေပေါ်တက်၊ ရေခြားမြေခြားပြည်ပနိုင်ငံခြားကို ထွက်ခွာနေကြတဲ့ လူငယ်တွေ၊ တစ်နည်းအားဖြင့် စွန့်စွန့်စားစား သွားရောက် လုပ်ကိုင်စားသောက်နေထိုင် ရပ်တည်ပြီး အသက်ရှင်နေကြတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပါတယ်။ အားလုံးကို အိမ်အပြန်မျက်နှာပန်းလှပဖို့ရည် ရွယ်ကာ ရေးထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ ရေခြားမြေခြား ပြည်ပနိုင်ငံကို မဟာစွန့်စားခန်းတွေ ဖွင့်ပြီးမှတော့ အိမ်အပြန် မျက်နှာပန်းမလှခဲ့ရင် လူပြောစရာ၊ လှောင်ရယ်စရာ ကဲ့ရဲ့စရာဖြစ်ပြီးတော့ သေချင်တဲ့ကျားတွေ တောပြောင်းသွားကြတဲ့ စကားပုံအတိုင်း ဖြစ်နေကြပါလိမ့်မယ်။ ဒါကြောင့်…ရည်မှန်းချက်တွေ ကြီးကြီးထား၊အချိန်နဲ့ လုပ်အားကို တန်ဖိုးထားပြီးအိမ်အပြန် မျက်နှာပန်းလှအောင် ကြိုးစားကြပါလို့ ဒီစာအုပ်လေးနဲ့ပဲ တွန်းအားပေးလိုပါတယ်။ လူငယ်တွေ အားလုံး အိမ်အပြန်မှာ မျက်နှာပန်းလှကြပါစေ…

တန်ဖိုးရှိစွာ နေထိုင်ပါ

အပိုင်း (၁) တန်ဖိုးရှိစွာ နေထိုင်ပါ မအားအောင်နေပါစိတ်ဆိုတာ လွတ်အောင်ထားရင် အတွေးတွေက ပိုဝင်လာတတ်တယ်။ ဝင်လာသမျှအတွေးတွေကို လက်ခံနေရင် စိတ်ညစ်စရာတွေကြုံလာမယ်၊ စိတ်ဆင်းရဲစရာတွေဖြစ်လာရမယ်။အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက မအားအောင်နေခြင်းပဲဖြစ်ပါတယ်။အလုပ်တွေ၊ တာဝန်တွေကြားမှာ ပျော်မွေ့နေပါ။ လူပင်ပန်းချင် ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ စိတ်ကတော့ ပင်ပန်းမှာ မဟုတ်ဘူး။လူဆိုတာ အားနေရင် negative thinking တွေ ထွက်လာရော။ တကယ်အလုပ်လုပ်နေတဲ့သူတွေက စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ သူများအတင်းပြောနေဖို့ အချိန်မရှိဘူး။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။ သူများနဲ့လိုက်ပြီး judge လုပ်ဖို့အချိန်မရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။မအားအောင် နေဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာလုံးကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေတာရပ်ပေးပါ။ […]

သန်မာတဲ့ စိတ်ဓာတ်

“သန်မာတဲ့ စိတ်ဓာတ်” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်မှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ အပိုင်း (၁) ပျော်ရွှင်မှုအပိုင်း (၂) ရှင်သန်မှုအပိုင်း (၃) စိတ်သဘောထားတို့ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ဖတ်ပြီးသွားတဲ့အခါ စာဖတ်သူတို့အတွက် “သန်မာတဲ့ စိတ်ဓာတ်”ကို တည်ဆောက်ဖို့ ကျွန်တော်တို့ဆီမှာ ထားရှိရမယ့် အရည်အသွေးတွေကို နားလည်သိမြင်လာပြီး စိတ်ဓာတ်ခွန်အားလည်း ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။