Author: Moe Kaung Myay Admin

ကျောင်းတက်ချိန်

ယနေ့ ကမ္ဘာတစ်လွှားတွင် ကလေးတွေအတွက် သီချင်းတွေ အများကြီး သီဆိုနေကြတယ်။ ကဗျာတွေ အများကြီး ရွတ်ဖတ်နေကြတယ်။ သီချင်းတွေကြားနေရသော ကလေးတွေအတွက် အရိုင်းအစိုင်းစိတ်အမှောင်တွေ မလာတော့ဘူး။ ကဗျာတွေရွတ်နေရတဲ့ကလေးတွေအတွက် စိတ်ယုတ်စိတ်ညံ့တွေ သူတို့ဆီ မလာတော့ဘူး။ သူတို့လေးတွေဟာ ကဗျာတွေ ရွတ်ဖတ်ရင်းနဲ့ ပျော်နေကြတယ်။ မြူးနေကြတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ ရင်သွေးရတနာလေးတွေကို စိတ်ဓာတ်တွေ မရိုင်းအောင်၊ ယဉ်ကျေးသိမ်မွေ့လာအောင် ကဗျာလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါ။ အရောင်တွေကို ခုံမင်တဲ့ကလေးတွေအတွက် ကာလာစုံတွေလည်း ဖန်တီးပေးထားတာမို့ ကလေးတွေအတွက် အသင့်လျော်ဆုံး စာအုပ်လေးဖြစ်ကြောင်း ညွှန်းလိုက်ပါရစေနော်။

ထူးချွန်သောလူ

ဘဝကို ပုံဖော်ထုဆစ်ခြင်း

စိတ်၏ချမ်းသာခြင်း

အပျင်းကြီးလွန်းတဲ့ ကြက်ဖ

အန္တရာယ်ရေလက်ကြား

🔻လွန်ခဲ့သော ၂၆ နှစ်ခန့်က ပင်လယ်ပြင်မှာဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခု၊ သက်ဆိုင်ရာသ‌‌င်္ဘောသားများမှလွဲ၍ တခြားသူများ မသိရှိခဲ့သော အဖြစ်အပျက်တစ်ခုကို စာရေးသူမှ မမျှော်လင့်ဘဲ သိရှိခဲ့ရသည့်အတွက် ရေဆုံးရေဖျားလိုက်ကာ မှတ်တမ်းတင်ရေးသားခဲ့ရသော စာအုပ်တစ်အုပ်။🔻ပင်လယ်ကူး Tanker သင်္ဘောကြီး MT LOUISA ကို ပင်လယ်ဓားပြများက ခုနစ်ရက်တိုင်တိုင် ပြန်ပေးဆွဲခဲ့ပြီးနောက် မထင်မှတ်ဘဲ ပြန်လည်လွတ်မြောက်လာသည့်အကြောင်း။🔻ဒီအကြောင်းများကို မြန်မာသင်္ဘောသားတစ်ယောက်မှ ပြန်မပြောချင်သော်လည်း ပြန်ပြောခဲ့ပါသည်။ယခုတိုင် ဒီအကြောင်းများကို ပြန်စဉ်းစားမိလျှင် ညဘက် အိပ်မပျော်သူများလည်း ရှိနေဆဲပင်။🔻သင်္ဘောသားဆိုသည်မှာ ဒေါ်လာကိုင်နိုင်သော လက်ဖျားငွေသီးနေသည့်လူတန်းစားဟု အများက ထင်မြင်ကြသော်လည်း ပင်လယ်ပြင်တွင် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်‌ကြောင်းကို သိရှိသူ နည်းပါသည်။✏️ပင်လယ်ဓားပြဆိုသည့် လူတန်းစားများအကြောင်း။✏️ပင်လယ်ဓားပြများ၏ မယုံကြည်နိုင်စရာ လှည့်ကွက်များ။✏️ပင်လယ်ဓားပြများနှင့် သင်္ဘောသားတို့၏ သံယောဇဉ်။✏️အရေးအကြောင်း ကြုံလာသောအခါ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ချက်ခိုင်မာသူတစ်ယောက်။🔻လက်တွေ့ရင်ဆိုင်တွေ့ကြုံခဲ့ရသည့် သင်္ဘောသားကြီးများ၏ အန္တရာယ်ရေလက်ကြားမှ စွန့်စားခန်းများကို စာရေးသူမှ အသေးစိတ် […]

Options Selling နည်းလမ်းဖြင့် Financial Freedom ရယူခြင်း

💲ငွေနဲ့ပတ်သက်ရင် လူတစ်ယောက်အတွက် Financial Freedom ဆိုတာ အမြင့်ဆုံးပန်းတိုင် ဖြစ်ပါတယ်။ 💲ဒီပန်းတိုင်ကို ရယူနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်း စိတ်ဝင်စားသူ၊ ကိုယ်တိုင် လက်တွေ့အသုံးချပြီး ရယူလိုသူတွေအတွက် ဒီစာအုပ်က ကူညီနိုင်ပါတယ်။ 💲ဒီစာအုပ်မှာ ရှင်းပြထားတဲ့ Financial Freedom အယူအဆနဲ့ လက်တွေ့ရယူနိုင်တဲ့နည်း တွေက ငွေကြေးအသိအမြင်ကို ရှင်းရှင်းလင်းလင်း ရသွားစေမှာပါ။ 💲စတော့ဈေးကွက်နဲ့ Options Trading အခြေခံများကို အလွယ်တကူ နားလည်စေပြီး Options Selling ဆိုတဲ့ အမြတ်များတဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုအကြောင်း အသိပညာရစေမယ့် စာအုပ်ပါ။ 💲ငွေကြေး တိုးတက်ရေးအတွက် အစွမ်းထက်တဲ့ Options Selling လုပ်ငန်းအကြောင်းကို ဗဟုသုတအဖြစ် လေ့လာဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် လက်တွေ့လုပ်ကိုင်ပြီး အမြတ်ရှာဖို့ပဲဖြစ်ဖြစ် ဒီစာအုပ်က ဖတ်ရှုဖို့ သင့်တော်ပါတယ်။ 💲ဒီစာအုပ်က Equity […]

ဘဝနှင့် အချစ်၏ချိုမြိန်ခြင်း

ဒီစာအုပ်လေးမှာ…🩵ဘဝရုပ်ပုံလွှာနဲ့ 🩵အချစ်ရုပ်ပုံလွှာ ဆိုပြီးအပိုင်း (၂) ပိုင်းခွဲပြီး ရေးထားပါတယ်။ထုံးစံအတိုင်း ကျွန်မက တိုင်းရင်းသူမို့ မြန်မာစာအဖွဲ့အနွဲ့ သိပ်မတတ်ပါဘူး။ ဒီတော့ အရေးအသားတွေဟာ ရိုးရှင်းတဲ့စကား လုံးတွေပဲ ဖြစ်ပါတယ်။ရိုးရှင်းပေမဲ့ စာဖတ်သူများရင်ထဲ ရောက်ပါစေလို့ တိတ်တခိုး မျှော်လင့်မိပါတယ်။ဘဝထဲ ရှင်သန်လာတဲ့တစ်လျှောက်လည်း ကောင်းကောင်း၊ ဆိုးဆိုး အတွေ့တွေကို စာအဖြစ် ပြန်လည်ပြီး ရေးထားပါတယ်။ တချို့စာတွေဖတ်ရင်း တိုက်ဆိုင်မှုတွေရှိပြီး မိမိဘဝ ပြန်လည်မြင်ယောင်မိတာ ရှိပါလိမ့်မယ်။ ဘဝပုံရိပ်တွေပေါ့။ ဆိုးတဲ့ ပုံရိပ်၊ ကောင်းတဲ့ ပုံရိပ်၊ ကြည်နူးစရာ ပုံရိပ်၊ ၀မ်းသာစရာ ပုံရိပ် အစုံအလင်ပါပဲ။ဆယ်ကျော်သက်မှာလည်း ချစ်ခဲ့တယ်။ နှစ်ဆယ်ကျော်မှာလည်း ချစ်ခဲ့တယ်။ နောင် သုံးဆယ်ကျော်ရောက်လည်း ဆက်ချစ်ဖို့ အင်အားရချင်တယ်။🩵အချစ်ကို စိတ်မကုန်သင့်ဘူး။🩵ထပ်ချစ်ဖို့ မကြောက်သွားပါနဲ့။အချစ်ရှိတဲ့ဘဝဟာ သိပ်နေပျော်တယ်ဆိုတာ ကောင်းကောင်း သိတယ်။ အချစ်ရေးမှ ရလာတဲ့ […]

Create good days

“Create good days”ဆိုတဲ့ ဒီစာအုပ်လေးကို စာအပုဒ်ရေ (၆၃)ပုဒ်နဲ့ ဖန်တီးထားတာပါ။ Motivation သီးသန့်မဟုတ်ပေမဲ့ စိတ်ခွန်အားရမည့် စာအုပ်လေးဖြစ်မှာပါ။ ဒီစာအုပ်ဖတ်ပြီးတာနဲ့ ဘာမှမကျန်ခဲ့ဘူးဆိုတဲ့ နောင်တတွေ ကင်းဝေးစေရပါမယ်။ တစ်နေ့တာကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြတ်သန်းကြမလဲ… စိတ်ကို အေးချမ်းစေမည့် အတွေးတွေ… မိဘနဲ့သားသမီးကြားမှာ ဖြစ်တတ်တာလေးတွေ… အားငယ်နေတဲ့အခါ ခွန်အားဖြစ်စေမယ့် အကြောင်းအရာတွေ… ဘယ်သူ့ကိုမှ မမှီခိုဘဲ တစ်ယောက်တည်း ရှင်သန်နိုင်တဲ့အကြောင်း… သူများတွေဆီက အများကြီး မမျှော်လင့်သင့်တဲ့အကြောင်း ရေးဖွဲ့ထားပါတယ်။ လူငယ်တစ်ယောက် ပတ်ဝန်းကျင်မှာ ကြုံတွေ့ရသမျှကို လက်တွေ့ကျကျရေးထားတဲ့ စာစုလေးတွေပါ။ ဒီစာအုပ်လေးဖတ်ပြီး ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ ကောင်းမွန်သော နေ့သစ်များ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ချစ်ခြင်းလိပ်ပြာ

“အချစ်ဆိုတာ ချစ်နေရရင် ကျေနပ်စရာပဲ”တဲ့။ ကိုယ်ချစ်တဲ့သူက ကိုယ့်နောက်ကွယ်မှာ ဖောက်ပြန်နေရင် တကယ်ပဲ ကျေနပ်စရာ ကောင်းနေဦးမှာလား။ (ဒါက စဥ်းစားစရာပါ) ဒီစာအုပ်လေးကို ဘယ်လိုလူတွေ ဖတ်ကြည့်သင့်သလဲဆိုရင်… ချစ်ကြိုက်ကွဲညား ပုံစံမျိုးကိုသာ စိတ်ဝင်စားသူတွေအဖို့ ဖတ်ရန်မသင့်ပါကြောင်း ကြိုတင်အသိပေးလိုပါတယ်။ အိမ်ထောင်ရှင်များအတွက် ဒီစာအုပ်လေးက တစ်စုံတစ်ခုသော အကျိုးရလဒ်ကို ဖြစ်ပေါ်စေမှာအသေအချာပါပဲ။ ခေတ်ဆိုးတစ်ခုကြားက ချမ်းသာခြင်းနဲ့ အားလုံးကို “ချစ်ခြင်းလိပ်ပြာ”ဆိုတဲ့ စာအုပ်လေးထဲမှာ ဖတ်ရှုခံစားရပါလိမ့်မယ်။