အမျိုးသမီးများအတွက် စီမံခန့်ခွဲမှုအနုပညာ
ဒီစာအုပ်လေးထဲမှာရှိတဲ့ စာမျက်နှာတိုင်းဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘဝကို စီမံခန့်ခွဲရတဲ့အခါ တတ်အားသရွေ့ လမ်းညွှန်ပေးမယ့် အင်အားတွေချည်း ဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာပါတဲ့ “စီမံခန့်ခွဲမှု” ဆိုတာ သီးသန့်တာဝန်တစ်ရပ် မဟုတ်ပါဘူး။ မိသားစု၊ အလုပ်အကိုင်း လူမှုဆက်ဆံရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်း၊ ငွေကြေး အစရှိတဲ့ အပိုင်းကဏ္ဍတွေမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ မဖြစ်မနေ ကြုံဆုံရမယ့် အနုပညာတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်လေးကနေတစ်ဆင့် စာဖတ်သူတစ်ဦးချင်းစီအတွက် ဘာတွေ ရရှိနိုင်မလဲလို့ မေးရင် ကျွန်မ ရိုးရိုးသားသားပဲ ဖြေပေးလိုက် ချင်ပါတယ်။▪️ ကိုယ့်ကိုယ်ကိုယ် ပိုပြီးနားလည်လာနိုင်မယ်။▪️ လက်ရှိအခြေအနေအပေါ် စီမံခန့်ခွဲလာနိုင်မယ်။▪️ စဉ်းစားပုံ နည်းနာအသစ်တွေ လေ့လာမိလာမယ်။ ဒီစာအုပ်လေးကနေ ပေးနိုင်တဲ့အရာဟာ ဒီလောက်လေး ပါပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်စိတ်၊ ကိုယ့်မိသားစု၊ ကိုယ့်ငွေကြေး၊ ကိုယ့်အချိန်နဲ့ ကိုယ့်အလုပ်ကို အနုပညာမြောက်စွာ လိုက်လျောညီထွေရှိစွာ […]