Author: admin

စာဖတ်ခြင်းမှ စာရေးခြင်းသို့

‘ကျမ်းတစ်စောင်၊ စာတမ်းတစ်ခု’မျှ ခန့်ထည်ခြင်း မရှိနိုင်သော်ငြား စာရေးသည့်အခါ သိရှိ လိုက်နာ ကျင့်သုံးသင့်သည့် အခြေခံကျသော အချက်အလက်အချို့ကို ဖတ်မှတ်ရပါလိမ့်မည်။
စာကို မည်ကဲ့သို ့ရေးသားရမည်ကို ဝေဝါးနေသူများအတွက်(ဝါ) စာပေနယ်သို့ ဝင်ရောက်လိုသူများအတွက် တန်ဖိုးရှိနိုင်မည့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါသည်။ …..

ဘဝရဲ့လှည့်ကွက်များ

” ချစ်တဲ့သူတွေနဲ့ မဝေးပါရစေနဲ့ ”
ခေါင်းစဥ်လေးကို ရိုးရိုးလေးပဲ ပေးထားပါတယ်။
ဒီစာအုပ်လေးဟာ ကျနော်ရဲ့ ပထမဆုံး
solo ကဗျာစာအုပ်လေးပါ။ အသက်ရှူကျပ်နေတဲ့ကာလကြီးမှာ …..

Realization for life (1)

“ဘဝထဲက အနုပညာ” ဆိုတဲ့အတိုင်း နေ့စဉ်ဘဝမှာ ဖြစ်ပျက်ခဲ့တာတွေကို ကောင်းတဲ့အမြင်ဖြင့် နားလည်သဘောပေါက်ကြောင်း ရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်။
(Way to live) ဘဝနေထိုင်နည်း စာအုပ်လေးဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ် ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ အတွင်းစိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့အတွေး၊ အေးချမ်းတဲ့အတွေးတွေ တွေးနိုင်ဖို့ ရေးသားထားခြင်းလည်း ဖြစ်ပါတယ် …..

ပျော်ရွှင်ခြင်းအနှစ်သာရ

စိတ်ဓာတ်ကျလွယ်သူ၊ ဝမ်းနည်းလွယ်သူ၊ ကိုယ့်ဘဝကို တခြားသူနဲ့  နှိုင်းယှဉ်တတ်လွယ်သူ၊
ကိုယ့်ဘဝကို အားမလိုအားမရ ခံစားမိသူ၊ ကိုယ့်ကို မတော်ဘူး မထက်မြက်ဘူးလို့
ခံစားနေရသူတွေအတွက် ကျွန်မ ဒီစာအုပ်ကို ရေးခဲ့တာပါ။
အတတ်နိုင်ဆုံး တိုတိုရှင်းရှင်းနဲ့ ပေးချင်တဲ့ အဓိပ္ပာယ်ပေါ်လွင်အောင် …..

သက်တံရောင် စိတ်ကူးများ

၅၂၈  မေတ္တာနှင့် ဖြစ်စေ၊  ၁၅၀၀ ရဲ့ ချစ်ခြင်းနှင့် ဖြစ်စေ မကင်းကြတာ ကျွန်မတို့ လောကီလူသားတွေပါ။
ဒီချစ်ခြင်းတွေရဲ့ လွဲမှားတဲ့ ရိုက်ခတ်မှုတွေကြောင့်ပဲ ကျွန်မတို့ နှလုံးသားတွေ နွမ်းလျရပြန်ပါရောလေ။
ဒါကြောင့် ချစ်ခြင်းတွေမှာ  အပြစ်ကင်းဖို့၊  စေတနာတွေကနေ  ဝေဒနာ မဖြစ်ဖို့၊ အတ္တနဲ့ မချည်နှောင်မိစေဖို့၊ အရောင်တွေ မဆိုးမိစေဖို့၊ ကိုယ်ဟာ အချစ်ခံနေရတာလား၊ အနှစ်ခံနေရတာလား …..

မှန်ကန်သော ယှဥ်ပြိုင်ခြင်း

တချို့ အမှန်တရားတွေက နားနဲ့ မကြားနာဝံ့အောင်၊ ပါးစပ်ကနေ ထုတ်မပြောဝံ့အောင်အထိ ခါးသီးလွန်းနေတတ်ပါတယ်။ အဲဒီလို ခါးသီးလွန်းတဲ့ အမှန်တရားတွေထဲက အဖြစ်အပျက်တစ်ခုကို ဝတ္ထုအသွင်နဲ့ ဆီလျော်အောင် ရေးဖွဲ့ထားပါတယ်။
ဒီစာအုပ်လေးဟာ အပြင်လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အခြေခံပြီး စိတ်ကူးနဲ့ပေါင်းစပ်ကာ ရေးသားထားခြင်းလည်းဖြစ်တယ်။ …..

၂၁ ရာစု – လူငယ့်စိတ်၊ လူငယ့်အတွေး

ဤဝတ္ထုသည် အမျိုးသမီးတစ်ယောက်၊ အစ်မတစ်ယောက်၊ နှမတစ်ယောက်၊ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်၏ ဘဝအထွေထွေကို ခြယ်မှုန်းရေးသားထားသော ရသဝတ္ထုတစ်ပုဒ်ဖြစ်သည်။
ဧရာဝတီတိုင်းထဲက တောတောင်ရေမြေတွေ ပတ်ချာလည်ဝိုင်းနေတဲ့ ရွာသေးသေးကလေးမှာ ကြီးပြင်းခဲ့ရတဲ့ ခပ်နုံနုံအမျိုးသမီးလေးတစ်ယောက်…..

ပျော်ရွှင်ဖို့ မကြိုးစားပါနဲ့

ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ…
ကျွန်တော်တို့ ကိုယ့်ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်မိရင် လူအများစုဟာ ပျော်ရွှင်ခြင်းကို ပြင်ပအရာတွေဆီမှာ ရှာနေတတ်ကြတယ်။
ကိုယ်လိုချင်တဲ့အရာ၊ ကိုယ်ဖြစ်ချင်တဲ့အဖြစ်အပျက်ကို ရရှိပိုင်ဆိုင်တဲ့အခါ ပျော်ရွှင်ကြတယ်။ ….

နားလည်ခွင့်လွှတ်ခြင်း

“သုခရတနာသိုက်” ဆိုတာ အမှန်တော့ –
. သုခ = ချမ်းသာခြင်း။
. ရတနာ = နှစ်သက်မြတ်နိုးဖွယ်ဖြစ်သောအရာ။
. သိုက် = အစုအဝေး၊ အသိုက် …..

နေ့ရက်တိုင်းကို ရိုးရှင်းစွာရှင်သန်ပါ

ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဘယ်လိုခံယူထားသလဲ။
နေ့စဥ်နေ့တိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ရှင်သန်သွားနိုင်ဖို့ ဘာတွေ လိုအပ်မယ်လို့ ယူဆထားသလဲ။
ဘဝမှာ အများကြီး ခမ်းနားထည်ဝါဖို့ မလိုအပ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့အင်အားမျိုးနဲ့ ရှင်သန်နေဖို့သာ အရေးကြီးတာပါ။
ပြဿနာတွေ မကြုံဖို့ ဘုရားထံကိုဆုမတောင်းဖြစ်ပါဘူး။ …..