နားလည်ခွင့်လွှတ်ခြင်း

“နားလည်ခွင့်လွှတ်ခြင်း” ဆိုတဲ့ ဒီစာအုပ်လေးကို အပုဒ်ရေ (၅၉) ပုဒ်နဲ့ ဖန်တီးထားတာပါ။ စိတ်ကို အေးချမ်းစေမယ့်၊ စိတ်ခွန်အားရစေမယ့် စာအုပ်လေးဖြစ်မှာ အသေအချာပါပဲ။

“နားလည်ခွင့်လွှတ်ခြင်း” ဆိုလို့ အရာရာတိုင်းကို နားလည်ရမယ်၊ ခွင့်လွှတ်ရမယ်လို့ ဆိုလိုချင်တာတော့ မဟုတ်ဘူး။

နားလည်ခွင့်လွှတ်လို့ ရတာတွေ ရှိသလို နားလည်ခွင့်လွှတ်လို့ မရတာတွေလည်း ရှိတတ်တာမို့ နားလည်ခွင့်လွှတ်နိုင်တာကို နားလည်ခွင့်လွှတ်ပြီး နားလည်ခွင့်လွှတ်လို့ မရနိုင်တဲ့အရာတွေကို လွှတ်ချပြီးတော့ စွန့်ပစ်ရဲဖို့လည်း လိုအပ်ပါတယ်။

ဒီစာအုပ်လေး ဖတ်ပြီးတာနဲ့ ”ဘာမှ မကျန်ခဲ့ဘူး” ဆိုတဲ့ နောင်တမျိုး ကင်းဝေးစေပါလိမ့်မယ်။

“နားလည်ခွင့်လွှတ်ခြင်း” ဆိုတဲ့ ပန်းချီကားလေးဟာ ဘယ်လောက်အထိ သေသပ်လှပနေလည်းဆိုတာ ခံစားကြည့်ဖို့ ပန်ကြားလိုပါတယ်။

Comments are closed.