Author: admin

ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်း

လူတိုင်းဟာ ကိုယ်စီရှင်သန်ရာ ဘဝရဲ့အဓိပ္ပာယ်ကိုသိထားကြဖို့လိုအပ်မယ်ထင်ပါတယ်။ ဘဝဟာ ရှေ့ဆက်သွားနေပါတယ်။ ဘဝကိုရပ်တန့်လို့မရသလို နောက်ပြန်လှည့်လို့လည်းမရပါဘူး။ ဒီတော့ ဘယ်လိုရှေ့ဆက်မလဲ၊ ဘယ်လိုနေထိုင်သွားရမလဲ ဆိုတာကသာ ပိုပြီးတော့အရေးကြီးပါတယ်။ ဒီစာအုပ်လေးမှာ အပိုင်း(၅) ပိုင်းပါဝင်ပါတယ်။ အပိုင်း (၁) ပျော်ရွှင်ခြင်း၊အပိုင်း(၂) ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊အပိုင်း(၃) အသိပညာအလင်းစက်လေးများ၊အပိုင်း(၄) ချစ်ခြင်းမေတ္တာအပိုင်း(၅) အဓိပ္ပာယ်ရှိ သောဘဝတို့ ဖြစ်ပါတယ်။ စာအုပ်လေးကို ဖတ်တဲ့အခါ တချို့နေရာတွေမှာ တွေးစရာတွေရှိမယ်၊ တချို့နေရာတွေမှာ လက် တွေ့ လုပ်ဆောင်ရတာလေးတွေ ရှိပါလိမ့်မယ်။ တချို့နေရာတွေကို မြန်မြန်ဖတ်လို့ရပေမယ့် တချို့နေရာလေးတွေမှာတော့ တွေးတောသုံးသပ်ကာ ဖြည်းဖြည်းချင်း ဖတ်မယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ စာဖတ်ခြင်းရဲ့ရည်ရွယ်ချက်ဟာ လက်တွေ့အသုံးချဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်စာအုပ်လေးကို ဖတ်ရှုပြီး စာဖတ်သူတွေရဲ့ဘဝတွေမှာလက်တွေ့အသုံးချရင်း ဘဝကိုအဓိပ္ပာယ်ရှိအောင် ဖန်တီးနိုင် ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်ဖို့…

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ မအီစက်တော် လက်ဝဲ လက်ယာ ခြေတော်ရာများ၏ သမိုင်းကြောင်းများ …
စာရေးသူကိုတိုင် သွားရောက်ဖူးမြော်ခဲ့ရသော အတွေ့အကြုံများနှင့် မှတ်တမ်းဓာတ်ပုံများ …
နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မအီစက်တော်ရာသမိုင်းကြောင်းကို မြေပြင်နှင့် သမိုင်း​မှတ်တမ်းများပေါင်းကာ ရေးသားထားမှုများ …..

ဆင်ကလေးရဲ့ နောင်တ

လောက ဖြစ်စဉ်တွေထဲမှာ…
ရိုးစင်းတဲ့ အကြောင်းအရာတွေ ရှိတတ်သလို 
ဆန်းသစ်တဲ့ အကြောင်းအရာတွေလဲ ရှိတတ်ပါတယ်။ 
ဒီ စာအုပ်ကလေးထဲမှာတော့…

လူငယ်အတွက် ဘဝလမ်းညွှန်

အရွယ်မရောက်သေးတဲ့ သားသမီးရှိသူများ၊ အကြောင်းကြောင်းကြောင့် တစ်ပင်လဲမူ တစ်ပင်ထူလိုက်ရတဲ့ မိဘများ၊ သားသမီးအပေါ် အစိုးရိမ်လွန်ပြီး ဂရုစိုက်ရာက မျက်နှာလိုက်မိသူများ၊ သားကိုမှ ရင်သွေးထင်ပြီး သမီးကို လျစ်လျူပြုထားကြတဲ့ မိခင်များ ဖတ်ရှုသင့်တဲ့ ဝတ္ထုရှည်တစ်ပုဒ်။ ဒီဝတ္ထုထဲမှာ သမီးရည်းစားအချစ် မပါဘူး။ သားသမီးနဲ့ မိဘကြားက လစ်ဟာနေတဲ့ချစ်ခြင်းမေတ္တာ၊ မြေးအဘွားနှစ်ယောက်ရဲ့ သံယောဇဉ်၊ လူတောမှာနေပြီး …..

သိပ်တော်တဲ့ ငါ

ခံစားထိရှလွယ်တဲ့ သတ္တဝါတွေထဲမှာ လူက ထိပ်ဆုံးမှာ ရှိပါတယ်။ နေ့စဉ်လူမှုဘဝတွေထဲမှာ….
ထိခိုက်နာကျင်စရာတွေ၊ 
၀မ်းနည်းကြေကွဲစရာတွေ၊ 
စိတ်ပျက်အားငယ်စရာတွေဆိုတာ လူတိုင်းအတွက် အချိန်နဲ့အမျှပါပဲ။ ……

အမျိုးသမီးတစ်ယောက်ရဲ့စွမ်းအား

(ရောင်စုံ မှတ်တမ်းဓာတ်ပုံများလည်း ပါရှိပါသည်)
ပျော်ဘွယ်မြေပေါ်တွင် (၅၃) နှစ်ကြာ အခြေချတပ်စွဲခဲ့သည့် အင်္ဂလိပ်မြင်းတပ် (ဒေသအခေါ် “လားခြံ”)…
အင်္ဂလိပ်မြင်းတပ်သို့ “မြက်” ကန်ထရိုက်ပေးသွင်းခဲ့သည့် ပျော်ဘွယ်မြို့နယ်၊ ဝက်လက်ရွာသား၊ ဗမာလူမျိုးတစ်ယောက်…
မြန်မာနိုင်ငံမှာ မွေးဖွားသည့် စကော့တလန်နိုင်ငံသူတစ်ယောက် …..

ကြိုးစားခြင်း နဲ့ အောင်မြင်ခြင်း

သဘာဝရဲ့ အလှတရားတွေကို 
ဂုဏ်ပြုချင်တဲ့အတွက် 
ကဗျာစပ်ပါတယ်။ 
သမုဒယနွယ်ကိုလည်း …..

မနေ့ကထက် ပိုချစ်တယ်

ဒီစာအုပ်လေးက စာရေးသူရဲ့ ပထမဆုံးသော ဝတ္ထုတိုစာအုပ်ကလေး ဖြစ်ပါတယ်။ စုစုပေါင်း ဝတ္ထုတို (၁၀) ပုဒ်တိတိပါဝင်ပြီး တစ်ပုဒ်စီတိုင်းမှာ – ဘဝရသများ၊ 
လူနေမှုစရိုက်များကို ထင်ဟပ်စေသော ဇာတ်ကောက်စရိုက်များ၊ 
ဆင်ခြင်စရာ လူမှုရေးပြဿနာများနှင့် အတုယူဖွယ်ရာ ဘဝသင်ခန်းစာများကိုလည်း …..

လူငယ်တစ်ယောက် လျှောက်သောလမ်း

ယခုစာအုပ်လေးထဲတွင် လူငယ်များအတွက် ခွန်အားဖြစ်စေရန်၊ ရည်မှန်းချက် ခိုင်မာပြတ်သားစေရန်၊ ဝါသနာနှင့် ဝမ်းရေးကို ချိန်ညှိတတ်စေရန်၊ ကိုယ်လျှောက်မည့်လမ်းကို မှန်ကန်စွာရွေးချယ်တတ်စေရန်၊ ထိုလမ်းအတွက် ဇွဲရှိစေရန်၊ လမ်းမှားများကို မလျှောက်မိစေရန် စသော အကြောင်းအရာများ ပါရှိလေသည်။ စာအုပ်၏ နေရာတစ်ခုတွင် စာရေးသူက အောက်ပါတိုင်း ညွှန်းဆိုဖော်ပြထား၏။ ယင်းမှာ …..