Month: November 2026

မေတ္တာတွေ အပေးလွန်တဲ့အခါ

📚 စာညွှန်း – “မေတ္တာတွေ အပေးလွန်တဲ့အခါ”“မေတ္တာဆိုတာ ကိုယ့်ဘဝတစ်ခုလုံးကို ပုံအပ်ပြီး တစ်ဖက်လူရဲ့အလိုကျ နေပေးရတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး” ချစ်တယ်ဆိုတာ ကိုယ့်မှာရှိသမျှ အကုန်ပေးအပ်လိုက်ရတာလို့ ထင်မှတ်ခဲ့ဖူးသူတွေ ရှိပါတယ်။ ကိုယ့်အချိန်တွေ၊ ကိုယ့်ရဲ့အိပ်မက်တွေနဲ့ လိုအပ်ချက်တွေကို နောက်ဆုံးနေရာမှ ာထားခဲ့ပြီး တစ်ဖက်လူပျော်ရင် ကိုယ်လည်း ပျော်ပါတယ်လို့ ယုံကြည်ခဲ့ဖူးကြပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ကိုယ်တိုင်ပဲ နာကျင်မှုတွေနဲ့ အထီးကျန်စွာ ကျန်ရစ်ခဲ့ရတယ်ဆိုတာကို တစ်ချိန်ချိန်မှာ သတိထားမိလာတတ်ပါတယ်။ ဒီစာအုပ်လေးကတော့ အဲဒီလို ခံစားချက်မျိုးစုံကို ဖြတ်သန်းဖူးသူတွေရဲ့ ရင်ဖွင့်သံ၊ နာကျင်မှုတွေကို စကားလုံးအဖြစ် ပုံဖော်ထားတဲ့ မှတ်တမ်းတစ်ခုပါပဲ။ ဒီစာအုပ်ထဲမှာ မေတ္တာ အပေးလွန်ခဲ့ရလို့ ပင်ပန်းရတဲ့ အကြောင်းတရားတွေကို အပိုင်း (၅) ပိုင်းနဲ့ ရင်းနှီးနွေးထွေးတဲ့ သူငယ်ချင်းတစ်ယောက်လို ဖွင့်ဟပြောပြထားပါတယ်။ စာမျက်နှာတွေကြားမှာ မေတ္တာကို အရင်းအနှီးပြုရင်းကနေ […]