တန်ဖိုးရှိစွာ နေထိုင်ပါ
အပိုင်း (၁) တန်ဖိုးရှိစွာ နေထိုင်ပါ မအားအောင်နေပါစိတ်ဆိုတာ လွတ်အောင်ထားရင် အတွေးတွေက ပိုဝင်လာတတ်တယ်။ ဝင်လာသမျှအတွေးတွေကို လက်ခံနေရင် စိတ်ညစ်စရာတွေကြုံလာမယ်၊ စိတ်ဆင်းရဲစရာတွေဖြစ်လာရမယ်။အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက မအားအောင်နေခြင်းပဲဖြစ်ပါတယ်။အလုပ်တွေ၊ တာဝန်တွေကြားမှာ ပျော်မွေ့နေပါ။ လူပင်ပန်းချင် ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ စိတ်ကတော့ ပင်ပန်းမှာ မဟုတ်ဘူး။လူဆိုတာ အားနေရင် negative thinking တွေ ထွက်လာရော။ တကယ်အလုပ်လုပ်နေတဲ့သူတွေက စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ သူများအတင်းပြောနေဖို့ အချိန်မရှိဘူး။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။ သူများနဲ့လိုက်ပြီး judge လုပ်ဖို့အချိန်မရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။မအားအောင် နေဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာလုံးကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေတာရပ်ပေးပါ။ […]