Month: August 2023

နောင်တကင်းအောင် နေတတ်ပြီလား

“နောင်တကင်းအောင် နေတတ်ပြီလား” စာအုပ်လေးထဲမှာ စာရေးသူရဲ့ ခံစားချက်တွေကို စကားလုံးအဖြစ် ပြောင်းလဲပုံဖော်ခဲ့ရင်း အရွယ်နဲ့မလိုက်တဲ့ ခံစားချက်တွေ၊အရွယ်နဲ့ မလိုက်အောင် ပေးဆပ်နေရတဲ့ သူတွေကို တန်ဖိုးထားပေးဖို့၊ နွေးထွေးပေးဖို့၊ ဂရုစိုက်ပေးဖို့၊ အားပေးဖို့၊ နားလည်ကြင်နာပေးဖို့ လမ်းပြပေးတဲ့ စာအုပ်အဖြစ် ပုံဖော်ထားခြင်း ဖြစ်ပါတယ်။ အချိန်က တိုတောင်းပေမဲ့ ရုန်းကန်ရတာ အရမ်းကို ပင်ပန်းရပါတယ်။ဒါကြောင့် ပင်ပန်းနေတဲ့ သူတွေရဲ့ ထွက်ပေါက်တွေကတော့ ပျော်ရွှင်နွေးထွေးခြင်းပါပဲ။ ပျော်ရွှင်မှု များစွာထဲမှာမှ စာရေးသူ အကြိုက်ဆုံးကတော့ “နောင်တကင်းစွာနဲ့ စိတ်ကို အေးအေးချမ်းချမ်းဖြစ်ဖို့” ပါ။အေးချမ်းနေတဲ့စိတ်က ဘယ်အချိန်ဖြစ်ဖြစ် အလွယ်တကူ မပူလောက်တော့ပါဘူး။ ဒီစာအုပ်က…တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်သူတွေ၊ အထီးကျန်နေတဲ့သူတွေအတွက် အဖော်မွန်ကောင်းတစ်ယောက်အဖြစ် ရှ်ိနေသလိုမျိုး ခံစားစေရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ပြီးတော့ အလှူအတန်းများ၊ ကုသိုလ်များကိုလည်း အဓိပ္ပာယ်ရှိတဲ့ နေရာတွေမှာ အကျိုးပြုလှူတတ်ဖို့အတွက် […]

လွတ်လပ်သော ဘဝ

သတိရတဲ့အခါ မေတ္တာပို့ပါ

“မေတ္တာဆိုတာပေးဆပ်ခြင်းဖြစ်ပါတယ်… သူတစ်ပါးအပေါ်မှာ မေတ္တာအများကြီး ရှိတယ်ဆိုရင်အများကြီး ပေးဆပ်ဖို့ လိုပါတယ်… သတိရတဲ့အခါ မေတ္တာပို့ပါဆိုတဲ့ စာအုပ်ထဲမှာ အပိုင်း ( ၄ ) ပိုင်း ရေးသားထားပါတယ်။ ▪️အပိုင်း ( ၁ ) မှာတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ စိတ်အေးချမ်းခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးသားထားပါတယ်။ ▪️အပိုင်း ( ၂ ) မှာတော့ ဘဝကို ကောင်းစွာနေထိုင်တတ်စေဖို့ ရေးသားထားပါတယ်။ ▪️ အပိုင်း ( ၃ ) မှာတော့ အနာဂတ်ပျောက်နေသလို ခံစားရတဲ့သူတွေအတွက် စိတ်ဓာတ်တက်ကြွပြီး ကြိုးစားလိုစိတ်ပြင်းထန်လာစေဖို့ တိုက်တွန်းရေးသားထားပါတယ်။ ▪️အပိုင်း ( ၄ ) မှာတော့ ချစ်ခြင်းတရားနဲ့ ပတ်သက်တဲ့အကြောင်းကို ရေးသားထားပါတယ်။ ဒီစာအုပ်လေးမှာ မတူညီတဲ့ ကဏ္ဍ […]

စာဖတ်ခြင်းမှ စာရေးခြင်းသို့

‘ကျမ်းတစ်စောင်၊ စာတမ်းတစ်ခု’မျှ ခန့်ထည်ခြင်း မရှိနိုင်သော်ငြား စာရေးသည့်အခါ သိရှိ လိုက်နာ ကျင့်သုံးသင့်သည့် အခြေခံကျသော အချက်အလက်အချို့ကို ဖတ်မှတ်ရပါလိမ့်မည်။
စာကို မည်ကဲ့သို ့ရေးသားရမည်ကို ဝေဝါးနေသူများအတွက်(ဝါ) စာပေနယ်သို့ ဝင်ရောက်လိုသူများအတွက် တန်ဖိုးရှိနိုင်မည့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါသည်။ …..

ဘဝရဲ့လှည့်ကွက်များ

” ချစ်တဲ့သူတွေနဲ့ မဝေးပါရစေနဲ့ ”
ခေါင်းစဥ်လေးကို ရိုးရိုးလေးပဲ ပေးထားပါတယ်။
ဒီစာအုပ်လေးဟာ ကျနော်ရဲ့ ပထမဆုံး
solo ကဗျာစာအုပ်လေးပါ။ အသက်ရှူကျပ်နေတဲ့ကာလကြီးမှာ …..

ဆရာကေး၏ ကြက်တရားစီရင်ခန်း

“ဘဝထဲက အနုပညာ” ဆိုတဲ့အတိုင်း နေ့စဉ်ဘဝမှာ ဖြစ်ပျက်ခဲ့တာတွေကို ကောင်းတဲ့အမြင်ဖြင့် နားလည်သဘောပေါက်ကြောင်း ရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်။
(Way to live) ဘဝနေထိုင်နည်း စာအုပ်လေးဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ် ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ အတွင်းစိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့အတွေး၊ အေးချမ်းတဲ့အတွေးတွေ တွေးနိုင်ဖို့ ရေးသားထားခြင်းလည်း ဖြစ်ပါတယ် …..

ပျော်ရွှင်ခြင်းအနှစ်သာရ

စိတ်ဓာတ်ကျလွယ်သူ၊ ဝမ်းနည်းလွယ်သူ၊ ကိုယ့်ဘဝကို တခြားသူနဲ့  နှိုင်းယှဉ်တတ်လွယ်သူ၊
ကိုယ့်ဘဝကို အားမလိုအားမရ ခံစားမိသူ၊ ကိုယ့်ကို မတော်ဘူး မထက်မြက်ဘူးလို့
ခံစားနေရသူတွေအတွက် ကျွန်မ ဒီစာအုပ်ကို ရေးခဲ့တာပါ။
အတတ်နိုင်ဆုံး တိုတိုရှင်းရှင်းနဲ့ ပေးချင်တဲ့ အဓိပ္ပာယ်ပေါ်လွင်အောင် …..

ဝတ္ထုတစ်ပုဒ် စာတစ်အုပ်

၅၂၈  မေတ္တာနှင့် ဖြစ်စေ၊  ၁၅၀၀ ရဲ့ ချစ်ခြင်းနှင့် ဖြစ်စေ မကင်းကြတာ ကျွန်မတို့ လောကီလူသားတွေပါ။
ဒီချစ်ခြင်းတွေရဲ့ လွဲမှားတဲ့ ရိုက်ခတ်မှုတွေကြောင့်ပဲ ကျွန်မတို့ နှလုံးသားတွေ နွမ်းလျရပြန်ပါရောလေ။
ဒါကြောင့် ချစ်ခြင်းတွေမှာ  အပြစ်ကင်းဖို့၊  စေတနာတွေကနေ  ဝေဒနာ မဖြစ်ဖို့၊ အတ္တနဲ့ မချည်နှောင်မိစေဖို့၊ အရောင်တွေ မဆိုးမိစေဖို့၊ ကိုယ်ဟာ အချစ်ခံနေရတာလား၊ အနှစ်ခံနေရတာလား …..

မှန်ကန်သော ယှဥ်ပြိုင်ခြင်း

တချို့ အမှန်တရားတွေက နားနဲ့ မကြားနာဝံ့အောင်၊ ပါးစပ်ကနေ ထုတ်မပြောဝံ့အောင်အထိ ခါးသီးလွန်းနေတတ်ပါတယ်။ အဲဒီလို ခါးသီးလွန်းတဲ့ အမှန်တရားတွေထဲက အဖြစ်အပျက်တစ်ခုကို ဝတ္ထုအသွင်နဲ့ ဆီလျော်အောင် ရေးဖွဲ့ထားပါတယ်။
ဒီစာအုပ်လေးဟာ အပြင်လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အခြေခံပြီး စိတ်ကူးနဲ့ပေါင်းစပ်ကာ ရေးသားထားခြင်းလည်းဖြစ်တယ်။ …..

၂၁ ရာစု – လူငယ့်စိတ်၊ လူငယ့်အတွေး

ဤဝတ္ထုသည် အမျိုးသမီးတစ်ယောက်၊ အစ်မတစ်ယောက်၊ နှမတစ်ယောက်၊ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်၏ ဘဝအထွေထွေကို ခြယ်မှုန်းရေးသားထားသော ရသဝတ္ထုတစ်ပုဒ်ဖြစ်သည်။
ဧရာဝတီတိုင်းထဲက တောတောင်ရေမြေတွေ ပတ်ချာလည်ဝိုင်းနေတဲ့ ရွာသေးသေးကလေးမှာ ကြီးပြင်းခဲ့ရတဲ့ ခပ်နုံနုံအမျိုးသမီးလေးတစ်ယောက်…..