💕စာညွှန်း –
တစ်ခါတလေ ကျွန်တော်တို့တွေ ဘာမှ မလုပ်ရသေးဘဲ ပင်ပန်းနေတတ်တယ်။
အဲဒီပင်ပန်းမှုဟာ အလုပ်များလို့ပဲ မဟုတ်ပါဘူး။
နေ့စဉ်ဘဝရဲ့ တာဝန်တွေ၊ မပြောဖြစ်တဲ့ စိတ်ဒဏ်ရာတွေ၊ အမြဲတမ်းကောင်းအောင် ကြိုးစားနေရတဲ့ ဖိအားတွေက တိတ်တိတ်လေးနဲ့ စိတ်ကို နွမ်းနယ်လာစေတတ်ပါတယ်။
တချို့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်တောင် မေးမိတတ်တယ်။
“ဘာလို့ ဒီလောက်ပင်ပန်းနေတာလဲ”
“ငါ တကယ်ပဲ အားနည်းနေတာလား”
ဒါပေမဲ့…
ပင်ပန်းတယ်ဆိုတာ အားနည်းခြင်းရဲ့ သက်သေမဟုတ်ပါဘူး။
ဘဝကို ရင်ဆိုင်နေဆဲ၊ ကြိုးစားနေဆဲဆိုတဲ့ သက်သေတစ်ခုပါ။
ကျွန်တော့်ရဲ့တတိယမြောက်စာအုပ်ဖြစ်တဲ့ “ပင်ပန်းမှုတွေကြားမှာ ရင့်ကျက်စွာ ရှင်သန်ခြင်း” ဆိုတဲ့စာအုပ်လေးက သင့်ရဲ့ ပြဿနာတွေကို ချက်ချင်းပျောက်ကွယ်သွားစေမယ့် စာအုပ်လေးတော့ မဟုတ်ပါဘူး။
ဒါပေမဲ့…
အခက်အခဲတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင်၊ ကျရှုံးမှုတွေကြားမှာ ပြန်လည်ရပ်တည်နိုင်အောင်၊ ဘဝရဲ့ ခက်ခဲတဲ့အချိန်တွေကို ပိုနားလည်ပြီး ရင့်ကျက်စွာ ဖြတ်သန်းနိုင်အောင် လမ်းပြပေးမယ့် စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။
တစ်ခါတလေ ဘဝကို ပြောင်းလဲပေးတာက ပြဿနာတွေ မရှိတော့ခြင်း မဟုတ်ပါဘူး။
ပြဿနာတွေကို ကြည့်တဲ့ ကိုယ့်ရဲ့အမြင် ပြောင်းလဲသွားခြင်းပါပဲ။
တကယ်တော့ ပင်ပန်းမှာကို ကြောက်ရမှာ မဟုတ်ပါဘူး၊ သက်သက်သာသာနေရင်း ဘဝက ခက်ခဲလာမှာကိုသာ ကြောက်ရမှာပါ။
သင် အခုတလော စိတ်ပင်ပန်းနေတယ်ဆိုရင်…
ဒီစာအုပ်က သင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။
တရားဟောမှာလည်း မဟုတ်ပါဘူး။
သင့်ဘေးမှာ ထိုင်ပြီး…
“ဆက်လျှောက်ပါ၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး” လို့ တိတ်တိတ်လေး အားပေးနေမယ့် အဖော်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။