တန်ဖိုးရှိစွာ နေထိုင်ပါ

"တန်ဖိုးရှိစွာ နေထိုင်ပါ" လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးဟာ ဘဝမှာ တန်ဖိုးရှိအောင် နေထိုင်တတ်စေဖို့အတွက် အကြံပြုချက်များကို ရေးသားထားတဲ့စာအုပ်လေး ဖြစ်ပါတယ်။
 
 စာအုပ်လေးမှာ အပိုင်း (၂) ပိုင်း ပါဝင်ပြီး အပိုင်း (၁) မှာ တန်ဖိုးရှိအောင် နေထိုင်တတ်စေဖို့ အကြံပြုထားတဲ့ စာစုလေးတွေကို ဖတ်ရှုရမှာဖြစ်ပြီး အပိုင်း (၂) မှာ စိတ်ချမ်းသာအောင် နေထိုင်တတ်စေဖို့ အကြံပြုထားတဲ့ စာစုလေးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ တန်ဖိုးလည်း ရှိ၊ စိတ်လည်းချမ်းသာ​နေတဲ့ ဘဝ​လေးဟာ ပျော်စရာတွေနဲ့ ပြည့်နေမှာ အသေအချာပါပဲ။

အပိုင်း (၁) တန်ဖိုးရှိစွာ နေထိုင်ပါ

မအားအောင်နေပါ
စိတ်ဆိုတာ လွတ်အောင်ထားရင် အတွေးတွေက ပိုဝင်လာတတ်တယ်။ ဝင်လာသမျှအတွေးတွေကို လက်ခံနေရင် စိတ်ညစ်စရာတွေကြုံလာမယ်၊ စိတ်ဆင်းရဲစရာတွေဖြစ်လာရမယ်။
အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက မအားအောင်နေခြင်းပဲဖြစ်ပါတယ်။
အလုပ်တွေ၊ တာဝန်တွေကြားမှာ ပျော်မွေ့နေပါ။ လူပင်ပန်းချင် ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ စိတ်ကတော့ ပင်ပန်းမှာ မဟုတ်ဘူး။
လူဆိုတာ အားနေရင် negative thinking တွေ ထွက်လာရော။ တကယ်အလုပ်လုပ်နေတဲ့သူတွေက စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ သူများအတင်းပြောနေဖို့ အချိန်မရှိဘူး။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။ သူများနဲ့လိုက်ပြီး judge လုပ်ဖို့အချိန်မရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။
မအားအောင် နေဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာလုံးကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေတာရပ်ပေးပါ။

အပိုင်း (၂) စိတ်ချမ်းသာအောင်နေထိုင်ပါ

Face and Fight
အားငယ်စရာတွေ ကြုံလာတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားတဲ့စိတ်​လေးနဲ့ကျော်ဖြတ်ပါ။
ဝေဖန်ရှုတ်ချမှုတွေ မြင်ရတဲ့အခါ ပြုံးပြုံးလေးနဲ့ တည်ငြိမ်တဲ့ စိတ်လေးထားကာ ရင်ဆိုင်ပါ။
လျှောက်တဲ့လမ်းတွေ ဝေဝါးသွားတဲ့အခါ ဘဝရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး လျှောက်လှမ်းပါ။
ပျော်စရာတွေ ပျောက်သွားတဲ့အခါ ရင့်ကျက်ခြင်းနဲ့ တည်ငြိမ်ခြင်းကို အစားထိုးပါ။
နာကျင်စရာတွေ များလာတဲ့အခါ လွှတ်ချလိုက်ပြီး ပျော်အောင်နေပါ။
ကျွန်တော်တို့ဘဝမှာ အောင်မြင်ခြင်းရှိရင် ကျရှုံး​ခြင်းလည်း ရှိမယ်။ ပျော်ရွှင်ခြင်းရှိရင် ဝမ်းနည်း​ခြင်းလည်း ရှိမယ်။ သုခရှိရင် ဒုက္ခလည်း ရှိမယ်။အ​ကောင်း​ရှိရင် အဆိုးလည်း ရှိမယ်။ ဒါကြောင့် ဘဝမှာ ဘယ်လိုပဲကြုံရကြုံရ၊ ဘာအခြေအနေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကောင်းတာတွေကို ကောင်းတာလေးတွေနဲ့ အစားထိုးပြီး ပျော်အောင်သာနေပါ။

4 thoughts on “တန်ဖိုးရှိစွာ နေထိုင်ပါ

  1. Hi this is kind of of off topic but I was wanting to know if blogs use WYSIWYG editors or if you have to manually code with HTML. Im starting a blog soon but have no coding know-how so I wanted to get advice from someone with experience. Any help would be enormously appreciated skla

  2. Equilibrado de piezas El equilibrado es una etapa esencial en el mantenimiento de maquinaria agricola asi como en la fabricacion de ejes volantes rotores y armaduras de motores electricos. El desequilibrio genera vibraciones que aceleran el desgaste de los rodamientos provocan sobrecalentamiento e incluso pueden causar la rotura de los componentes. Con el fin de prevenir fallos mecanicos resulta esencial detectar y corregir el desequilibrio a tiempo utilizando metodos modernos de diagnostico. Principales metodos de equilibrado Existen varias tecnicas para corregir el desequilibrio dependiendo del tipo de pieza y la intensidad de las vibraciones: El equilibrado dinamico – Se aplica en elementos rotativos rotores y ejes y se lleva a cabo mediante maquinas equilibradoras especializadas. El equilibrado estatico – Se emplea en volantes ruedas y piezas similares donde basta con compensar el peso en un solo plano. Correccion del desequilibrio – Se lleva a cabo mediante: Perforado retirada de material en la zona de mayor peso Colocacion de contrapesos en ruedas aros de volantes Ajuste de masas de balanceo por ejemplo en ciguenales. Diagnostico del desequilibrio: equipos utilizados Para identificar con precision las vibraciones y el desequilibrio se utilizan: Maquinas equilibradoras – Permiten medir el nivel de vibracion y determinan con exactitud los puntos de correccion. Equipos analizadores de vibraciones – Registran el espectro de oscilaciones detectando no solo el desequilibrio sino tambien otros defectos como el desgaste de rodamientos. Sistemas de medicion laser – Se emplean para mediciones de alta precision en componentes criticos. Especial atencion merecen las velocidades criticas de rotacion – regimenes en los que la vibracion aumenta drasticamente debido a fenomenos de resonancia. Un equilibrado correcto previene danos en el equipo bajo estas condiciones.

  3. Have you ever considered publishing an ebook or guest authoring on other websites?
    I have a blog based upon on the same subjects you discuss and would love to
    have you share some stories/information. I know my
    viewers would enjoy your work. If you are even remotely interested, feel free to shoot me
    an e mail.

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>