ကြောင်ထောင် ယုန်မိနှင့် အခြားဝတ္ထုတိုများ

စာညွှန်း-

ရသဝတ္ထုတွေ အရေးနည်း အထွက်ကျဲနေတဲ့
ကာလမှာ ရှားရှားပါးပါးဖတ်ရှုရမဲ့ စာရေးဆရာ
ဥရုကိုကိုရဲ့ ရှစ်အုပ်မြောက် ရသဝတ္ထုတိုစာအုပ်ဖြစ်ပါတယ် ။
ဝတ္ထုတို ( ၇ ) ပုဒ်ပါဝင်ပြီးတော့ အများစုက
လူနဲ့တိရိတ္ဆန်တို့ရဲ့ အချစ်၊ မေတ္တာ၊ သံယောဇဉ်၊နှောင်ကြိုး ဘဝသရုပ်ဖော်ဝတ္ထုတိုလေးတွေဖြစ်တဲ့အတွက် တိချစ်သူတွေအတွက် သတင်းကောင်းလို့
ပြောလို့ရပါတယ် ။
သာမန် ခွေးအကြောင်း ကြောင်အကြောင်း ကြက်အကြောင်းဝတ္ထုတိုလေးတွေဖြစ်လင့်ကစား မထင်မှတ်ထားတဲ့လှည့်ကွက်တွေ လျှို့ဝှက်ချက်တွေဟာ စာဖတ်သူရဲ့ဖတ်လိုစိတ်ကို တစ်အုပ်လုံးဖတ်လို့ကုန်တဲ့အထိစွဲဆောင်စေပါတယ် ။
တိရိတ္ဆန်လေးတွေကိုချစ်ပါ ။ ကြင်နာပါ ။မေတ္တာထားပါ တိလေးတွေသည် ရောင်းကုန်မဟုတ်ပါ ။ တိရိတ္ဆန်လေးတွေမှာလည်း လူတွေလို
ပဲ ခံစားတတ် စာနာတတ် နားလည်တတ်တဲ့ နှလုံး
သားရှိတယ်ဆိုတယ်ဆိုတာကို ဖြစ်ရပ်မှန်ရောစွက်
ထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ပုံဖော်ထားခြင်းမို့ တိချစ်သူတွေအကြိုက်တွေ့စေမဲ့အပြင် ရသစာပေချစ်သူတို့အတွက် လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ် ရှုမြင်မိတယ် ။