အောင်မြင်ကြီးပွားရေး စိတ်ဓာတ်

#စာညွှန်း –

ကြီးပွားချမ်းသာ တိုးတက်အောင်မြင်ဖို့အတွက် အရင်းအနှီးပိုက်ဆံမရှိဘဲ ဘယ်လိုလုပ် ကြီးပွားချမ်းသာမှာလဲ၊ ဘယ်လိုလုပ် သူဌေးဖြစ်မှာလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ တကယ်တော့ အဲဒီအတွေးတွေက မှားယွင်းတဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။

ဒီကနေ့ လူမှုပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းမှာ အရင်းအနှီး ငွေကြေး တစ်ပြားတစ်ချပ်မျှမရှိဘဲ ကြီးပွားတိုးတက် အောင်မြင်တဲ့သူတွေ၊ ချမ်းသာတဲ့သူတွေ၊ သူဌေးကြီးတွေ ဒုနဲ့ဒေး ရှိပါတယ်။

အခု ထလုပ် အခု ချက်ချင်း သူဌေးဖြစ်တဲ့လူရယ်လို့ အလွန်ရှားပါတယ်။ မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ အဲဒီသူဌေးတွေက မိဘဆီက အမွေတွေရတဲ့သူတွေ၊ ထီပေါက်တဲ့သူတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလူတွေဟာ မိမိရဲ့ကိုယ်ပိုင် ဉာဏ်စွမ်းအား၊ အစွမ်းအစနဲ့ ကြိုးစားရုန်းကန် လုပ်ကိုင်ခဲ့လို့ ကြီးပွားချမ်းသာတာ မဟုတ်ဘူးဆိုတာတော့ ထင်ရှားပါတယ်။

ဒါကြောင့်…
သာမန်လူတစ်ယောက်အနေနဲ့ ကြီးပွားချမ်းသာ အောင်မြင်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိရင် ဒီစာအုပ်လေးက သင့်အတွက်ပါပဲ။