
‘မပန်ပါနဲ့ ကြွေချင်တယ်’ ဝတ္ထုလွမ်းကလေးသည် ရှုမ၀မဂ္ဂဇင်း နိုဝင်ဘာလ၊ ၁၉၆၀ တွင် ပုံနှိပ်ပါဝင်လေသည်။ ၁၉၆၀ တွင် စတင်ပုံနှိပ်သော ဤဝတ္ထုလွမ်းသည် ယခု ၂၀၂၄ တွင် ၆၄ နှစ် ကြာလေပြီ။
✅ ပုံနှိပ်ချိန် အိုသော်လည်း၊ မအိုသေးသော ဝတ္ထုလန်းလေး ဖြစ်နေသေးသည်။
✅ ဖတ်သူတိုင်းက ချစ်ကြသည်။
✅ ဝတ္ထုအစကား သည်လို စတင်သည်။
“ကြင်နာတဲ့လက်ကလေးတွေနဲ့ မောင့်ကို ထွေးဖက်ထားချင်ပါတယ်”
✅ ဝတ္ထုအဆုံးက သည်လို ဆုံးထားသည်။
“မောင့်ကို ပန်းလို ပန်ထားချင်တယ်ဆိုတဲ့ မောင့်အချစ်ရယ်၊ မပန်ပါနဲ့ ကြွေချင်တယ်လို့သာ” စိတ်ထဲက ရွတ်ဆိုနေမိပါတော့တယ်။
✅ ကျောင်းသား၊ ကျောင်းသူ အရွယ်တိုင်းက အလွန်ကြိုက်သော ဝတ္ထုဖြစ်ပါသည်။
✅ ချစ်စိတ်ဝင်းပသူတိုင်း ကြိုက်ကြပါသည်။
✅ ဖတ်မိသူတိုင်း ရင်ထဲ စွဲကျန်နေပေလိမ့်မည်။