ကိုယ်ပိုင်အနာဂတ်

အနာဂတ်ကို လူငယ်တွေကပဲ အုပ်စိုးပါလိမ့်မယ်။ 

ဒီတော့ လူငယ်တွေရဲ့ ကိုယ်ပိုင်အနာဂတ်တွေ လှနေမှ လူ့ဘောင်လောကရဲ့ အနာဂတ်ကလည်း လှလာမှာပါ။

လူတိုင်းမှာ အနာဂတ် ရှိတယ်။
လူတစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင်အနာဂတ် ရှိတယ်။
ဒါက ပုံမှန်ပဲမို့ အရေးမကြီးပေမဲ့ အရေးအကြီးဆုံးက လူငယ်တွေမှာရှိတဲ့ သူတို့ရဲ့ကိုယ်ပိုင်အနာဂတ်တွေ လှပနေဖို့၊ အရည်အသွေး  မြင့်မားနေဖို့၊ တန်ဖိုးမြင့်နေဖို့ပါပဲ။ 

လက်ရှိ လုပ်ဆောင်နေသမျှ အားလုံးက အနာဂတ်အတွက် ဖန်တီးနေမှုတွေချည်းသာ ဖြစ်ပါတယ်။ 

လုပ်ဆောင်ချက်တွေ ကောင်းရင် အနာဂတ်လည်း ကောင်းမယ်။
လုပ်ဆောင်ချက်တွေ တန်ဖိုးရှိရင် အနာဂတ်လည်း တန်ဖိုးရှိမယ်။

အနာဂတ်တစ်ခုဆိုတာ...
ကောင်းတိုင်းလည်း မလှဘူး။
တန်ဖိုးရှိတိုင်းလည်း မလှဘူး။
ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး ကိုယ့်အတွက် သင့်လျော်မှ အဲဒီ အနာဂတ်က လှပနေမှာပါ။ ကိုယ်ပိုင်ဆိုင်တဲ့ အနာဂတ်ကို အလှပဆုံးဖြစ်အောင် လက်ရှိအချိန်ကတည်းက လုပ်ဆောင်ချက်တိုင်းကို ပညာဉာဏ်နှင့် ယှဉ်ပြီး ပုံဖော်တတ်ဖို့ အရေးကြီးပါတယ်။

ဒီစာအုပ်လေးထဲမှာတော့ ကမ္ဘာစစ်ကြီးကြောင့် မိဘမဲ့ ဖြစ်ခဲ့ကြရတဲ့ ကလေးငယ် သုံးဦးအကြောင်းကို ရင်နင့်ဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ်။ 

Comments are closed.