နောင်တကင်းအောင် နေတတ်ပြီလား

“နောင်တကင်းအောင် နေတတ်ပြီလား” စာအုပ်လေးထဲမှာ စာရေးသူရဲ့ ခံစားချက်တွေကို စကားလုံးအဖြစ် ပြောင်းလဲပုံဖော်ခဲ့ရင်း အရွယ်နဲ့မလိုက်တဲ့ ခံစားချက်တွေ၊
အရွယ်နဲ့ မလိုက်အောင် ပေးဆပ်နေရတဲ့ သူတွေကို တန်ဖိုးထားပေးဖို့၊ နွေးထွေးပေးဖို့၊ ဂရုစိုက်ပေးဖို့၊ အားပေးဖို့၊ နားလည်ကြင်နာပေးဖို့ လမ်းပြပေးတဲ့ စာအုပ်အဖြစ် ပုံဖော်ထားခြင်း ဖြစ်ပါတယ်။

အချိန်က တိုတောင်းပေမဲ့ ရုန်းကန်ရတာ အရမ်းကို ပင်ပန်းရပါတယ်။
ဒါကြောင့် ပင်ပန်းနေတဲ့ သူတွေရဲ့ ထွက်ပေါက်တွေကတော့ ပျော်ရွှင်နွေးထွေးခြင်းပါပဲ။

ပျော်ရွှင်မှု များစွာထဲမှာမှ စာရေးသူ အကြိုက်ဆုံးကတော့ “နောင်တကင်းစွာနဲ့ စိတ်ကို အေးအေးချမ်းချမ်းဖြစ်ဖို့” ပါ။
အေးချမ်းနေတဲ့စိတ်က ဘယ်အချိန်ဖြစ်ဖြစ် အလွယ်တကူ မပူလောက်တော့ပါဘူး။

ဒီစာအုပ်က…
တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်သူတွေ၊ အထီးကျန်နေတဲ့သူတွေအတွက် အဖော်မွန်ကောင်းတစ်ယောက်အဖြစ် ရှ်ိနေသလိုမျိုး ခံစားစေရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ပြီးတော့ အလှူအတန်းများ၊ ကုသိုလ်များကိုလည်း အဓိပ္ပာယ်ရှိတဲ့ နေရာတွေမှာ အကျိုးပြုလှူတတ်ဖို့အတွက် ထိရောက်စေမယ့်နည်းလမ်းများကို တွေ့မြင်ခံစားရနိုင်ပါတယ်။

မထင်မှတ်ဘဲ ပြုမိနေတဲ့ အကုသိုလ်တွေကိုလည်း ဂရုစိုက်ပြီး နောင် မပြုမိဘဲ နေထိုင်လို့ရအောင် အကြုံပြုချက်တွေနဲ့ စာအုပ်ကောင်းလေးပါ။

ကြုံလာရတဲ့ ခံစားချက်တွေထဲမှာ စာရေးသူလိုပဲ ခက်ခဲတဲ့သူ ရှိမယ်။ မခက်ခဲတဲ့သူလည်း ရှိလိမ့်မယ်။ ဒါကြောင့် စာရေးသူလို ခက်ခဲစွာနဲ့ ရင်ဆိုင်နေရတဲ့သူတွေ ရှေ့ဆက်လျှောက်ဖို့အတွက် တံခါးလေးတစ်ချပ်အဖြစ် ဖွင့်ပေးချင်တဲ့စိတ်နဲ့ ဒီစာအုပ်လေးကို ရေးသားထုတ်ဝေလိုက်ရခြင်း ဖြစ်ပါတယ်။

2 thoughts on “နောင်တကင်းအောင် နေတတ်ပြီလား

  1. Pinco Azərbaycanda ən sevilən brenddir. Yüksək uduşlar səni gözləyir pinco oyun sitesi. Pinco az linki daim işləkdir. Pinco oyun saytında fərqli slotlar var.

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>