ကသစ်မြေမှာ ပွင့်တဲ့ အချစ်ပန်း

သာမာန်သူတို့ ရောက်နိုင်ခဲလှသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းက သစ်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ လောင်းကစားလုပ်ငန်းနဲ့ ရွှေလုပ်ငန်းအကြောင်းကို ရင်သပ်ရှုမောဖွယ်ရာ ဖတ်ရှုရမဲ့ ဘဝသရုပ်ဖော် ဝတ္ထုစစ်စစ်။ လူတိုင်းမှာ နှလုံးသားရှိကြပါတယ်။ နှလုံးသားရှိသူတိုင်း ချစ်တတ်ကြပါလိမ့်မယ်။ ဒါကြောင့်လည်း မှောင်ခိုဘဝနဲ့ ဖို မ သဘာဝချစ်ခြင်းမေတ္တာကို ထည့်သွင်းပုံဖော်ထားပါတယ်။ ချစ်ရတဲ့ ချစ်သူအတွက် ခန္ဓာကိုယ်တစ်ခုလုံး ပုံအပ်ပြီး ချစ်ခဲ့ရတဲ့ မိန်းမသားတစ်ဦး။ ချစ်တဲ့သူနဲ့ ခိုးရာလိုက်ပြေးခဲ့ပါသော်လည်း သူ့ဘဝအတွက် အချစ်ဟာ နိဗ္ဗာန်ဘုံလို့ ထင်ခဲ့တဲ့သူ။ တကယ်တမ်း သူ့အချစ်ကို အလွှဲသုံးစား လုပ်သွားတဲ့ချစ်သူ။ ချစ်သူကောင်လေးဘက်က ကြည့်ပြန်တော့လည်း ရောဂါသည်အမေနဲ့ ညီလေးတွေအတွက် မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးရမယ်လေ။ အမေ့ရောဂါပျောက်ဖို့ လိုနေတဲ့ငွေကို သမာအာဇီဝကျကျ ရှာတော့လည်း လောကဓံတရားက အခွင့်မပေး။ နောက်ဆုံး ဦးဘရန်နန်ဆိုတဲ့သူရဲ့ ဖြားယောင်းသွေးဆောင်မှုနောက် ကောက်ကောက်ပါအောင် လိုက်သွားမိတဲ့သူ။ ချစ်တဲ့သူနဲ့မဟုတ်ဘဲ တခြားတစ်ယောက်နဲ့သာ လက်ထပ်ပေါင်းသင်းရမယ်ဆို ဒီလောကကြီးကနေ ထွက်သွားရလိမ့်မယ်လို့ အတန်တန်ပြောခဲ့သည့်ကြား ချစ်သူရဲ့ ကောက်ကျစ်စဉ်းလဲမှုကြောင့် ဘဝပျက်ခဲ့ရသူ မိန်းကလေး။ တကယ်ပဲ မိန်းကလေးဟာ လောကကြီးရဲ့ အဝေးတစ်နေရာကို ထွက်သွားမှာလား၊ ချစ်သူကောင်လေးကကော သူ့ဆီ ပြန်ရောက်လာမှာလားနဲ့ ဦးဘရန်နန်ကကော သူတို့သမီးရည်းစားနှစ်ယောက်ကို စိတ်ပြောင်းပြီး သဘောတူလိုက်မှာလားဆိုတာကိုတော့ “ကသစ်မြေမှာ ပွင့်တဲ့ အချစ်ပန်း” ဆိုတဲ့ ဝတ္ထုလေးကို ဖတ်ကြည့်လိုက်ပါတော့ခင်ဗျာ …

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>