Month: December 2025

သင့်စိတ်ကို အားပြန်ဖြည့်ပါ

နေ့ရက်တိုင်းမှာ ဖုန်းဘက်ထရီ ဘယ်လောက်ကျန်သေးလဲဆိုတာကို အမြဲစစ်ဆေးကြည့်ရှုတတ်ကြပေမဲ့ ကိုယ့်ရဲ့ “စိတ်စွမ်းအင် (Mental Energy)” ဘယ်လောက်ကျန်သလဲ ဆိုတာကိုတော့ “Self Awareness” ရှိရှိ ပြန်လည်ဆန်းစစ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဆရာ စိုးသူရ ရေးသားတဲ့ “Recharge Your Mind” စာအုပ်ဟာ ဒီကွက်လပ်ကို ဖြည့်ဆည်းပေးမယ့် ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်အောင် ကြည့်နည်းနဲ့ ထိထိရောက်ရောက် အားပြန်ဖြည့်နည်းတွေကို လမ်းညွှန်ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ 🍀 မိမိ ဘာကြောင့် စိတ်တွေ အားမရှိသလို ခံစားနေရတာလဲ၊ ဘယ်လို မှန်မှန်ကန်ကန်နဲ့ အားပြန်ဖြည့် (Recharge) လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေ လေ့လာခွင့်ရပါမယ်။ 🍀 နေ့စဥ်ဘဝမှာ ကြုံတွေ့ရတတ်တဲ့ စိတ်ဖိစီးမှု (Stress) တွေကို ဘယ်လို အကောင်းဆုံး ဖြေလျော့ရမလဲ ဆိုတာတွေ […]

ငွေရှာစက်

“မိတ်ဆွေက အလုပ်အတွက် အလုပ် လုပ်နေတာလား၊အလုပ်ကို မိတ်ဆွေအတွက် အလုပ် လုပ်ခိုင်းမှာလား” မင်္ဂလာပါရှင်။ ကျွျွန်Coach Wint War ပါ။ လူအတော်များများက ငွေရဖို့အတွက်ပဲ တစ်သက်လုံး အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်သွားကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေကိုယ်တိုင် မရှိတော့တဲ့အချိန်မှာရော အဲဒီအလုပ်က ဆက်ပြီး လည်ပတ်နေဦးမှာလား။ ကျွျွန်ဒီစာအုပ်ကို ရေးသားရတဲ့ ရည်ရွယ်ချက်က မိတ်ဆွေတို့ရဲ့ ဘဝမှာ အချိန်နဲ့ ငွေကြေး လွတ်လပ်မှုကို အမှန်တကယ် ပိုင်ဆိုင်နိုင်ဖို့အတွက်ပါ။ စီးပွားရေးလုပ်တယ်ဆိုတာ အလုပ်ထဲမှာ နစ်မွန်းနေဖို့ မဟုတ်ဘဲ မိတ်ဆွေမရှိလည်း အလိုအလျောက် လည်ပတ်နေမယ့် စနစ် (System) တစ်ခုကို တည်ဆောက်တာ ဖြစ်ရပါမယ်။ “ငွေရှာစက်” ဆိုတဲ့ ဒီစာအုပ်ထဲမှာ… အလုပ်ထဲမှာပဲ အချိန်ကုန်နေတဲ့ ဘဝကနေ စနစ်ကို စီမံခန့်ခွဲသူအဖြစ် ဘယ်လိုပြောင်းလဲမလဲ။ […]

စစ်မှန်တဲ့ဘဝ၊ စစ်မှန်တဲ့ပျော်ရွှင်မှု၊ စစ်မှန်တဲ့အချစ်

“စစ်မှန်တဲ့ဘဝ၊ စစ်မှန်တဲ့ပျော်ရွှင်မှု၊ စစ်မှန်တဲ့အချစ်” ဆိုတဲ့ စာအုပ်လေးမှာ ခေါင်းစဥ်ပေးထားတဲ့အတိုင်း အပိုင်းသုံးပိုင်း ခွဲပြီး ရေးထားပါတယ်။ လူတစ်ယောက်ရဲ့ဘဝမှာ လိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ မှန်ကန်တိုးတက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်လှပမှုကို ရဖို့ ဒီစာအုပ်လေးက လမ်းပြခေါ်ဆောင်ပေးပါလိမ့်မယ်။ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မ့ပြည်က အပ်တစ်စင်း ဆုံဖို့ဖြစ်နိုင်ပေမယ့် လူဘဝမှာ လူအဖြစ်ကို ရဖို့က အင်မတန်မှ ခဲယဥ်းပါတယ်တဲ့။ ဒီလိုရခဲတဲ့ လူဘဝမှာ လူတွေအားလုံးဟာ စစ်မှန်တန်ဖိုးရှိတဲ့ ဘဝကို မရကြသလို စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့လည်း မထိုက်တန်သလို ဖြစ်နေကြပါတယ်။ စစ်မှန်တဲ့ အချစ်စစ်ကို ရဖို့ မထိုက်တန်သလို ကိုယ်တိုင်ကလည်း သူတစ်ပါးအပေါ်မှာ စစ်မှန်စွာ ချစ်ခင်ဖို့ မတတ်နိုင်ကြပါဘူး။ လူဆိုတာ အသိဉာဏ်နဲ့ယှဥ်ပြီး မွေးဖွားလာတဲ့သတ္တဝါပါ။ ဘာဖြစ်လို့ အစစ်အမှန်တွေဟာ လူသားတွေနဲ့ မထိုက်တန်ရမှာလဲ။ လူသားအားလုံးကို စစ်မှန်တဲ့ဘဝ၊ […]

အမျိုးသမီးများအတွက် စီမံခန့်ခွဲမှုအနုပညာ

ဒီစာအုပ်လေးထဲမှာရှိတဲ့ စာမျက်နှာတိုင်းဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘဝကို စီမံခန့်ခွဲရတဲ့အခါ တတ်အားသရွေ့ လမ်းညွှန်ပေးမယ့် အင်အားတွေချည်း ဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာပါတဲ့ “စီမံခန့်ခွဲမှု” ဆိုတာ သီးသန့်တာဝန်တစ်ရပ် မဟုတ်ပါဘူး။ မိသားစု၊ အလုပ်အကိုင်း လူမှုဆက်ဆံရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်း၊ ငွေကြေး အစရှိတဲ့ အပိုင်းကဏ္ဍတွေမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ မဖြစ်မနေ ကြုံဆုံရမယ့် အနုပညာတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်လေးကနေတစ်ဆင့် စာဖတ်သူတစ်ဦးချင်းစီအတွက် ဘာတွေ ရရှိနိုင်မလဲလို့ မေးရင် ကျွန်မ ရိုးရိုးသားသားပဲ ဖြေပေးလိုက် ချင်ပါတယ်။▪️ ကိုယ့်ကိုယ်ကိုယ် ပိုပြီးနားလည်လာနိုင်မယ်။▪️ လက်ရှိအခြေအနေအပေါ် စီမံခန့်ခွဲလာနိုင်မယ်။▪️ စဉ်းစားပုံ နည်းနာအသစ်တွေ လေ့လာမိလာမယ်။ ဒီစာအုပ်လေးကနေ ပေးနိုင်တဲ့အရာဟာ ဒီလောက်လေး ပါပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်စိတ်၊ ကိုယ့်မိသားစု၊ ကိုယ့်ငွေကြေး၊ ကိုယ့်အချိန်နဲ့ ကိုယ့်အလုပ်ကို အနုပညာမြောက်စွာ လိုက်လျောညီထွေရှိစွာ […]