Month: October 2025

ပန်းကလေးများ အကောင်းဆုံး တောက်ပနိုင်ဖို့

✅ ဒီစာအုပ်လေးက ဆယ်ကျော်သက်လေးတွေအတွက် အကောင်းဆုံးသူငယ်ချင်းလိုပါပဲ။ ✅ ယုံကြည်မှုအပြည့်နဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ဦးအဖြစ် ကြီးပြင်းလာဖို့အတွက် ဒီစာအုပ်မှာ အလှအပနဲ့ အရေပြား ထိန်းသိမ်းနည်းတွေ၊​ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ရာသီလာခြင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ အနံ့အသက် ကင်းစင်စေတဲ့နည်းလမ်းတွေ၊ ဘဝရဲ့အရေးကြီးဆုံးသော ဆုံးဖြတ်ချက်တွေကို စိတ်ခံစားမှုထက် ဉာဏ်ပညာနဲ့ ချင့်ချိန်စဥ်းစားနိုင်အောင် ရိုးရှင်းတဲ့ အကြံပြုချက်များ ပါ၀င်ပါတယ်။ ✅ ဒီစာအုပ်က အထွေထွေရောဂါကု ဆရာ၀န်တွေ၊ အာဟာရ​ဆရာ၀န်နဲ့ သားဖွားမီးယပ်ဆရာ၀န်တွေ စိစစ်ပြင်ဆင်ပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်သလို စာရေးသူရဲ့ မှားယွင်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေကိုလည်း သင်ခန်းစာအဖြစ် ရိုးသားစွာ မျှဝေထားတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ✅ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စာဖတ်သူဟာ ကိုယ့်ခန္ဓာကိုယ်ကို ပိုပြီး နားလည်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်တတ်လာမယ်၊ ဘဝရဲ့ […]

ဆည်းဆာတို့၏ အလှတရား

အိမ်ထောင်စုတစ်ခုမှာ အိမ်ထောင်ရှင်မိန်းမ မရှိရင် အိမ်ထောင်ရေးဟာ အနှေးနဲ့အမြန် ပြိုကွဲတတ်ကြပါတယ်။ အဖေက ပိုက်ဆံရှာတယ်။ အမေလုပ်တဲ့သူက ရှာသမျှပိုက်ဆံနဲ့ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ပညာရေးကစလို့ လောက်ငှအောင် ကြံဖန်ကြရပါတယ်။ တစ်နည်းပြောရရင် ယောက်ျားရှာသမျှ ငွေကြေးဉစ္စာကို ထိန်းသိမ်းပေးရသလို သားသမီးတွေ လိမ္မာရေးခြား ရှိအောင်လည်း ပြုစုပျိုးထောင်ကြရပြန်တယ်။ မိန်းမ မရှိတော့တဲ့ ယောက်ျားတစ်ယောက်ဟာ သားသမီးကို ဖအေလိုတစ်မျိုး၊ မအေလိုတစ်မျိုး နှစ်နေရာက အုပ်မိုးပေးရပါတယ်။ ဒီလိုထိန်းတဲ့နေရာမှာ တချို့အဖေတွေက သားသမီးတွေကို “ငါ့သားသမီးတွေက မိတဆိုးလေးတွေ” လို့ တစ်ထစ်လျှော့ပြီး အလိုလိုက်ပေးလိုက်တဲ့အခါ သူတို့လေးတွေ ဆိုးချင်တိုင်းဆိုးဖို့ လမ်းပေါက်တစ်ပေါက် ဖွင့်ပေးလိုက်သလိုပါပဲ။ သူတို့တွေရဲ့ စိတ်ထဲမှာလည်း အဖေက ဒါလေးလောက်နဲ့ မပြောပါဘူးကနေ ကြီးမားတဲ့အမှားတွေထိ ဖြစ်သွားနိုင်ပါတယ်။ အပေါ်မှာ ပြောထားတဲ့ သဘောတရားလေးကို […]

လူငယ် = တန်ဖိုး

“ဒီစာအုပ်ကို ဘယ်လိုလူတွေ ဖတ်သင့်တာလဲ” ဟုတ်ပါတယ်။ ဒီမေးခွန်းက သိပ်ပြီးမေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ “ဒီစာအုပ်ကို ဘယ်လို လူတွေ ဖတ်သင့်တာလဲ” ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော် အုပ်စု (၂) ခု ခွဲပြပါ့မယ်။ တကယ်တော့ ‘လူငယ် = တန်ဖိုး’ ဆိုတဲ့ စာအုပ်ကို ဖတ်သင့်တဲ့လူဟာ နှစ်မျိုးတည်းပါ။ • အုပ်စု (၁) – တန်ဖိုးရှိအောင် ကြိုးစားချင်တဲ့ လူငယ်တွေ။• အုပ်စု (၂) – လူငယ်တွေကို တန်ဖိုးရှိအောင် ပျိုးထောင်ချင်တဲ့ လူကြီးတွေ။ ဒီလောက်ပါပဲ။ ‘လူငယ် = တန်ဖိုး” ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်သူတဲ့လူဟာ ဒီအုပ်စု (၂) မျိုး တည်းသာ ဖြစ်ပါတယ်။ ကိုယ်ဟာ… ဒါဆိုရင်…

ရယ်ပါ၊ ချစ်ပါ၊ ရှင်သန်ပါ

တစ်ယောက်တည်းဖြစ်ရခြင်းကို မုန်းမိဖူးသလား…အထီးကျန်တဲ့ညတွေမှာ မျက်ရည်ကျဖူးသလား…တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်တဲ့အချိန်တွေရှိဖူးသလား…တစ်ကြိမ်မက နာကျင်မှုကို ခံစားဖူးမယ် ထင်ပါတယ်။ မေတ္တာအစစ်ပေးပါရက်နဲ့ ကိုယ့်အပေါ် နာကျင်အောင် ပြန်လုပ်ခံရဖူးတဲ့အချိန်တွေ၊ ပျော်အောင် နေနေရင်း မပျော်နိုင်တဲ့နေ့တွေ၊ အရာအားလုံး timing မကိုက်သလိုဖြစ်နေတဲ့အချိန်တွေ… တစ်ခါတလေ ဘဝက မာယာများပေမဲ့တစ်ခါတလမှာတော့ အလင်းရောင် ပေးပြန်ပါတယ်။ အရာအားလုံးက သူ့နေရာ၊ သူ့အချိန်ရောက်ဖို့ တိကျတဲ့အချိန်မှန် တစ်ခုပဲ လိုတာပါ။ ဒီစာအုပ်လေးက…💔 အသည်းကွဲတဲ့အချိန် ဘယ်လို move on လုပ်ပြီး ရှေ့ဆက်ရှင်သန်ရမလဲ၊🌧 အထီးကျန်တဲ့ရက်တွေထဲက အေးမြမှုကို ဘယ်လိုရှာမလဲ၊🌸 ထပ်ချစ်ဖို့ မကြောက်ဘဲ ကိုယ့်ကို ပိုနားလည်လာဖို့… 📖 “ရယ်ပါ၊ ချစ်ပါ၊ ရှင်သန်ပါ” စာအုပ်ဆိုတာ ဘဝကို ပြန်လည်သက်သောင့်သက်သာရစေဖို့ ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။