လွဲနေတယ်ဆိုတာ သေချာပြီလား
“လွဲနေတယ်ဆိုတာသေချာပြီလား” ဆိုတဲ့ စာအုပ်လေးထဲမှာ …💜 အတွေး တွေးတတ်ဖို့နဲ့💜 စိတ်ခွန်အားတွေကို ဘယ်လိုတည်ဆောက်ရယူရမလဲ ဆိုပြီး အပိုင်း (၂) ပိုင်းခွဲကာ ရေးသားထားတာ ဖြစ်ပါတယ်။ အပိုင်း (၁) မှာ လူငယ်တွေရဲ့ အတွေးထဲမှာ ဆုနဲ့ပတ်သက်ပြီး ခံစားရတဲ့ ခံစားမှုတွေအပေါ် တစ်ဘ၀လုံး မခံစားဖို့၊ ဆုမရတာဟာ ညံ့လို့မဟုတ်ဘူးဆိုတာကို တွေးတတ်ဖို့ စသဖြင့် စာစုလေးတွေ ရေးဖွဲ့ထားပါတယ်။ အပိုင်း (၂ ) မှာ လူငယ်တွေအနေနဲ့ စိတ်ခွန်အားတွေ ဖြစ်စေဖို့ ဘယ်လိုအကြောင်းအရာတွေကို ကိုယ့်စိတ်မှာ စွဲမှတ်နာယူ ရမလဲဆိုတာမျိုးကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။