Month: July 2025

အနာဂတ်လှတဲ့ လူငယ်

“အနာဂတ်လှတဲ့ လူငယ်” ဆိုတဲ့ ဒီစာအုပ်လေးက လူငယ်တွေအတွက် အကြံပြုချက် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အနာဂတ်လှတဲ့ လူငယ်တွေဖြစ်ဖို့ ဘဝမှာ ဘာတွေကိုတော့ လုပ်ဆောင်သင့်တယ်၊ ဘယ်အရာတွေကိုတော့ ရှောင်ကြဉ်သင့်တယ်ဆိုတာ အကြုံပြုရေးသားထားပါတယ်။

မျှဝေလိုသော ဥပဒေမှတ်စုများ

ဥပဒေသည် ကျယ်ပြန့်သည်။ ဥပဒေစာအုပ် (ပြဋ္ဌာန်းချက်) ကို ဖတ်ရုံမျှဖြင့် ဥပဒေကို သိရုံမျှသာရှိမည်။ စီရင်ထုံးများကို ဖတ်ရမည်။ မှတ်စုထုတ်၍ မှတ်သားရမည်။ ပညာရှိရှေ့နေကြီးများရေးသည့် စာအုပ်များကိုလည်း ဝယ်ယူစုဆောင်းရမည်။ ထွက်သမျှစာအုပ်ကို ဝယ်ရန်မသင့်ပါ။ မိမိစိတ်သန်သည့် တရားမမှု သို့မဟုတ် ပြစ်မှုဆိုင်ရာစာအုပ်များကို ဝယ်ယူသင့်သည်။ ဝယ်ယူရုံသက်သက်မျှသာ မဟုတ်ဘဲ ဖတ်ရမည်၊ မှတ်စုထုတ်ရမည်။ ထိုမှတ်စုသည် အကြောင်းတိုက်ဆိုင်လာသည့်အခါတွင် များစွာအထောက်အကူ ဖြစ်စေသည်။ ထို့ပြင် အင်တာနက်စာမျက်နှာများပေါ်တွင် ပညာရှိရှေ့နေကြီးများ၊ မိမိထက် စီနီယာကျသည့် ရှေ့နေများ၏ ရေးသားမျှဝေချက်များကိုလည်း လေ့လာသင့်သည်။ ထိုရေးသားချက်များကိုလည်း ဖတ်ရမည်။ မှတ်ရမည်။ ယခုတင်ပြချက်များသည် ဥပဒေပညာကို လေ့လာသင်ယူနေသည့် ရှေ့နေမောင်ချစ်ဖေ ကျင့်သုံးလိုက်နာနေသည့် လေ့လာရေးလမ်းညွှန် စည်းကမ်းများပင် ဖြစ်တော့သည်။

၁၃၇၂ တပေါင်းလပြည့်ကျော် ၁၀ ရက်

မြန်မာနိုင်ငံမှာ သီချင်းကို စာအုပ်နဲ့ထွက်တဲ့ ပထမဆုံး စာအုပ်…ဟုတ်ပါတယ်။ သင်ဖတ်တာ မမှားပါဘူး။စာဖတ်နေရင်းနဲ့ တစ်ကယ် သီချင်းနားထောင်ရမှာပါ။ ဟိုး အတိတ်သမိုင်းတစ်ခုရဲ့ ချစ်ခြင်းတွေက အမုန်းအဖြစ် ပြောင်းလဲသွားတဲ့အခါ…နာကြည်းသူရဲ့ ကလဲ့စားက ဘယ်ဘဝအထိ ရှိနေဦးမှာလဲ။ အမှတ်မထင် ရခဲ့တဲ့ ပေစာတစ်ခုက…တစ်ယောက်တည်းသာ သင့်စေမယ့် ကျိန်စာလား။တစ်ဦးတည်းသာ ငိုကြွေးစေမယ့် သီချင်းလား။ ဟောဒီစာအုပ်ထဲမှာ…အဲဒီကျိန်စာနဲ့ သီချင်းတိတိကျကျကြီးကို ထည့်ပေးလိုက်ပါတယ်။ စာဖတ်သူကရော… ဒီကျိန်စာ ‘စူး’ မှာလား။ ဒီသီချင်း ‘ညည်း’ မှာလား။

ဒုတိယလူ၏ ဒုတိယဝေဒနာ

💜ဒုတိယလူဆိုတာ…💜ပထမဝေဒနာနဲ့တင် လုံလောက်နေပြီးသားပါ။ 💜ဒုတိယဝေဒနာကြောင့် ထပ်ပြီး မနာကျင်ပါစေနဲ့တော့။ ဒီစာအုပ်လေးဟာ…သမီးမိန်းကလေး ရှိကြသူတိုင်း၊အရွယ်ရောက်စ မိန်းကလေးတိုင်း၊အချစ်ကို စတင်ရင်ခုန်ကြသူတိုင်း၊အချစ်ကို တန်ဖိုးထားကြသူတိုင်း၊အိမ်ထောင်ဘက်ကို ရွေးဖို့ စဉ်းစားနေကြသူတိုင်း ဖတ်ကြည့်သင့်တဲ့ စာအုပ်လေး ဖြစ်ပါတယ်။ အဖြစ်မှန်အချို့ကို အခြေခံထားတာမို့ တိုက်ဆိုင်သူတွေကိုလည်း အားနာစွာ တောင်းပန်ချင်ပါတယ်။ အပြင်မှာတော့ ဒီစာအုပ်လေးထဲကထက် ပိုပြီး ရင်နာစရာ ကောင်းပါတယ်။ တစ်ခါတလေ ဘဝက…ကိုယ်ထင်ထားတာထက် ပိုဆိုးတတ်ပါတယ်။ ပြဿနာတွေကို ကိုယ် မရည်ရွယ်ဘူး…ဒုက္ခတွေကို ကိုယ် မ‌ရွေးချယ်ဘူး…သောကတွေကို ကိုယ် မတူရူဘူး… ဒါပေမဲ့ အဲဒီပြဿနာတွေ၊ ဒုက္ခတွေ၊ သောကတွေက ကိုယ့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာတတ်တယ်။ ကိုယ့်အနီးကို တအိအိ တိုးဝင်လာတတ်တယ်။ ဒါဟာ ဘဝရဲ့ ဖြစ်ရပ်မှန်တချို့ပါ။ ဒီစာအုပ်လေးထဲမှာလည်း ခင်ပိုးအိဆိုတဲ့ ကလေးမလေးဟာ အချစ်ကို မြတ်နိုးစွာပဲ လက်ခံခဲ့တယ်။ သူချစ်ထက် […]