ခရီးထွက်ခြင်းသည် ကောင်းသော စာဖတ်ခြင်းပင် ဖြစ်သည်။စာရေးသူသည် ငယ်စဉ်ကတည်းက ဖခင်တာဝန်ကျရာ အရပ်ဒေသများသို့ မိသားစုလိုက် လိုက်ပါ နေထိုင်ခဲ့ရသူ ဖြစ်ပါသည်။ ထိုသို့ သွားရောက် နေထိုင်ရသော နေရာများကို လေ့လာစူးစမ်းတတ်သည့် ဝါသနာအလေ့လည်း ရရှိလာခဲ့ပါသည်။ယနေ့ခေတ်၌ အားသာချက်တစ်ခုသည် နည်းပညာ ဖြစ်၏။ အဆိုပါ နည်းပညာတို့ တိုးတက်ထွန်းကားနေခြင်းကြောင့် အစစအရာရာ ကြိုတင်သိရှိနိုင်သကဲ့သို့ ခက်ခဲသော အချက်အလက်များလည်း လျော့ပါးသွားစေပါသည်။ သို့ဖြစ်၍ ခရီးစဉ်အများစသည် ဖြောင့်ဖြူးချောမွေ့နေတတ်လေသည်။ယခုစာအုပ်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလဝန်းကျင်က စာရေးသူ သွားဖြစ်ခဲ့သော ခရီးစဉ်တစ်ခုမှ အတွေ့အကြုံများကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ရေးသားတင်ပြထားခြင်း ဖြစ်ပါသည်။အချို့နေရာများသည် စာဖတ်သူတို့ ရောက်ဖူးပြီးသား၊ သိကျွမ်းပြီးသား နေရာများ ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ သို့သော်လည်း ထိုသို့ မရောက်ဖူးသေးသော၊ မသိကျွမ်းဖူးသေးသော စာဖတ်သူတို့အတွက် များစွာ အကျိုးရှိလိမ့်မည်ဟု […]
ဒီစာအုပ်လေးထဲမှာ စာရေးသူ ရေးနေကျ ပုံစံလေးတွေ ပါသလို ရေးနေကျပုံစံနဲ့ အနည်းငယ်ကွဲထွက်ပြီး ဆရာတော်ကြီးတွေရဲ့ အဆိုအမိန့်တွေ၊ ပုံပြင်၊ ဘုရားဟော ဇာတ်တော် သုတ္တန်အချဥ်းချုပ်၊ လောကအဖြစ်အပျက်တွေနဲ့ တွဲစပ်ဖော်ပြရေးသားထားတာတွေလည်း ပါဝင်ပါတယ်။ဒီစာအုပ်လေးထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့…👉 မေတ္တာနဲ့ပတ်သက်တဲ့ အကြောင်းအရာ၊👉 အသည်းကွဲရောဂါ ကုစားနည်း၊👉 Emotionကို Control လုပ်နည်း၊👉 Negative အတွေး လျှော့ချနည်း၊👉 ရင့်ကျက်စေသောနည်းလမ်းတွေအပြင် အခြားသောအကြောင်းအရာတွေလည်း များစွာ ပါဝင်ပါတယ်။ဒီစာအုပ်လေးကို ဖတ်ရှုခြင်းအားဖြင့် မေတ္တာနဲ့ပတ်သက်ပြီး သိသင့်၊ သိထိုက်တဲ့ သဘောတရားတွေကို သိရှိနားလည်သွားမှာဖြစ်သလို ဘဝမှာ အခက်အခဲတွေ၊ လောကဓံဆိုးတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း အရင်ကထက် ပိုပြီး နေတတ်၊ ထိုင်တတ်၊ စိတ်ထားတတ်၊ နှလုံးသွင်းတတ်သွားပါလိမ့်မယ်။
ဒီစာအုပ်လေးဟာ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်လေးပါ။