နေ့ရက်တိုင်း ပျော်ပါစေ
တချိူ့က “မိုးရာသီမှာ မိုးရွာတာ မဆန်းပါဘူး”လို့ သဘောထားတတ်တယ်။ တချို့ကတော့ “ဒီမိုးကလည်း ထီးမပါမှ ရွာပြန်ပြီရယ်”လို့ ညည်းညူတတ်တယ်။ ဒါတွေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အတွေးနဲ့ ရှုးမြင်ပုံပါပဲ။ သူ့စိတ်နဲ့ သူ၊ သူ့အခြေအနေနဲ့ သူပါပဲ။ လူသားတိုင်း လောကဓံနဲ့ မကင်းကြသလို လူကိုလူချင်း ကွဲပြားစေတာကလည်း သူတို့ ဘဝကို သူတို့ ဘယ်လို ပဲ့ကိုင်မောင်းနှင်နေသလဲဆိုတဲ့ Mindset တွေနဲ့ Habit တွေပါပဲ။ ကိုယ့်စိတ်ဓာတ်၊ ခံယူချက်နဲ့ အလေ့အကျင့်တွေပေါ် မူတည်ပြီး ကိုယ့်Brand တွေရဲ့တန်ဖိုးဟာ ကွာခြားလာကြရပါတယ်။ ဒီစာအုပ်လေးမှာ… ကိုယ်စီရှင်သန်နေထိုင်ကြတဲ့ဘဝရဲ့တန်ဖိုးတွေ အဓိပ္ပာယ်ရှိစေဖို့၊ နေ့ရက်တိုင်း၊ ဖြစ်စဉ်တိုင်းမှာ ပူလောင်ရခြင်း၊ မောပန်းရခြင်းတွေ ပါးလျသထက် လျော့ပါးလာစေဖို့ရာ ဘယ်လို Attitude (စိတ်နေစိတ်ထား)နဲ့ လက်ခံကြမလဲ၊ ရင်ဆိုင်ကျော်လွှားကြမလဲ ဆိုတာတွေ… […]