Month: September 2023

လောကဓံနဲ့ တွေ့တဲ့အခါ…

လောကဓံတရားဆိုတာကို လူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်မှာပါ။ ကောင်းခြင်း၊ ဆိုးခြင်း ဒွန်တွဲနေတဲ့ အဖြစ်အပျက်ဆိုတာတွေ လူတိုင်းရဲ့ဘဝမှာ ကြုံခဲ့ကြဖူးမှာပါ။ လူတိုင်းက ကိုယ့်ဘဝမှာ အကောင်းဆုံးတွေဖြစ်ဖို့ပဲ မျော်လင့်တက်တဲ့လူ များပါတယ်။ ကောင်းတာတွေဖြစ်ဖို့ပဲ ဆုတောင်းကြပါတယ်။ အဆိုးတွေဖြစ်လာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲလို့ တွေးတဲ့သူက အလွန်အင်မတန် ရှားပါးပါတယ်။ လောကဓံဆိုးတွေအတွက် ကြိုတင်ပြင်ဆင်မှု့ မရှိကြပါဘူး။ အဲဒီအတွက် တကယ့်တကယ် လောကဓံဆိုးတွေနဲ့ကြုံတွေ့လာတဲ့အခါ ခံနိုင်ရည်တွေ နည်းပါပြီး ပြိုလဲကျသွားတက်ကြတယ်။ အဆိုးတွေကို တိုက်ထုတ်ပြီး အကောင်းဆုံး ဖြစ်ကိုဖြစ်စေရမယ်လို့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ပျောက်ဆုံးသွားတတ်ပါတယ်။ လောကဓံဆိုးအောက် နစ်မွန်းပျောက်ကွယ်သွားတဲ့လူတွေ အင်မတန် များပါတယ်။ ဒါကြောင့် လောကဓံဆိုးတွေကို ကျော်လွားအနိုင်ယူနိုင်တဲ့လူတစ်ယောက်ဖြစ်အောင် ကျွန်မ ရေးသားထားတဲ့ “လောကဓံနဲ့တွေ့တဲ့အခါ “စာအုပ်လေးထဲကနေ လမ်းညွှန်မှုတွေ၊ စိတ်ဆန္ဒပြင်းပြမှုတွေ၊ ဇွဲလုံ့ လဝီရိယတွေ အားလုံး ရနိုင်မယ်လို့ […]

ခွင့်လွှတ်ပေးလိုက်ပါ

“ခွင့်လွှတ်ပေးလိုက်ပါ” ဆိုတဲ့ ဒီစာအုပ်လေးဟာ…

ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးပါ

ဒီစာအုပ်လေးဟာ စာအုပ်တစ်အုပ်ဆိုတာထက် မိတ်ဆွေကောင်းတစ်ယောက်ကနေ ကိုယ့်ကို စိတ်ချမ်းသာချင်ရင် ဘ၀မှာ ဘယ်လိုလေး နေထိုင်သင့်တယ်၊ ဘယ်လိုစိတ် ထားသင့်တယ်ဆိုတာမျိုးအကြုံပြုပေးတဲ့ သဘောပါ။ဒီစာအုပ်လေးကိုဖတ်ပြီး “ဒီစာအုပ် ၀ယ်ဖတ်ရတာ မတန်လိုက်တာ” ဆိုတဲ့ အတွေးမျိုး၊ “ဒီစာအုပ် ၀ယ်ဖတ်မိတာ မှားပြီ” ဆိုတဲ့ အတွေးမျိုးတွေ မ၀င်စေရပါဘူး။ဒီစာအုပ်လေးကို ဖတ်ပြီးတာနဲ့ အနည်းဆုံးတော့စိတ်ထားတတ်သွားလိမ့်မယ်။ စိတ်ချမ်းသာအောင် နေတတ်သွားလိမ့်မယ်။ ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးတတ်သွားလိမ့်မယ်။ စိတ်ခွန်အားတွေ ဖြစ်သွားပါလိမ့်မယ်။“ဘ၀မှာ ခဏခဏ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူသူကိုယ်ကိုယ် အနည်းနဲ့အများ စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ ကိုယ့်ရဲ့ငယ်ဘ၀ကို ခဏလောက် ပြန်သတိရလိုက်ပါ”