
“ဒီစာအုပ်ကို ဘယ်လိုလူတွေ ဖတ်သင့်တာလဲ”
ဟုတ်ပါတယ်။ ဒီမေးခွန်းက သိပ်ပြီးမေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ “ဒီစာအုပ်ကို ဘယ်လို လူတွေ ဖတ်သင့်တာလဲ” ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော် အုပ်စု (၂) ခု ခွဲပြပါ့မယ်။
တကယ်တော့ ‘လူငယ် = တန်ဖိုး’ ဆိုတဲ့ စာအုပ်ကို ဖတ်သင့်တဲ့လူဟာ နှစ်မျိုးတည်းပါ။
• အုပ်စု (၁) – တန်ဖိုးရှိအောင် ကြိုးစားချင်တဲ့ လူငယ်တွေ။
• အုပ်စု (၂) – လူငယ်တွေကို တန်ဖိုးရှိအောင် ပျိုးထောင်ချင်တဲ့ လူကြီးတွေ။
ဒီလောက်ပါပဲ။ ‘လူငယ် = တန်ဖိုး” ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်သူတဲ့လူဟာ ဒီအုပ်စု (၂) မျိုး တည်းသာ ဖြစ်ပါတယ်။
ကိုယ်ဟာ…
- လူငယ်လား၊
- လူကြီးလား၊
- တန်ဖိုးရှိအောင် ကြိုးစားချင်တဲ့သူလား၊
- တန်ဖိုးရှိတဲ့ လူငယ်တွေကို ပျိုးထောင်ချင်တဲ့သူလား စသဖြင့် တစ်ခုခုကိုတော့ စိတ်ထဲ ကနေ ပိုင်းခြားကြည့်ပါ။ ဆန်းစစ်ကြည့်ပါ။ ဝေခွဲကြည့်ပါ။
ဒါဆိုရင်…
- ဒီစာအုပ်ကို ဖတ်သင့်တဲ့လူလား၊
- ဒီစာအုပ်ကို မဖတ်သင့်တဲ့လူလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်လာ ပါလိမ့်မယ်။