“နေ့စဉ်ဘဝရဲ့ ပြိုင်ဆိုင်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းကမ်းတွေကြားထဲမှာ လူငယ်တစ်ယောက်ရဲ့ ‘စိတ်’ ဟာ တဖြည်းဖြည်းနဲ့ နွမ်းလျလာတတ်ပါတယ်။
အပြင်ပန်းကြည့်ရင် အဆင်ပြေနေသလို ထင်ရပေမဲ့ ရင်ထဲမှာတော့ ဘယ်သူ့ကိုမှ ထုတ်မပြောဖြစ်တဲ့ ပင်ပန်းမှုတွေက အတောင်ပံတွေကို လေးလံစေပါတယ်။ ဒီလိုအချိန်မှာ လူငယ်အတွက် လိုအပ်နေတာက စိတ်ပင်ပန်းမှုကနေ လွတ်မြောက်ဖိုပါပဲ။
ဒါကြောင့်ပဲ… ဒီစာအုပ်လေးက ပင်ပန်းနေတဲ့ မင်းရဲ့ စိတ်ကလေးကို နွေးထွေးစွာ ဖက်ထားပေးပါလိမ့်မယ်။
ဒီစာအုပ်လေးထဲမှာ…
✅အဆိပ်နဲ့တူတဲ့ မိဘတွေဆီက ပေးတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ၊
✅ အတိတ်က နာကျင်မှုတွေကို နောင်တကင်းကင်းနဲ့ ဘယ်လိုလက်လွှတ်မလဲ၊
✅ အရာအားလုံးကို လက်လျှော့ချင်နေတဲ့ စိတ်ကို Self-Love (ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ခြင်း) နဲ့ ဘယ်လို ကုစားမလဲ၊
✅သူများတွေနဲ့ နှိင်းယှဉ်ပြီး သိမ်ငယ်နေတဲ့စိတ်ကို ဘယ်လိုဖျောက်မလဲ ဆိုတာတွေ ဖတ်ရှုရမှာပါ။
ဒီစာအုပ်က အောင်မြင်မှုအကြောင်း ပြောတဲ့ စာအုပ်မဟုတ်ပါဘူး။ မင်းရဲ့ ‘ရှင်သန်ခြင်း’ နဲ့ ‘ငြိမ်းချမ်းခြင်း’ အကြောင်းကိုပဲ ပြောမှာပါ။
စိတ်ပင်ပန်းမှုကနေ လွတ်မြောက်ဖို ကိုယ်တိုင် ကုစားနည်းတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
“အဆိပ်နဲ့တူတဲ့ မိဘတွေဆီက ဖိစီးမှုပဲဖြစ်ဖြစ်၊ အတိတ်က နာကျင်မှုတွေပဲဖြစ်ဖြစ် အားလုံးကို လက်လွှတ်လိုက်ဖို သတ္တိရှိဖို လိုပါတယ်”
“မင်းတစ်ယောက်တည်း ပင်ပန်းနေတာ မဟုတ်ပါဘူး”
စာမျက်နှာတစ်ခုချင်းစီကို လှန်လှောရင်း မင်းရဲ့ ရင်ဘတ်ထဲက မုန်တိုင်းတွေ ငြိမ်သက်သွားဖို ဒီစာအုပ်လေးက အဖော်ပြုပေးပါလိမ့်မယ်။ မုန်တိုင်းအပြီးမှာ ပွင့်လာတဲ့ မိုးစက်ပွင့်လေးတွေလို မင်းရဲ့ အနာဂတ်ဟာလည်း ပြန်လည်လန်းဆန်းလာမှာပါ။