“စစ်မှန်တဲ့ဘဝ၊ စစ်မှန်တဲ့ပျော်ရွှင်မှု၊ စစ်မှန်တဲ့အချစ်” ဆိုတဲ့ စာအုပ်လေးမှာ ခေါင်းစဥ်ပေးထားတဲ့အတိုင်း အပိုင်းသုံးပိုင်း ခွဲပြီး ရေးထားပါတယ်။ လူတစ်ယောက်ရဲ့ဘဝမှာ လိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ မှန်ကန်တိုးတက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်လှပမှုကို ရဖို့ ဒီစာအုပ်လေးက လမ်းပြခေါ်ဆောင်ပေးပါလိမ့်မယ်။ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မ့ပြည်က အပ်တစ်စင်း ဆုံဖို့ဖြစ်နိုင်ပေမယ့် လူဘဝမှာ လူအဖြစ်ကို ရဖို့က အင်မတန်မှ ခဲယဥ်းပါတယ်တဲ့။ ဒီလိုရခဲတဲ့ လူဘဝမှာ လူတွေအားလုံးဟာ စစ်မှန်တန်ဖိုးရှိတဲ့ ဘဝကို မရကြသလို စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့လည်း မထိုက်တန်သလို ဖြစ်နေကြပါတယ်။
စစ်မှန်တဲ့ အချစ်စစ်ကို ရဖို့ မထိုက်တန်သလို ကိုယ်တိုင်ကလည်း သူတစ်ပါးအပေါ်မှာ စစ်မှန်စွာ ချစ်ခင်ဖို့ မတတ်နိုင်ကြပါဘူး။ လူဆိုတာ အသိဉာဏ်နဲ့ယှဥ်ပြီး မွေးဖွားလာတဲ့သတ္တဝါပါ။ ဘာဖြစ်လို့ အစစ်အမှန်တွေဟာ လူသားတွေနဲ့ မထိုက်တန်ရမှာလဲ။
လူသားအားလုံးကို စစ်မှန်တဲ့ဘဝ၊ စစ်မှန်တဲ့ပျော်ရွှင်မှု၊ စစ်မှန်တဲ့အချစ်ကို ရဖို့ ဒီစာအုပ်လေးထဲက အကြောင်းအရာတွေကနေ လမ်းပြခေါ်ဆောင်ပေးပါလိမ့်မယ်။ ဒီစာအုပ်ထဲမှာ တန်ဖိုးရှိတဲ့ ဘဝကို ရဖို့ လမ်းညွန်ချက်တွေ၊အတွေ့အကြုံတွေ၊ နည်းလမ်းတွေ အများကြီး ပါဝင်နေပါတယ်။ စစ်မှန်တဲ့ပျော်ရွှင်မှုကိုလည်း ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ပဲ ဘယ်လို ပျော်ရွှင်မှုတွေကို ရယူဖို့ လိုအပ်နေကြောင်း ချက်ခြင်းသဘောပေါက်စေနိုင်မှာပါ။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ဖို့ကိုလည်း ဒီစာအုပ်လေးထဲက အကြောင်းအရာတွေအားလုံးက ဖန်တီးပေးပါလိမ့်မယ်။
လူ့ဘဝဆိုတာ အစဥ်အမြဲချောမွေ့နေအောင် ဖန်တီးပေးထားတဲ့ ပန်းခင်းလမ်းမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား၊ စွမ်းဆောင်နိုင်ရည်မြင့်မားမှု၊ မှန်ကန်တဲ့အားထုတ်လိုမှု၊ ဇွဲလုံ့လ ဝီရိယ ပြင်းပြထက်သန်မှု စသဖြင့် လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ဘယ်လောက်ရှိနေသလဲဆိုတာကို စမ်းသပ်ခြင်းဖြစ်ပြီး စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့၊ ဆူးညှောင့်ခလုတ်ကန်သင်းတွေ တားဆီးထားတဲ့ လမ်းခရီးကြမ်းတွေသာ ဖြစ်ပါတယ်။
“လူ့ဘဝဆိုတာသည် ကံကြမ္မာက သတ်မှတ်ပြဌာန်းထားတဲ့ အရာ” လို လည်း မဆိုသာပါ။ မိမိရဲ့ဘဝကို မိမိကိုယ်တိုင် တည်ဆောက်ခြင်းသာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် ဘဝတစ်ခု တည်ဆောက်ရာမှာလည်း အသိအလိမ္မာ ရှိမှသာ ဖြစ်နိုင်မှာပါ။ အဲဒီအသိအလိမ္မာ ဉာဏ်ပညာကို တန်ဖိုးရှိတဲ့ စာကောင်းပေကောင်းတွေက ပေးစွမ်းနိုင်ပါတယ်။
“စစ်မှန်တဲ့ဘဝ၊ စစ်မှန်တဲ့ပျော်ရွှင်မှု၊ စစ်မှန်တဲ့အချစ်” ဆိုတဲ့ စာအုပ်လေးဟာ စာကောင်းပေမွန်တစ်အုပ် ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝတန်ဖိုးအကြောင်းကို နားလည်ဖို့ စာဖတ်သူကို ဒီစာအုပ်လေးက အပြည့်အဝလမ်းညွှန်ပေးပါလိမ့်မယ်။ ဒီစာအုပ်ကို ဘာကြောင့် ဒီလောက်ညွှန်းဆိုရသလဲဆိုရင် ကျွန်မရဲ့ ကိုယ်စိတ်နှလုံး သုံးပါးလုံး ပြည့်စုံလုံလောက်တဲ့အချိန်မှာ ရေးသားခဲ့လို့ပဲ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင် စစ်မှန်တဲ့ဘဝ၊ စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ စစ်မှန်တဲ့အချစ်ကို ရရှိပိုင်ဆိုင်ခဲ့ပြီးဖြစ်လို့ စာဖတ်သူ အားလုံးကို ပြန်လည်မျှဝေချင်တဲ့ မေတ္တာတရား စစ်စစ်နဲ့ ကြိုးစားအားထုတ်ပြီး ရေးသားခဲ့တာပါ။
ကျွန်မ ညွှန်းဆိုပြသလောက် ဟုတ်၊ မဟုတ်ကိုတော့ စာဖတ်သူတွေကိုယ်တိုင် အကဲဖြတ် လေ့လာဆန်းစစ်ကြည့်ပါ။ လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ဘဝကို စာဖတ်သူကိုယ်တိုင် ဖန်တီးနိုင်တဲ့စွမ်းအားတွေ ရရှိလာမယ်လို့ ရဲရဲဝံ့ဝံ့ ပြောလိုက်ပါရစေ။