အေးချမ်းပါရစေ

စိတ်မထားတတ်ရင်

ဘဝဟာ ပူလောင်ပါတယ်။

စိတ်အေးချမ်းချင်သူတွေအတွက်

ဒီစာအုပ်ထဲမှာ

နေ့စဥ်ဘဝမှာ စိတ်ထားတတ်ဖို့

နည်းလမ်းတွေပါတယ်

“အေးချမ်းပါရစေ” စာအုပ်ကို ဘယ်လိုဖတ်ရမလဲဆိုရင်

စာအုပ်ကို စဖတ်ချင်တဲ့နေရာက ဖတ်ပါ။

ဖတ်ပြီးရင် စာအုပ်ကိုပိတ်ပြီး ဖတ်ထားသမျှအားလုံးကို မေ့လိုက်ပါ။

နောက်ပိုင်း ဖတ်ချင်တဲ့စိတ်ပေါ်လာရင် ထပ်ဖတ်ပါ။

ဒါကိုပဲ အကြိမ်ကြိမ်လုပ်ပါ။

ဘာလို့လဲဆိုရင်

“အေးချမ်းပါရစေ” စာအုပ်ဟာ ဖတ်ပြီး တွေးဖို့ထက်

ဒီစာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ပြီးတာနဲ့ နေ့စဥ်ဘဝမှာ ချက်ချင်းအသုံးချနိုင်ဖို့ကို ရည်ရွယ်ပါတယ်။

လူတစ်ယောက်ဟာ တစ်ခုခုကို လက်တွေ့အသုံးချတဲ့အခါ တွေးနေဖို့မလိုဘဲ အလိုလိုလုပ်နိုင်တဲ့အခြေအနေရောက်နေဖို့ လိုပါတယ်။

“အေးချမ်းပါရစေ” စာအုပ်ဟာ ဒါကို ကူညီပေးနိုင်မှာပါ။ဖတ်ရှုတဲ့ စာဖတ်သူတစ်ယောက်ချင်းစီလည်း ဒါကိုခံစားမိမယ်လို့ ယုံကြည်ပါတယ်။

Comments are closed.