Realization for life (1)

ကျွန်တော် Realization for life (1) ဆိုပြီး စာအုပ်လေးထုတ်ဖို့ အကြံရခဲ့ပါတယ်။ (1) ဆိုတာကတော့ ဒီစာအုပ်လေးကို series အလိုက် ထုတ်မယ့်အစီအစဉ်ပါ။

အမှန်တော့ ဒီစာအုပ်လေးကို ၂၀၂၄ မှာ ထုတ်မယ်လို့ စဉ်းစားထားခဲ့တာပါ။ ဒါပေမဲ့ စာဖတ်သူအများစုအတွက် လိုအပ်နိုင်တဲ့ စာအုပ်လေးဖြစ်လို့ အခုအချိန်မှာ ထုတ်ဝေလိုက်ရတာ ဖြစ်ပါတယ်။

စာဖတ်ခြင်းဖြင့် –

ငြိမ်းချမ်းခြင်း၊

အေးချမ်းခြင်း၊

အကောင်းမြင်ခြင်း စသည်ဖြင့်…

(positive life) အကောင်းမြင်တဲ့ ဘဝနေနည်းကို ဦးစားပေးရေးထားတဲ့ စာအုပ်လေးဖြစ်လို့ များစွာအသုံးဝင်မယ်လို့လည်း ယူဆမိပါတယ်။

“ဘဝထဲက အနုပညာ” ဆိုတဲ့အတိုင်း နေ့စဉ်ဘဝမှာ ဖြစ်ပျက်ခဲ့တာတွေကို ကောင်းတဲ့အမြင်ဖြင့် နားလည်သဘောပေါက်ကြောင်း ရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်။

(Way to live) ဘဝနေထိုင်နည်း စာအုပ်လေးဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ် ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ အတွင်းစိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့အတွေး၊ အေးချမ်းတဲ့အတွေးတွေ တွေးနိုင်ဖို့ ရေးသားထားခြင်းလည်း ဖြစ်ပါတယ်။

ဒီစာအုပ်လေးက အခုလိုအချိန်မျိုးမှာ အတွင်းစိတ် အေးချမ်းစေဖို့၊ အကောင်းမြင်စိတ်လေးတွေ များများထားနိုင်စေဖို့ အထောက်အကူပြုပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>