ပျော်ရွှင်ခြင်းအနှစ်သာရ

     စိတ်ဓာတ်ကျလွယ်သူ၊ ဝမ်းနည်းလွယ်သူ၊ ကိုယ့်ဘဝကို တခြားသူနဲ့  နှိုင်းယှဉ်တတ်လွယ်သူ၊ ကိုယ့်ဘဝကို အားမလိုအားမရ ခံစားမိသူ၊ ကိုယ့်ကို မတော်ဘူး မထက်မြက်ဘူးလို့ ခံစားနေရသူတွေအတွက် ကျွန်မ ဒီစာအုပ်ကို ရေးခဲ့တာပါ။ အတတ်နိုင်ဆုံး တိုတိုရှင်းရှင်းနဲ့ ပေးချင်တဲ့ အဓိပ္ပာယ်ပေါ်လွင်အောင် ရေးထားတာဖြစ်လို့ တစ်ခုဖတ်ပြီးတိုင်း motivation တွေရမယ်လို့လည်း မျှော်လင့် မိပါတယ်။

     အခုစာအုပ်ကို ဖတ်ပြီးတဲ့အခါ အဆင်မပြေမှုတွေကြားက  ရှေ့ဆက်ဖို့ ခွန်အားရသွားမယ်။ ဘဝရဲ့ပျော်ရွှင်ခြင်း အနှစ်သာရဆိုတာ ဘာလဲလို့ သိရှိသွားမယ်။ ကိုယ့်ဘဝကို ပိုပိုချစ်တတ်လာမယ်။ အကောင်းမြင်စိတ် တိုးလာမယ်။ ကိုယ့်ဖြစ်တည်မှုကို ကျေနပ်လက်ခံတတ်လာမယ်။ ဘဝကို ရိုးရိုးရှင်းရှင်း အေးအေးချမ်းချမ်းနဲ့ ရှင်သန်တတ်လာမယ်။ ပြီးတော့…

     ချစ်ရတဲ့ စာဖတ်သူတွေလည်း ကိုယ့်ဘဝရဲ့ စစ်မှန်တဲ့ပျော်ရွှင်ခြင်း အနှစ်သာရကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

39 thoughts on “ပျော်ရွှင်ခြင်းအနှစ်သာရ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>