ဆင်ကလေးရဲ့ နောင်တ

ဖေဖေမေမေတိုင်းဟာ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို တခြားသူတွေထက် ပိုပြီးထူးချွန်ထက်မြက်စေချင်ကြတာ သဘာဝပါပဲ။

ဗီဇဆိုတာ အရေးပါပေမဲ့ ကလေးသဘာဝ လေ့လာသင်ယူမှုတွေကလည်း လိုအပ်နေပါသေးတယ်။

လူကြီးမိဘတွေအနေနဲ့ ”ဒါကို မလုပ်နဲ့၊ ဒါကို လုပ်” ဆိုပြီး ပြောဆိုဆုံးမလို့ ရတာတွေ ရှိသလို အဲဒီလိုပြောဆိုဆုံးမလို့ မရနိုင်တဲ့ အစိတ်အပိုင်းလေးတွေလည်း များစွာရှိနေတတ်ပါတယ်။

တချို့ အကြောင်းတရားတွေဆိုရင် တိုက်ရိုက်ပြောဆိုဆုံးမတာမျိုး မလုပ်ဘဲ ကလေးသဘာဝ နားလည်လွယ်မယ့်၊ စွဲမှတ်လွယ်မယ့်၊ ရင်ထဲမှာ ကိန်းဝပ်လွယ်မယ့် ပုံတိုပတ်စလေးတွေနဲ့ သိုင်းခြုံသွန်သင်ပေးသင့်ပါတယ်။ ဥပမာ – ပုံပြင်လေးတွေ ပြောပြတာ၊ ပုံပြင်စာအုပ်လေးတွေ ပေးဖတ်တာ၊ ပုံပြင်ပြီးတာနဲ့ ကလေးတွေအတွက် သင်ခန်းစာလေးတွေ ပေးတာ၊ ပုံပြင်ကနေ ကလေးတွေအနေနဲ့ ဘယ်လိုအသိတွေ ရသလဲလို့ မေးပြီး ထိရောက်မှုကို စစ်ဆေးတာ စသဖြင့် လုပ်ဆောင်ခြင်းမျိုးတွေဟာ နုနယ်သေးတဲ့ ကလေးငယ်တွေအတွက် မြောက်မြားစွာသောအကျိုးတွေကို ဖြစ်ထွန်းစေပါတယ်။

ဒီစာအုပ်လေးထဲမှာဆိုရင် တစ်ပါးသူအပေါ်မှာ စာနာတတ်ဖို့၊ နေရာတိုင်းမှာ ကိုယ့်စိတ်နဲ့ချည်း မတိုင်းတာဖို့၊ ရင်းနှီးချစ်ခင်စွာ နေထိုင်တတ်ဖို့ စတဲ့ သင်ခန်းစာမျိုးတွေကို ရရှိစေပါလိမ့်မယ်။ နှစ်လိုစွဲမှတ်ဖွယ် ပုံပြင်လေးတစ်ပုဒ်ဖြစ်ပြီး အင်္ဂလိပ် – မြန်မာ နှစ်ဘာသာနဲ့ ရေးထားတာဖြစ်လို့ အင်္ဂလိပ်စာကိုပါ တစ်ပါတည်း လေ့လာပြီးသား ဖြစ်စေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

One thought on “ဆင်ကလေးရဲ့ နောင်တ

  1. I like the valuable information you provide to your articles.
    I’ll bookmark your weblog and check once more right here regularly.
    I am relatively sure I will be informed a lot of new
    stuff right right here! Good luck for the following!

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>