သိပ်တော်တဲ့ ငါ

ခံစားထိရှလွယ်တဲ့ သတ္တဝါတွေထဲမှာ လူက ထိပ်ဆုံးမှာ ရှိပါတယ်။ နေ့စဉ်လူမှုဘဝတွေထဲမှာ…

ထိခိုက်နာကျင်စရာတွေ၊ 

၀မ်းနည်းကြေကွဲစရာတွေ၊ 

စိတ်ပျက်အားငယ်စရာတွေဆိုတာ လူတိုင်းအတွက် အချိန်နဲ့အမျှပါပဲ။ 

‘သိပ်တော်တဲ့ ငါ’ ဆိုတဲ့ စာအုပ်ဟာ နေ့စဉ်ဘဝတွေထဲက စိတ်အဖုအထစ်တွေကို တွန်းလှန်နိုင်ဖို့အတွက် အားဆေးတစ်ခွက်ပါပဲ။ အချို့သော အယူအဆတွေဆိုရင် အလွန်ရိုးရှင်းပြီး အလွန်လည်း အသုံး၀င်မှန်ကန်လှပါတယ်။ 

ပုံမှန်ဖြစ်ပျက်နေမှုတွေကို ပုံမှန်ပဲတွေးတောပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာအောင် ရေးသားဆွေးနွေးထားခြင်း ဖြစ်ပါတယ်။ 

“ဘယ်အရာ၊ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် 

ကိုယ်မရှိလို့ မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ 

ကိုယ်မရှိလို့ ခဏတစ်ဖြုတ် ခက်ခဲသွားတာပဲ ရှိပါတယ်။ 

ပြီးရင်တော့…အားလုံးဟာ ပုံမှန်ပါပဲ။

Comments are closed.