Month: April 2023

နံပါတ်တစ်

နယ်ပယ်စုံ… ကဏ္ဍစုံ နေရာစုံမှာ…
လူတိုင်းကတော့ ထိပ်ဆုံးဆိုတဲ့ ‘နံပါတ်တစ်’ နေရာကို လိုချင်ကြမှာပါပဲ။ ဒါပေမဲ့ နံပါတ်တစ်ဆိုတာ လူတိုင်း ရောက်နိုင်တဲ့နေရာတော့ မဟုတ်ပါဘူး။အရေးအကြီးဆုံးက ကိုယ်လိုချင်တဲ့ နံပါတ်တစ်က ဘယ်လိုနေရာမျိုးမှာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစဉ်းစားကြည့်ဖို့လည်း လိုအပ်ပါတယ်။ …..

ငြိမ်းချမ်းခြင်းကို ခံစားတတ်ဖို့ဆိုရင်

ဆရာမ လင်းလက်ချို(ကျောက်တော်) က စာ အရေးအသား ကောင်းမွန်ပြီး နှလုံးသားနဲ့ အတတ်ပညာကို အချိုးညီညီ ပေါင်းစပ်ချယ်မူန်းနိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာဖန်တီးမှုဖြစ်တဲ့ ဒီစာအုပ်လေးထဲက ဝတ္ထုတိုလေးတွေဟာ အာရုံခံစားမူ အားကောင်းကောင်းနဲ့ ဖြစ်စဉ်အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ရေးသားဖွဲ့နွဲ့ထားတာကိုလည်း တွေ့ရပါတယ်။  ကစ္ဆပနဒီ မြစ်ကမ်းနံဘေးမှာ နေထိုင်သူပီပီ ကစ္ဆပနဒီမြစ်ရဲ့ အလှကို စာဖွဲ့တယ်။ …..

စီးပွားရေးကို ဘယ်လိုစတင်ရမှာလဲ

ဆရာ ချစ်ကိုကိုယုသည် ‘နှလုံးလှလူမိုက်’ ဝတ္ထုကို ဖန်တီးခဲ့သော ရှေ့နေ စာရေးဆရာကြီး ဖြစ်သည်။ ယခု ထွက်ရှိလာသော “ရွက်နုဝေဖြာ သံယောဇဉ်ကမ္ဘာ” သည် ၁၉၈၉ ခုနှစ်တွင် စာပေဗိမာန် ဝတ္ထုရှည်ဆု ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ် ထွက်ရှိခဲ့ဖူးသောစာအုပ်လည်း ဖြစ်ပါသည်။ နောင် နှစ်ပေါင်း ၃၀ အကြာ၊ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဒုတိယအကြိမ်အဖြစ် ပြန်လာထွက်ရှိလာခဲ့ပါပြီ။ …..

အေးချမ်းစွာ ရှင်သန်ခြင်း

“အေးချမ်းစွာ ရှင်သန်ခြင်း”ဆိုတဲ့ ဒီစာအုပ်လေးကို စာအပုဒ်ရေ (၅၉)ပုဒ်နဲ့ ဖန်တီးထားတာပါ။
Motivation သီးသန့်မဟုတ်ပေမဲ့ စိတ်ခွန်အားရမည့် စာအုပ်လေးဖြစ်မှာပါ။
“အေးချမ်းစွာ ရှင်သန်ခြင်း”ဆိုလို့ ဘာမှမလုပ်ပဲ ထိုင်နေတာမျိုးကို ဆိုလိုတာမဟုတ်ဘူး။
လူငယ်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာတွေလုပ်မယ် ရည်မှန်းချက်အိမ်မက်တွေကို …..

မနက်ဖြန်မှာ အသင့်ဖြစ်နေပါစေ

ကျွန်မသည် အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သဖြင့် ငယ်ရွယ်လွန်းသည့်အချိန်တွင် လူမှု့ဒုက္ခမျိုးစုံ တွေကြုံရင်ဆိုင်ခဲ့ရပြီး ဘဝ၏အခက်အခဲများ၊ လောကဓံပေါင်းစုံများ ရိုက်ခတ်ခံခဲ့ရပါသည်။ ကျွန်မဖြတ်သန်းခဲ့ရသော ခရီးလမ်းများ ကြမ်းတမ်းခဲ့သကဲ့သို့ မောပန်းမှုများလည်း ရှိခဲ့ရပါသည်။ အခက်အခဲ ဒုက္ခပေါင်းစုံသည် ကျွန်မ၏ဘဝအတွေ့အကြုံ ဖြစ်စေခဲ့ပြီး း လောကဓံတရားအပေါ် မည်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်းမလဲဟု အမြဲတမ်း တွေးတောသုံးသပ်ခဲ့ရပါသည်။ …..

ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်း

လူတိုင်းဟာ ကိုယ်စီရှင်သန်ရာ ဘဝရဲ့အဓိပ္ပာယ်ကိုသိထားကြဖို့လိုအပ်မယ်ထင်ပါတယ်။ ဘဝဟာ ရှေ့ဆက်သွားနေပါတယ်။ ဘဝကိုရပ်တန့်လို့မရသလို နောက်ပြန်လှည့်လို့လည်းမရပါဘူး။ ဒီတော့ ဘယ်လိုရှေ့ဆက်မလဲ၊ ဘယ်လိုနေထိုင်သွားရမလဲ ဆိုတာကသာ ပိုပြီးတော့အရေးကြီးပါတယ်။ ဒီစာအုပ်လေးမှာ အပိုင်း(၅) ပိုင်းပါဝင်ပါတယ်။ အပိုင်း (၁) ပျော်ရွှင်ခြင်း၊အပိုင်း(၂) ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊အပိုင်း(၃) အသိပညာအလင်းစက်လေးများ၊အပိုင်း(၄) ချစ်ခြင်းမေတ္တာအပိုင်း(၅) အဓိပ္ပာယ်ရှိ သောဘဝတို့ ဖြစ်ပါတယ်။ စာအုပ်လေးကို ဖတ်တဲ့အခါ တချို့နေရာတွေမှာ တွေးစရာတွေရှိမယ်၊ တချို့နေရာတွေမှာ လက် တွေ့ လုပ်ဆောင်ရတာလေးတွေ ရှိပါလိမ့်မယ်။ တချို့နေရာတွေကို မြန်မြန်ဖတ်လို့ရပေမယ့် တချို့နေရာလေးတွေမှာတော့ တွေးတောသုံးသပ်ကာ ဖြည်းဖြည်းချင်း ဖတ်မယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ စာဖတ်ခြင်းရဲ့ရည်ရွယ်ချက်ဟာ လက်တွေ့အသုံးချဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်စာအုပ်လေးကို ဖတ်ရှုပြီး စာဖတ်သူတွေရဲ့ဘဝတွေမှာလက်တွေ့အသုံးချရင်း ဘဝကိုအဓိပ္ပာယ်ရှိအောင် ဖန်တီးနိုင် ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်ဖို့…

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ မအီစက်တော် လက်ဝဲ လက်ယာ ခြေတော်ရာများ၏ သမိုင်းကြောင်းများ …
စာရေးသူကိုတိုင် သွားရောက်ဖူးမြော်ခဲ့ရသော အတွေ့အကြုံများနှင့် မှတ်တမ်းဓာတ်ပုံများ …
နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မအီစက်တော်ရာသမိုင်းကြောင်းကို မြေပြင်နှင့် သမိုင်း​မှတ်တမ်းများပေါင်းကာ ရေးသားထားမှုများ …..

ချစ်ရတာ မတန်လိုက်တာ မောင်ရယ်

လူတိုင်းသည် အချစ်နှင့် ကင်းကြသူများမဟုတ်။ တချို့က ပြောကြသည်။ “တစ်ထောင့်ငါးရာအချစ်နဲ့ချစ်တာလား… ငါးရာနှစ်ဆယ့်ရှစ်အချစ်နဲ့ ချစ်တာလား” တဲ့။ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာသည် အေးမြ၏။ သာယာပျော်ရွှင်ဖွယ်ကောင်း၏။ ကြည်နူးစရာကောင်း၏။ သို့သော် တစ်ထောင့်ငါးရာအချစ်စစ်ခဲ့ပါလျှင် ငါးရာနှစ်ဆယ့်ရှစ်အချစ် လိုက်မမီတော့ပါ။ ဤနေရာတွင် အချစ်စစ်အချစ်မှန်နှင့် မတွေ့ဘဲ အချစ်တု၊ သံယောဇဉ်အတုများနှင့် ကြုံတွေ့လာရသောအခါ ခံစားရမည့်သူမှာ ပိုချစ်ရသည့်သူပါ။ …..

လူတိုင်းရဲ့အာရုံမှာ ကိုယ်ပဲ ရှိနေပါစေ

သည်စာအုပ်လေးက လူ့ဘ၀ထဲက ဥပ‌ဒေဆိုသည့်အလျောက် လူနေမှုနေ့စဉ်ဘ၀ထဲက အဖြစ်များသော၊ အမြဲကြုံတွေ့ရတတ်သော အမှုအခင်းများကို စနစ်တကျနဲ့ သေသေချာချာလေး ရှင်းပြ၊ ရေးပြပေးထားတာ ဖြစ်ပါတယ်။ အမှုအခင်းတစ်ခု မိမိရှေ့မှာ မြင်လိုက်သည်နှင့် မည်သည့်ပြစ်မှုမြောက်ပြီး မည်သို့ ဆောင်ရွက်ရမည်ကို သိရှိနိုင်မှာဖြစ်သလို မိမိကိုယ်တိုင် ကြုံတွေ့ရသည့်အခါမျိုးမှာလည်း မည်သို့ လုပ်ကိုင်ရမည်၊ မည်သည့်အချက်များကို ရှောင်ပြီး မည်သည့်အချက်များကို …..

နှလုံးသားသရဏဂုံဖြင့် ဘ၀ကုံလုံချမ်းမြေ့စေမယ်

တက္ကသိုလ်တွေ ကွဲပြားခြားနားနေသော်လည်း တက္ကသိုလ်ကျောင်းသားဘဝ ခံစားမှုကတော့ အတူတူပဲဖြစ်မည်ဟု ထင်မိပါသည်။
တက္ကသိုလ်မှ ဘွဲ့တစ်ခုရ၍ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ခွဲခွာခဲ့ရသော်လည်း နှစ်တွေ၊ အချိန်တွေ ကြာညောင်းခဲ့ပါစေ အမိတက္ကသိုလ်ကြီးနှင့် တက္ကသိုလ်ကျောင်းသားဘဝကို မေ့လို့မခဲ့ပေ။
ကျွန်တော်တို့ဘဝတွေထဲက ပျော်ရွှင်စရာအချိန်ကာလတစ်ခုကို ပြရမည်ဆိုလျှင် …..