လူငယ်အတွက် ဘဝလမ်းညွှန်

“လူငယ်အတွက် ဘဝလမ်းညွှန် ” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးမှာ လူငယ်တွေအတွက် ဘဝခရီးကိုလျှောက်လှမ်းတဲ့အခါ အကျိုးဖြစ်ထွန်းစေမယ့် စာစု (၅၅) ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
“လူငယ်အတွက်” လို့ ခေါင်းစဉ်ပေး အစချီထားပေမယ့် လူလတ်ပိုင်းတွေရော၊ လူကြီးပိုင်းတွေပါ ဖတ်လို့ရပါတယ်။ “ဘဝလမ်းညွှန်” ဆိုတဲ့အတိုင်း ဘဝအတွက် လက်တွေ့အသုံးချနိုင်မယ်ဆိုရင် ဒီစာအုပ်ကိုပိုပြီး ဖတ်ရကျိုးနပ်စေမှာပါ။
လူငယ်တွေအနေနဲ့ ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ ဘဝရဲ့အနှစ်သာရကို သိရှိလာနိုင်မယ်၊ ပြုပြင်သင့်တာကို ပြုပြင်လာနိုင်မယ်၊ အမှားတွေကို အမှန်ပြင်ပြီး ဘဝကို ရှေ့ဆက်လျှောက်လာနိုင်မယ်၊ မိမိကိုယ်ကို တန်ဖိုးမြှင့်တင်တတ်လာပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝတစ်ခုကို တည်ဆောက်လာနိုင်ပါလိမ့်မယ်။
စာအုပ်ထဲမှာပါဝင်တဲ့ စာမြည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

◼

 ငြင်းသင့်ရင် ငြင်းပါ
သဘောကျတဲ့စကားလေးတစ်ခွန်းရှိတယ်။ “သဘောကောင်းဖို့ မလိုဘူး။ စိတ်ထားကောင်းဖို့ပဲ လိုပါတယ်” တဲ့။
ဒါကြောင့် နေ့စဉ်ဘဝမှာ ငြင်းသင့်တာတွေ၊ ကိုယ်မလုပ်ပေးနိုင်တာတွေကို ပြတ်ပြတ်သားသားပဲ ငြင်း​​လိုက်ပါ။ အားနာတတ်တဲ့စိတ်၊ ကိုယ့်ကိုသဘောမကောင်းတဲ့လူလို့ အမြင်ခံရမှာ စိုးရွံ့တဲ့စိတ်တွေ​ကြောင့် အကူအညီ တောင်းခံလာတာတွေကို မငြင်းဘဲနေလိုက်မယ်ဆိုရင် ရလဒ်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးသွားရမယ်။ ကိုယ်က လုပ်ပေးလိုက်တဲ့ကိစ္စတွေက မသေသပ် မလှပတော့ပါဘူး။ ဒါကြောင့် တစ်ဖက်သားရဲ့ကျေးဇူးအတင်ခံရမယ့်အစား အပြစ်တင်တာတောင်ခံရနိုင်ပါတယ်။
လူတိုင်းရဲ့ကိစ္စတွေကို အမြဲကူညီပေးနေဖို့ ကိုယ့်မှာ တာဝန်မရှိပါဘူး။ ငြင်းသင့်တာကိုငြင်းရပါမယ်။ အမြဲသဘောကောင်းပေးနေဖို့မလိုပါဘူး။ စိတ်ထားကောင်း​အောင်ပဲကြိုးစားဖို့လိုပါတယ်။

◼

 ရင့်ကျက်ခြင်း
လူတိုင်းမှာ ဒေါသတွေ ရှိပါတယ်။ အဲဒီဒေါသတွေကို လူတွေ မြင် အောင် ထုတ်မပြတာကလည်း ရင့်ကျက်ခြင်းတစ်မျိုးပါပဲ။ လူတိုင်း မှာ ခံစားချက်တွေ ရှိပါတယ်။ ခံစားရတာတွေကို မျက်နှာမှာ မပေါ်လွင် အောင် ထိန်းချုပ်နိုင်တာကလည်း ရင့်ကျက်ခြင်းတစ်မျိုးပါပဲ။ တစ်ခါတလေ ဝမ်းနည်းမှုတွေ ကြုံလာခဲ့ချိန် လူတိုင်းကို လိုက်ဖွင့်မပြတာကလည်း သူ့ ရဲ့ ရင့်ကျက်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရင့်ကျက်ခြင်းတွေ ရဖို့အတွက် အမှားတွေကိုလည်း အများကြီးပြင်ဆင်ခဲ့ရမယ်။ ကိုယ့်စိတ်လေးကို ထိန်း ချုပ်နိုင်အောင် လေ့ကျင့်ခဲ့ရတာတွေ ရှိနေနိုင်ပါတယ်။
လူတစ်ယောက်ရင့်ကျက်လာတဲ့အခါ ဒေါသဖြစ်ပေမယ့် မပေါက်ကွဲ အောင် ထိန်းတတ်လာတယ်။ ဝမ်းနည်းပေမယ့် မျက်ရည်မကျအောင် ထိန်း တတ်လာတယ်။ မယုံပေမယ့် တစ်ဖက်သားစကားကို နားထောင်ပေးတတ် လာတယ်။ စိတ်မပါတဲ့အခါမှာလည်း ဝတ္တရားရှိတာကို တာဝန်ကျေပွန် အောင် ဆောင်ရွက်တတ်လာတယ်။ ပြောချင်ပေမယ့် အချိန်အခါ ကြည့်ပြီး မှ ပြောတတ်လာတယ်။ အစွပ်စွဲခံရတဲ့အခါ အပြုံးမပျက် ဖြေရှင်းတတ် လာတယ်။ ဒါကြောင့် ရင့်ကျက်မှုတွေကို ပိုင်ဆိုင်လိုရင် ဘဝအတွေ့အကြုံ တွေကို ရဲရဲရင်ဆိုင်ပါလို့ အကြံပြုချင်ပါတယ်။ 

3 thoughts on “လူငယ်အတွက် ဘဝလမ်းညွှန်

  1. Специалисты рекомендуют выбирать надежные сервера хрумер обеспечивающие высокую производительность.

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>