ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်း

လူတိုင်းဟာ ကိုယ်စီရှင်သန်ရာ ဘဝရဲ့အဓိပ္ပာယ်ကိုသိထားကြဖို့လိုအပ်မယ်ထင်ပါတယ်။ ဘဝဟာ ရှေ့ဆက်သွားနေပါတယ်။ ဘဝကိုရပ်တန့်လို့မရသလို နောက်ပြန်လှည့်လို့လည်းမရပါဘူး။ ဒီတော့ ဘယ်လိုရှေ့ဆက်မလဲ၊ ဘယ်လိုနေထိုင်သွားရမလဲ ဆိုတာကသာ ပိုပြီးတော့အရေးကြီးပါတယ်။

ဒီစာအုပ်လေးမှာ အပိုင်း(၅) ပိုင်းပါဝင်ပါတယ်။

အပိုင်း (၁) ပျော်ရွှင်ခြင်း၊
အပိုင်း(၂) ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊
အပိုင်း(၃) အသိပညာအလင်းစက်လေးများ၊
အပိုင်း(၄) ချစ်ခြင်းမေတ္တာ
အပိုင်း(၅) အဓိပ္ပာယ်ရှိ သောဘဝတို့ ဖြစ်ပါတယ်။

စာအုပ်လေးကို ဖတ်တဲ့အခါ တချို့နေရာတွေမှာ တွေးစရာတွေရှိမယ်၊ တချို့နေရာတွေမှာ လက် တွေ့ လုပ်ဆောင်ရတာလေးတွေ ရှိပါလိမ့်မယ်။ တချို့နေရာတွေကို မြန်မြန်ဖတ်လို့ရပေမယ့် တချို့နေရာလေးတွေမှာတော့ တွေးတောသုံးသပ်ကာ ဖြည်းဖြည်းချင်း ဖတ်မယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။

စာဖတ်ခြင်းရဲ့ရည်ရွယ်ချက်ဟာ လက်တွေ့အသုံးချဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်စာအုပ်လေးကို ဖတ်ရှုပြီး စာဖတ်သူတွေရဲ့ဘဝတွေမှာလက်တွေ့အသုံးချရင်း ဘဝကိုအဓိပ္ပာယ်ရှိအောင် ဖန်တီးနိုင် ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>