
ဒီစာအုပ်လေးဟာ လူငယ်တိုင်းအတွက် မလွဲမသွေ အကျိုးရှိစေနိုင်လိမ့်မယ်လို ယူဆမိပါတယ်။
လူငယ်တစ်ယောက်ရဲ့စိတ်ကူးတွေ၊
လူငယ်တစ်ယောက်ရဲ့ အတွေးတွေ၊
အထူးသဖြင့် ၂၁ ရာစု လူငယ်တွေရဲ့ အနာဂတ်တွေကို အထိုက်အလျောက် ဆေးရောင်ခြယ်သပေးနိုင်လိမ့်မယ်လို့ ဆိုရပါလိမ့်မယ်။
စာရေးသူ (၇) ဦးကနေ မတူညီတဲ့ ကဏ္ဍတစ်ခုစီယူပြီး အမြင်မျိုးစုံနဲ့ ရေးသားပုံဖော်ထားတာဖြစ်လို့ ဒီစာအုပ်လေးဟာ လူငယ်တိုင်းအတွက် ကောင်းကျိုးတစ်စုံတစ်ရာ ရရှိနေမှာ သေချာပါတယ်။
စာမြည်းအနေနဲ့ ဖော်ပြပေးလိုတာကတော့ –
သဒ္ဓါတရားဆိုဝာာ ဘာလဲဆိုရင်
ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း
ကံ၊ ကံရဲ့အကျိုးကို ယုံကြည်ခြင်းကို ဆိုလိုတာပါ။
– မောင်ဘုန်း(သပြု)
ချစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့
လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအထိ
ချုပ်ချယ်ကန့်သတ်ဖို့ မလိုပါဘူး။
– နှင်းအေးလူ
တချို့သားသမီးတွေက မိဘမပြည့်စုံမှာ ကြောက်တယ်။
တချို့သားသမီးတွေကတော့ သူတို့မပြည့်စုံမှာ
ပိုကြောက်တယ်။
– သဟာဆွေလှိုင်း
ဗုဒ္ဓပြောခဲ့သလို ဘဝက ရခဲပါတယ်။
ရှင်သန်ခွင့်ရတဲ့ဘဝကို
ကျေနပ်စွာ ခံစားပါ။
– နူးနူးအောင်
“The key to success is preparation” တဲ့။
အောင်မြင်ခြင်းရဲ့သော့ချက်ဟာ
ကြိုတင်ပြင်ဆင်ခြင်းပါပဲ။
– ယွန်း@Precious Y
ခံယူချက်၊ ရပ်တည်ချက် ကောင်းရင်
ဘဝက ပြောင်းလဲပါတယ်။
နိမ့်ကျနေလည်း ခဏပါပဲ။
– အလင်းမြတ်
ပိုက်ဆံဆိုတာ
အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူဖို့
အလုံးစုံ ပြေပြစ်နေမှာတော့ မဟုတ်ပါဘူး။
– သုနေ