“လူငယ်အတွက် ဘဝလမ်းညွှန် ” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးမှာ လူငယ်တွေအတွက် ဘဝခရီးကိုလျှောက်လှမ်းတဲ့အခါ အကျိုးဖြစ်ထွန်းစေမယ့် စာစု (၅၅) ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
“လူငယ်အတွက်” လို့ ခေါင်းစဉ်ပေး အစချီထားပေမယ့် လူလတ်ပိုင်းတွေရော၊ လူကြီးပိုင်းတွေပါ ဖတ်လို့ရပါတယ်။ “ဘဝလမ်းညွှန်” ဆိုတဲ့အတိုင်း ဘဝအတွက် လက်တွေ့အသုံးချနိုင်မယ်ဆိုရင် ဒီစာအုပ်ကိုပိုပြီး ဖတ်ရကျိုးနပ်စေမှာပါ။
လူငယ်တွေအနေနဲ့ ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ ဘဝရဲ့အနှစ်သာရကို သိရှိလာနိုင်မယ်၊ ပြုပြင်သင့်တာကို ပြုပြင်လာနိုင်မယ်၊ အမှားတွေကို အမှန်ပြင်ပြီး ဘဝကို ရှေ့ဆက်လျှောက်လာနိုင်မယ်၊ မိမိကိုယ်ကို တန်ဖိုးမြှင့်တင်တတ်လာပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝတစ်ခုကို တည်ဆောက်လာနိုင်ပါလိမ့်မယ်။
စာအုပ်ထဲမှာပါဝင်တဲ့ စာမြည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ငြင်းသင့်ရင် ငြင်းပါ
သဘောကျတဲ့စကားလေးတစ်ခွန်းရှိတယ်။ “သဘောကောင်းဖို့ မလိုဘူး။ စိတ်ထားကောင်းဖို့ပဲ လိုပါတယ်” တဲ့။
ဒါကြောင့် နေ့စဉ်ဘဝမှာ ငြင်းသင့်တာတွေ၊ ကိုယ်မလုပ်ပေးနိုင်တာတွေကို ပြတ်ပြတ်သားသားပဲ ငြင်းလိုက်ပါ။ အားနာတတ်တဲ့စိတ်၊ ကိုယ့်ကိုသဘောမကောင်းတဲ့လူလို့ အမြင်ခံရမှာ စိုးရွံ့တဲ့စိတ်တွေကြောင့် အကူအညီ တောင်းခံလာတာတွေကို မငြင်းဘဲနေလိုက်မယ်ဆိုရင် ရလဒ်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးသွားရမယ်။ ကိုယ်က လုပ်ပေးလိုက်တဲ့ကိစ္စတွေက မသေသပ် မလှပတော့ပါဘူး။ ဒါကြောင့် တစ်ဖက်သားရဲ့ကျေးဇူးအတင်ခံရမယ့်အစား အပြစ်တင်တာတောင်ခံရနိုင်ပါတယ်။
လူတိုင်းရဲ့ကိစ္စတွေကို အမြဲကူညီပေးနေဖို့ ကိုယ့်မှာ တာဝန်မရှိပါဘူး။ ငြင်းသင့်တာကိုငြင်းရပါမယ်။ အမြဲသဘောကောင်းပေးနေဖို့မလိုပါဘူး။ စိတ်ထားကောင်းအောင်ပဲကြိုးစားဖို့လိုပါတယ်။

ရင့်ကျက်ခြင်း
လူတိုင်းမှာ ဒေါသတွေ ရှိပါတယ်။ အဲဒီဒေါသတွေကို လူတွေ မြင် အောင် ထုတ်မပြတာကလည်း ရင့်ကျက်ခြင်းတစ်မျိုးပါပဲ။ လူတိုင်း မှာ ခံစားချက်တွေ ရှိပါတယ်။ ခံစားရတာတွေကို မျက်နှာမှာ မပေါ်လွင် အောင် ထိန်းချုပ်နိုင်တာကလည်း ရင့်ကျက်ခြင်းတစ်မျိုးပါပဲ။ တစ်ခါတလေ ဝမ်းနည်းမှုတွေ ကြုံလာခဲ့ချိန် လူတိုင်းကို လိုက်ဖွင့်မပြတာကလည်း သူ့ ရဲ့ ရင့်ကျက်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရင့်ကျက်ခြင်းတွေ ရဖို့အတွက် အမှားတွေကိုလည်း အများကြီးပြင်ဆင်ခဲ့ရမယ်။ ကိုယ့်စိတ်လေးကို ထိန်း ချုပ်နိုင်အောင် လေ့ကျင့်ခဲ့ရတာတွေ ရှိနေနိုင်ပါတယ်။
လူတစ်ယောက်ရင့်ကျက်လာတဲ့အခါ ဒေါသဖြစ်ပေမယ့် မပေါက်ကွဲ အောင် ထိန်းတတ်လာတယ်။ ဝမ်းနည်းပေမယ့် မျက်ရည်မကျအောင် ထိန်း တတ်လာတယ်။ မယုံပေမယ့် တစ်ဖက်သားစကားကို နားထောင်ပေးတတ် လာတယ်။ စိတ်မပါတဲ့အခါမှာလည်း ဝတ္တရားရှိတာကို တာဝန်ကျေပွန် အောင် ဆောင်ရွက်တတ်လာတယ်။ ပြောချင်ပေမယ့် အချိန်အခါ ကြည့်ပြီး မှ ပြောတတ်လာတယ်။ အစွပ်စွဲခံရတဲ့အခါ အပြုံးမပျက် ဖြေရှင်းတတ် လာတယ်။ ဒါကြောင့် ရင့်ကျက်မှုတွေကို ပိုင်ဆိုင်လိုရင် ဘဝအတွေ့အကြုံ တွေကို ရဲရဲရင်ဆိုင်ပါလို့ အကြံပြုချင်ပါတယ်။
bet888livefootball says:
If you are into football betting, bet888livefootball is a good place to check out. They have lots of live games and decent odds. Try bet888livefootball if you are a football fan!
Rejestracja na Binance US says:
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
Jacobvet says:
Специалисты рекомендуют выбирать надежные сервера хрумер обеспечивающие высокую производительность.
https___ja_wnmi says:
Sprawdz poradnik kamera fpv do drona jesli szukasz najlepszych wskazowek przy wyborze kamery FPV na start. Przeprowadzenie porownan i zapoznanie sie z recenzjami pomaga wybrac najlepszy model.
Создание учетной записи в binance says:
Thanks for sharing. I read many of your blog posts, cool, your blog is very good.
binance says:
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Create a free account says:
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
binance Registrera says:
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.info/en-ZA/register?ref=B4EPR6J0
"oppna binance-konto says:
Your point of view caught my eye and was very interesting. Thanks. I have a question for you.