ချစ်ရတာ မတန်လိုက်တာ မောင်ရယ်
လူတိုင်းသည် အချစ်နှင့် ကင်းကြသူများမဟုတ်။ တချို့က ပြောကြသည်။ “တစ်ထောင့်ငါးရာအချစ်နဲ့ချစ်တာလား… ငါးရာနှစ်ဆယ့်ရှစ်အချစ်နဲ့ ချစ်တာလား” တဲ့။ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာသည် အေးမြ၏။ သာယာပျော်ရွှင်ဖွယ်ကောင်း၏။ ကြည်နူးစရာကောင်း၏။ သို့သော် တစ်ထောင့်ငါးရာအချစ်စစ်ခဲ့ပါလျှင် ငါးရာနှစ်ဆယ့်ရှစ်အချစ် လိုက်မမီတော့ပါ။ ဤနေရာတွင် အချစ်စစ်အချစ်မှန်နှင့် မတွေ့ဘဲ အချစ်တု၊ သံယောဇဉ်အတုများနှင့် ကြုံတွေ့လာရသောအခါ ခံစားရမည့်သူမှာ ပိုချစ်ရသည့်သူပါ။ …..