7 Nights In Yangon

ဒီဝတ္ထုစာအုပ်လေးဟာ ကျွန်တော် လိုင်းပေါ်မှာ ရေးတင်ခဲ့တဲ့ “ဆဲဗင်းနိုက်အင် ရန်ကုန်” ဆိုတဲ့ အပိုင်းဆက် ဝတ္ထုလေးကို လုံးချင်းဝတ္ထုစာအုပ် ပြန်ထုတ်ထားတာပါ။

ကချင်ပြည်နယ်သားတစ်ယောက် ရန်ကုန်မှာ ခုနစ်ရက် နေခဲ့တဲ့ကာလအတွင်း ကြုံရတာလေးကို ရေးထားတာပါ။

အချစ်ဝတ္ထုမဟုတ်သလို ဒေသန္တရ ဗဟုသုတ စာအုပ်လဲ မဟုတ်ပါဘူး။

ရန်ကုန်က ကေတီဗွီတစ်ခုမှာ တစ်ယောက်တည်း သီချင်းသွားဆိုရင်း ကေတီဗွီမှာ ဆုံခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရေးထားတာပါ။

         "ကေတီဗွီက ကောင်မလေးတွေ ပုံပြောကောင်းတယ်" တဲ့။ ကျွန်တော့်ကို သူ့အကြောင်းပြောပြတဲ့ ကေတီဗွီက မိန်းကလေးဟာ ပုံပြောတာလား၊ တကယ်လား ဆိုတာ လိုက်လေ့လာရင်း သိခဲ့ရတဲ့ သူ့ဘဝဇာတ်ကြောင်းလေး။ သူနဲ့ တွေ့ဆုံ နေခဲ့ရပုံလေးတွေကို ရေးထားတာပါ။ 

“သူ ဘာကြောင့် ဒီအလုပ် လုပ်နေရတာလဲ၊ ပေါက်ပင် ဘာကြောင့် ကိုင်းရတာလဲ”

         အိမ်ထောင်သည်ဘဝ ရောက်လာမယ့် လူငယ် မိန်းကလေး၊ ယောက်ျားလေးတွေ၊အိမ်ထောင်သည်ဘဝ ရောက်နေတဲ့ ဖခင်တွေ၊ မိခင်တွေနဲ့ ဘဝကို ကြိုးစားတည်ဆောက်နေကြတဲ့ လူငယ်မောင်မယ်တွေ ဘဝလှပရေး မမှားစေရေးအတွက် ဖတ်သင့်လှတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

24 thoughts on “7 Nights In Yangon

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>