Month: January 2024

ပန်းကြွေတစ်ခက် မြေမသက်မီ

ဝတ္ထု၏ပင်မဇာတ်ကောင်မှာ ဆေးရုံတစ်ရုံရှိ ကြည်ကြည်ဆိုသည့် သာမန်သန့်ရှင်းရေးဝန်ထမ်း အမျိူးသမီးကလေး ဖြစ်သည်။ သာမန်သန့်ရှင်းရေးဝန်ထမ်းဖြစ်သော ကြည်ကြည်၏ မြင့်မြတ်သော၊ ရဲရင့်သော၊ လူသားဆန်သော၊ သူရဲကောင်းဆန်သော စွမ်းဆောင်မှုအကြောင်းများ ဖြစ်လေသည်။ ဝတ္ထု၏ကြောရိုးမှာ ဆေးရုံ လာတက်သော မောက်မာရက်စက်သည့် ဂုဏ်ကြီးရှင် ပညာတတ်အမျိူးသမီးတစ်ဦး၏ ညှင်းပန်းနှိပ်စက်မှုကို အရွယ်နှင့်မလိုက်အောင် ခံစားနေရရှာသည့် ၁၃ နှစ်အရွယ် အိမ်ဖော်မလေးတစ်ဦးအား အမှောင်ထု ငရဲခန်းမှ လွတ်မြောက်အောင် ကြည်ကြည် ဦးဆောင်သည့် အောက်ခြေ သန့်ရှင်းရေးဝန်ထမ်း အမျိူးသမီးတစ်စုတို့က ခက်ခက်ခဲခဲ ကယ်ထုတ်ပုံကို လှပသေသပ်စွာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဤ၀တ္ထု၏ ဇာတ်ကောင်ဖြစ်သူ ကြည်ကြည်သည် မိုးကောင်းကင်ပေါ်က လူတန်းစားမဟုတ်။ တွေဝေသူ ပညာတတ်မဟုတ်။ ရေပေါ်ဆီ လူ့မလိုင်မဟုတ်။ ရာထူးဂုဏ်သိန်ရှိသူမဟုတ်။ သာမန် အောက်ခြေလူတန်းစားသာဖြစ်သည်။ သို့သော် ကြည်ကြည်သည် မိုးကောင်းကင်ပေါ်က လူတန်းစားများ၊ တွေဝေသူပညာတတ်လူတန်းစားများ၊ […]

စိတ်အကြည်ဓာတ် ရရှိပါစေ…

ဆုပ်ကိုင်ခြင်းနှင့် စွန့်လွှတ်ခြင်းဆိုတဲ့ ဒီနှစ်ခုဟာ balance မျှရမယ်။ ဆုပ်ကိုင်ရမယ့်အရာတွေကို သိရှိပြီး မဖြစ်မနေ စွန့်လွှတ်ရမယ့်အရာတွေကိုလည်း သိရမယ်။ တကယ်တမ်း ကိုယ်တွေရင်ထဲမှာ အကြည်ဓာတ်လေးက ကိန်းအောင်းနေပြီးသားပါ။ အကြည်ဓာတ်လေးရှိမှ နေ့ရက်တိုင်းကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ ကိုယ့်အကြည်ဓာတ်ကို မပျောက်သွားအောင် ကိုယ့်ဘက်က ကာကွယ်တတ်ရတယ်။ Inner Peace လို့လည်း တင်စားချင်ပါတယ်။ စိတ်ကလေး မောပန်းနွမ်းလျတဲ့အခါ အခုစာအုပ်လေးက မိတ်ဆွေရဲ့မျက်နှာကို ပြုံးရယ်လာအောင် ပြုလုပ်ပေးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။​ လူက အရွယ်ရောက်လာတဲ့အခါ အထီးကျန်ချိန် တိုးလာတယ်။သို့သော်လည်း အဲဒီအထီးကျန်ခြင်းကို ကျော်ဖြတ်သွားနိုင်တဲ့အခါ ဘဝဟာ နေချင်စဖွယ် ဖြစ်သွားတယ်။ အပိုဆုအနေနဲ့ ကိုယ့်အထီးကျန်ခြင်းကို မျှဝေခံစားပေးနိုင်တဲ့ လူမျိုးကို ရှာတွေ့သွားရင်တော့ ဘဝဟာ ပိုနေချင်စဖွယ် ကောင်းလာပါတော့တယ်။

လက်ပံပွင့်ချိန်

ဟာသဝတ္ထုတို ၂၄ ပုဒ်လုံးသည် ဘဝအတွေ့အကြုံများကို ဇာတ်လမ်းပြု ရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။ ဝတ္ထုခေါင်းစဉ်လေးများ၏ ဆွဲဆောင်မှုတို့သည်လည်း ပြုံးခြင်းရယ်ခြင်းမှ ဟဿရသပန်းတိုင်ရောက်အောင် ဆွဲဆောင်နိုင်သည်ဟု ဆိုချင်ပါသည်။ဝတ္ထုများတွင် ရိုးလွန်းအလွန်း သူ ‘ငသောင်း’၊ အထင်နှင့်အမြင် လုံးလုံးလွဲသွားစေသည့် ‘လှံမင်း သား ကံတင်’၊ လက်နက်ချမရသော ‘ကဆစ်’၊ ‘လူဝစ်သောက် ကိုဖိုးပြား’၊ ‘လူစွမ်းကောင်း စံတင်ဩ၊ ‘နွားများပိုင်ရှင် ကိုသာမြတ်’၊ ‘ကဗျာသင်သူ ဥူးဘသင်’၊ အရွဲ့တိုက်ဘဲ့တိုက် နောက်ပြောင်ပြီး သေသည်အထိ သင်္ချိုင်းမှားရသော ‘ဆရာသန်းထွန်းလင်း’ စသည်တို့ အကြောင်းများသည် ဖတ်၍ မကုန်၊ ပြော၍ မဆုံး၊ ပြုံး၍ မနိုင်၊ ရယ်၍ မပြီးနိုင်သော ဟာသဝတ္ထုများအဖြစ် ဖတ်ရှုခံစားရမည်မှာ အသေအချာပင်။မည်သို့ပင်ဆိုစေ၊ ဝတ္ထုရေးဆရာတို့တွင် ဇာတ်လမ်း၊ ဇာတ်ဆောင် ရှိစေဦး ဟာသဉာဏ်ရှိမှသာ […]

နေ့ရက်တိုင်း ပျော်ပါစေ

တချိူ့က “မိုးရာသီမှာ မိုးရွာတာ မဆန်းပါဘူး”လို့ သဘောထားတတ်တယ်။ တချို့ကတော့ “ဒီမိုးကလည်း ထီးမပါမှ ရွာပြန်ပြီရယ်”လို့ ညည်းညူတတ်တယ်။ ဒါတွေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အတွေးနဲ့ ရှုးမြင်ပုံပါပဲ။ သူ့စိတ်နဲ့ သူ၊ သူ့အခြေအနေနဲ့ သူပါပဲ။ လူသားတိုင်း လောကဓံနဲ့ မကင်းကြသလို လူကိုလူချင်း ကွဲပြားစေတာကလည်း သူတို့ ဘဝကို သူတို့ ဘယ်လို ပဲ့ကိုင်မောင်းနှင်နေသလဲဆိုတဲ့ Mindset တွေနဲ့ Habit တွေပါပဲ။ ကိုယ့်စိတ်ဓာတ်၊ ခံယူချက်နဲ့ အလေ့အကျင့်တွေပေါ် မူတည်ပြီး ကိုယ့်Brand တွေရဲ့တန်ဖိုးဟာ ကွာခြားလာကြရပါတယ်။ ဒီစာအုပ်လေးမှာ… ဘယ်လို Attitude (စိတ်နေ‌စိတ်ထား)နဲ့ လက်ခံကြမလဲ၊ ရင်ဆိုင်ကျော်လွှားကြမလဲ ဆိုတာတွေ… အောင်မြင်ပျော်ရွှင် အေးချမ်းတဲ့ Smart Life လေး ပိုင်ဆိုင်နိုင်အောင် ကိုယ့်စိတ်နဲ့ ကိုယ်ကို […]

ကျွန်မ… အိမ်ရှင်မ

#အိမ်ရှင်မဆိုတာ မှီခိုမဟုတ်ပါဘူး။ လူနေမှုပတ်ဝန်းကျင်မှာ ကျွန်မတို့အိမ်ရှင်မတွေကို မှီခိုဆိုပြီး သတ်မှတ်ကြတယ်။ တကယ်မှီခိုနေတာ မဟုတ်တဲ့အတွက် ဒီအသုံးမျိုး က အိမ်ရှင်မတွေကို သေးနုပ်စေတယ်။ အိမ်ရှင်မဆိုတာ အိမ်တစ်အိမ်ကို ရှင်သန်အသက်ဝင်အောင်၊ ပျော်ရွှင်အောင်၊ ချစ်ခြင်းမေတ္တာတွေနဲ့ မွမ်းမံခြယ်သထားတဲ့ အနုပညာဖန်ဆင်းရှင်တွေပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ် ဖန်တီးရှင်လို့ တွေးလိုက်ပြီဆိုတာနဲ့… မိမိရဲ့လုပ်နိုင်စွမ်းအားတွေ၊စိတ်ခွန်အားတွေ၊ဖန်တီးနိုင်မှုတွေက ပိုမိုမြင့်မားလာပါတယ်။ ကိုယ်တိုင်သိမြင်ဖို့လည်း လိုပါတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို သိမြင်အောင်ချပြဖို့လည်း လိုပါတယ်။ မိမိရဲ့အောင်မြင်မှုကနေတစ်ဆင့် ကိုယ့်ရဲ့ခင်ပွန်း၊ ကိုယ့်ရဲ့သားသမီးတွေကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ထောက်ပံ့ပေးနေတဲ့ ကန့်လန့်ကာနောက်ကွယ်က သူရဲကောင်းတွေဟာ ‘အိမ်ရှင်မ’ တွေပါပဲ။

အိမ်အပြန် မျက်နှာပန်းလှပါစေ

ဒီစာအုပ်လေးဟာ အနယ်နယ်အရပ်ရပ်ကနေ… ကိုယ့်မြေ၊ကိုယ့်ရေ၊ကိုယ့်ဒေသတွေကို ရဲရဲဝံ့ဝံ့ စွန့်ခွာကြပြီး ကိုယ်နဲ့ အကျွမ်းတဝင်မရှိတဲ့ မြို့ကြီးတွေပေါ်တက်၊ ရေခြားမြေခြားပြည်ပနိုင်ငံခြားကို ထွက်ခွာနေကြတဲ့ လူငယ်တွေ၊ တစ်နည်းအားဖြင့် စွန့်စွန့်စားစား သွားရောက် လုပ်ကိုင်စားသောက်နေထိုင် ရပ်တည်ပြီး အသက်ရှင်နေကြတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပါတယ်။ အားလုံးကို အိမ်အပြန်မျက်နှာပန်းလှပဖို့ရည် ရွယ်ကာ ရေးထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ ရေခြားမြေခြား ပြည်ပနိုင်ငံကို မဟာစွန့်စားခန်းတွေ ဖွင့်ပြီးမှတော့ အိမ်အပြန် မျက်နှာပန်းမလှခဲ့ရင် လူပြောစရာ၊ လှောင်ရယ်စရာ ကဲ့ရဲ့စရာဖြစ်ပြီးတော့ သေချင်တဲ့ကျားတွေ တောပြောင်းသွားကြတဲ့ စကားပုံအတိုင်း ဖြစ်နေကြပါလိမ့်မယ်။ ဒါကြောင့်…ရည်မှန်းချက်တွေ ကြီးကြီးထား၊အချိန်နဲ့ လုပ်အားကို တန်ဖိုးထားပြီးအိမ်အပြန် မျက်နှာပန်းလှအောင် ကြိုးစားကြပါလို့ ဒီစာအုပ်လေးနဲ့ပဲ တွန်းအားပေးလိုပါတယ်။ လူငယ်တွေ အားလုံး အိမ်အပြန်မှာ မျက်နှာပန်းလှကြပါစေ…